Thursday 15 May 2014

ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ

Photo: ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ
Thursday, May 15, 2014

 ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ ဆိုးလ်အနီးရှိ တောတောင်ထူထပ်ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု

မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ၏ ကျူးကျော်မှုကို တောင်ကိုရီးယား ရှုတ်ချပြစ်တင်နေသည့် အတောအတွင်းမှာပင် နောက်ထပ် လေယာဉ်ငယ် တစ်စင်းကို ဆိုးလ်မြို့တော်အနီး၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုးလ်အနီးရှိ တောတောင်ထူထပ်ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ မတ်လနှင့် ဧပြီလတို့ အတွင်းကလည်း မြောက်ကိုရီးယားထံမှ လွှတ်တင်လိုက်သည်ဟု ယူဆရသည့် အလားတူ မောင်းသူမဲ့ လေယာဉ်လေးများကို သိမ်းဆည်းရမိခဲ့သည်။ အပျော်တမ်း တောလမ်းခရီး လမ်းလျှောက်ထွက်သူ တစ်ဦးက ယင်းယာဉ်ငယ်ကို တွေ့ရှိကာ ရဲများထံ သတင်းပေးခဲ့ပြီး စစ်တပ်က သွားရောက် သိမ်းယူခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းကို စစ်ဆေးနေဆဲဖြစ်ပြီး ယခင်သိမ်းဆည်းရမိသည့် မောင်းသူမဲ့ လေယာဉ်ငယ်များနျင့် အရောင်အသွေး တူညီကြောင်း ပြောကြားထားသည်။ တောင်ကိုရီးယား ထောက်လှမ်းရေးများ၏ အဆိုအရ ယင်းလေယာဉ်ငယ်လေးများတွင် ဒီဂျစ်တယ် ကင်မရာများ တပ်ဆင်ထားပြီး စစ်မဲ့ဇုန်အနီးရှိ တောင်ကိုရီးယား စစ်စခန်းများကို ဝေဟင်မှ မှတ်တမ်းယူ ဓာတ်ပုံရိုက်ရန် လွှတ်တင်လိုက်ခြင်းဟု ယူဆရကြောင်း သိရှိရသည်။ ထို့အပြင် တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီး နေထိုင်ရာ အိမ်ပြာတော်နှင့် အခြားသော အစိုးရရုံးများကို ထောက်လှမ်းရန်လည်း ယင်းယာဉ်ငယ်များကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ယုံကြည်ထားသည်။

 Planet Myanmar Network
ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ ဆိုးလ်အနီးရှိ တောတောင်ထူ ထပ် ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင် ခဲ့ကြော င်း တောင် ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု
မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ၏ ကျူးကျော်မှုကို တောင်ကိုရီးယား ရှုတ်ချပြစ်တင်နေသည့် အတော အတွင်းမှာပင် နောက်ထပ် လေယာဉ်ငယ် တစ်စင်းကို ဆိုးလ်မြို့တော်အနီး၌ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

 ဆိုးလ်အနီးရှိ တောတောင်ထူထပ်ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ မတ်လနှင့် ဧပြီလတို့ အတွင်းကလည်း မြောက်ကိုရီးယားထံမှ လွှတ်တင်လိုက်သည်ဟု ယူဆရသည့် အလား တူ မောင်းသူမဲ့ လေယာဉ်လေးများကို သိမ်းဆည်းရမိခဲ့သည်။ အပျော်တမ်း တောလမ်းခရီး လမ်းလျှောက် ထွက်သူ တစ်ဦးက ယင်းယာဉ်ငယ်ကို တွေ့ရှိကာ ရဲများထံ သတင်းပေးခဲ့ပြီး စစ်တပ်က သွားရောက် သိမ်းယူ ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းကို စစ်ဆေးနေဆဲဖြစ်ပြီး ယခင်သိမ်းဆည်းရမိ သည့် မောင်း သူမဲ့ လေယာဉ်ငယ်များနျင့် အရောင်အသွေး တူညီကြောင်း ပြောကြားထား သည်။ တောင် ကိုရီးယား ထောက်လှမ်းရေးများ၏ အဆိုအရ ယင်းလေယာဉ်ငယ်လေးများတွင် ဒီဂျစ်တယ် ကင်မရာများ တပ်ဆင် ထားပြီး စစ်မဲ့ဇုန်အနီးရှိ တောင်ကိုရီးယား စစ်စခန်းများကို ဝေဟင်မှ မှတ်တမ်းယူ ဓာတ်ပုံရိုက်ရန် လွှတ်တင်လိုက်ခြင်းဟု ယူဆရကြောင်း သိရှိရသည်။ ထို့အပြင် တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီး နေ ထိုင် ရာ အိမ်ပြာတော်နှင့် အခြားသော အစိုးရရုံးများကို ထောက်လှမ်းရန်လည်း ယင်းယာဉ်ငယ်များကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ယုံကြည်ထားသည်။

 Planet Myanmar Network

No comments:

Post a Comment