Thursday 15 May 2014

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ

Photo: တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ
Thursday, May 15, 2014

ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်း ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ်မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှု စတင်ဖြစ်ပွားသည့် အချိန်တွင် ကျောက်မီးသွေးတွင်း အတွင်း၌ လူ ၇၈၇ ဦး ရှိနေခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အချိန်တိုအတွင်း အလျင်အမြန် မြင့်တက်လာခဲ့ကာ တူရကီ အစိုးရကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်မလုံလောက်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားထားသဖြင့် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသေးသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အခြေအနေတွင် ကျရောက်လျက် ရှိသည်။

တာဝန်ရှိသူများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့သော်လည်း လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ ဖြစ်ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများထဲမှ ၈၀ ခန့်မှာ ဒဏ်ရာရရှိထားကာ ၎င်းတို့ထဲမှ လေးဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

“သေဆုံးသူ အရေအတွက် ထပ်ပြီး မြင့်တက်လာမှာကို ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ သူတွေထဲမှာ ဒဏ်ရာရထားတဲ့သူတွေ ပါနေလို့ပါ” လို့ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွားသော ကျောက်မီးသွေးတွင်းမှာ ဆိုမာကိုမာဟု အမည်ရသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် မိုင်းတွင်းဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်မီးသွေးတွင်း လုပ်သားများ၏ မိသားစုဝင် များစွာသည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းအနီးတွင် စုဝေးပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများကို စောင့်ဆိုင်းလျက် ရှိသည်။

“ကျွန်မသားကို နေ့ခင်းကတည်းက စောင့်နေတာပါ။ ခုချိန်ထိ သူ့အကြောင်း ဘာမှ မကြားရသေးပါဘူး” ဟု ကျောက်မီးသွေးတွင်း လုပ်သားတစ်ဦး၏ မိခင်ဖြစ်သူ ဆီနာအစ္စဘယ်လာက ပြောကြားသည်။

ပျောက်ဆုံးနေသေးသော မိုင်းလုပ်သားများ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ အာရမ်အန်ဇာကလည်း သူ့အနေနှင့် ယခင်ကလည်း လုပ်ငန်းခွင် အန္တရာယ်ကြောင့် သူငယ်ချင်းများ ဆုံးရှုံးခဲ့ရဖူးသော်လည်း ယခုလောက် ကြီးမားသည့် ဆုံးရှုံးမှုမျိုးနှင့် တစ်ခါမျှ ရင်မဆိုင်ဖူးကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မီးသတ်အရာရှိများသည် မြေအောက် နှစ်မိုင်ခန့်တွင် ပိတ်မိနေသူများနှင့် ကျောက်မီးသွေးတွင်း ဝင်ပေါက်မှ လေးမိုင်ခန့်တွင် ပိတ်မိနေသူများထံ လေကောင်းလေသန့်များ ပို့လွှတ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆိုမာကိုမာ ကုမ္ပဏီကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းမှာ လုံခြုံရေး အစီအမံများ အမြင့်ဆုံးအဆင့် ဆောင်ရွက်ထားသော မိုင်းတွင်းဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ လုပ်သားအချို့ဟာ ဒီကြေကွဲစရာ မတော်တဆ ဖြစ်ရပ်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လုံခြုံရေး အစီအမံတွေနဲ့ စစ်ဆေးမှုတွေ အမြင့်ဆုံး လုပ်ဆောင်နေတဲ့ကြားက အခုလို မတော်တဆမှု ဖြစ်သွားခဲ့ရတာပါ။ ဒါပေမဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို ကျွန်တော်တို့ အချိန်မဆိုင်းဘဲ လုပ်ဆောင်ခဲ့ပါတယ်” ဟုလည်း အဆိုပါ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

သို့ရာတွင် အလုပ်သမားနှင့် လူမှုလုံခြုံရေး ဝန်ကြီးကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းကို မတ်လ ၁၇ ရက်နေ့က စစ်ဆေးပြီးနောက်ပိုင်း ထပ်မံ စစ်ဆေးထားခြင်း မရှိကြောင်းနှင့် လုံခြုံရေး အစီအမံများမှာလည်း ပေါ့လျော့လွန်းကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မိုင်းလုပ်သားတစ်ဦး ဖြစ်သူ အုတ်ခ်တေးဘာရင်ကလည်း ထိုမိုင်းတွင်းတွင် အလုပ်သမားအတွက် မည်သည့် ဘေးကင်းလုံခြုံရေး အစီအမံမျှ လုပ်ဆောင်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။

တူရကီနိုင်ငံ၏ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲမှုမှာ ၁၉၉၂ ခုနှစ်က ဇွန်ဂူဒက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပြီး အလုပ်သမား ၂၇၆ ဦးခန့် သေဆုံးခဲ့သည်။

The Voice Weekly
ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်း ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု တွင် သေ ဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ် မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ပေါက်ကွဲမှု စတင်ဖြစ်ပွားသည့် အချိန်တွင် ကျောက်မီးသွေးတွင်း အတွင်း၌ လူ ၇၈၇ ဦး ရှိနေခဲ့ပြီး သေ ဆုံးသူ အရေအတွက်မှာ အချိန်တိုအတွင်း အလျင်အမြန် မြင့်တက်လာခဲ့ကာ တူရကီ အစိုးရကလည်း ကယ် ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်မလုံလောက်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည် ဟု ပြောကြားထားသဖြင့် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသေးသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အခြေအနေတွင် ကျရောက်လျက် ရှိသည်။

တာဝန်ရှိသူများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့သော်လည်း လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ ဖြစ်ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများထဲမှ ၈၀ ခန့်မှာ ဒဏ်ရာရရှိထားကာ ၎င်းတို့ ထဲမှ လေးဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ် က ပြောကြား သည်။

“သေဆုံးသူ အရေအတွက် ထပ်ပြီး မြင့်တက်လာမှာကို ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ သူတွေထဲမှာ ဒဏ်ရာရထားတဲ့သူတွေ ပါနေလို့ပါ” လို့ စွမ်း အင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွားသော ကျောက်မီးသွေးတွင်းမှာ ဆိုမာကိုမာဟု အမည်ရသည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်သည့် မိုင်းတွင်းဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်မီးသွေးတွင်း လုပ်သားများ၏ မိသားစုဝင် များစွာသည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းအနီး တွင် စုဝေးပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများကို စောင့်ဆိုင်းလျက် ရှိသည်။

“ကျွန်မသားကို နေ့ခင်းကတည်းက စောင့်နေတာပါ။ ခုချိန်ထိ သူ့အကြောင်း ဘာမှ မကြားရသေးပါဘူး” ဟု ကျောက်မီးသွေးတွင်း လုပ်သားတစ်ဦး၏ မိခင်ဖြစ်သူ ဆီနာအစ္စဘယ်လာက ပြောကြားသည်။

ပျောက်ဆုံးနေသေးသော မိုင်းလုပ်သားများ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ အာရမ်အန်ဇာကလည်း သူ့ အနေနှ င့် ယခင် ကလည်း လုပ်ငန်းခွင် အန္တရာယ်ကြောင့် သူငယ်ချင်းများ ဆုံးရှုံးခဲ့ရဖူးသော်လည်း ယခုလော က် ကြီးမား သည့် ဆုံးရှုံးမှုမျိုးနှင့် တစ်ခါမျှ ရင်မဆိုင်ဖူးကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မီးသတ်အရာရှိများသည် မြေအောက် နှစ်မိုင်ခန့်တွင် ပိတ်မိနေသူများနှင့် ကျောက် မီးသွေးတွင်း ဝင်ပေါက်မှ လေးမိုင်ခန့်တွင် ပိတ်မိနေသူများထံ လေကောင်းလေသန့်များ ပို့လွှတ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆိုမာကိုမာ ကုမ္ပဏီကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းမှာ လုံခြုံရေး အစီအမံများ အမြင့် ဆုံးအဆင့် ဆောင်ရွက်ထားသော မိုင်းတွင်းဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ လုပ်သားအချို့ဟာ ဒီကြေကွဲစရာ မတော်တဆ ဖြစ်ရပ်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လုံခြုံရေး အစီအမံတွေနဲ့ စစ်ဆေးမှုတွေ အမြင့်ဆုံး လုပ်ဆောင်နေတဲ့ကြားက အခုလို မတော်တဆမှု ဖြစ်သွားခဲ့ရတာပါ။ ဒါပေမဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို ကျွန်တော်တို့ အချိန်မဆိုင်းဘဲ လုပ်ဆောင်ခဲ့ပါတယ်” ဟုလည်း အဆိုပါ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

သို့ရာတွင် အလုပ်သမားနှင့် လူမှုလုံခြုံရေး ဝန်ကြီးကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းကို မတ်လ ၁၇ ရက်နေ့က စစ်ဆေးပြီးနောက်ပိုင်း ထပ်မံ စစ်ဆေးထားခြင်း မရှိကြောင်းနှင့် လုံခြုံရေး အစီအမံများမှာ လည်း ပေါ့လျော့လွန်းကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မိုင်းလုပ်သားတစ်ဦး ဖြစ်သူ အုတ်ခ်တေးဘာရင်ကလည်း ထိုမိုင်းတွင်းတွင် အလုပ်သမားအတွက် မည်သည့် ဘေးကင်းလုံခြုံရေး အစီအမံမျှ လုပ်ဆောင်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။

တူရကီနိုင်ငံ၏ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲမှုမှာ ၁၉၉၂ ခုနှစ်က ဇွန်ဂူဒက်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပြီး အလုပ်သမား ၂၇၆ ဦးခန့် သေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment