Thursday 15 May 2014

နစ်မြုပ်သွားသော ကူးတို့ယာဉ်ကို စွန့်ခွာခြင်းမှာ အမိန့်ပေးချက် အရ ဖြစ်ကြောင်း ကူးတို့ယာဉ် အမှုထမ်း တစ်ဦး ပြောကြား

Photo: နစ်မြုပ်သွားသော ကူးတို့ယာဉ်ကို စွန့်ခွာခြင်းမှာ အမိန့်ပေးချက်အရ ဖြစ်ကြောင်း ကူးတို့ယာဉ် အမှုထမ်း တစ်ဦး ပြောကြား

ဆိုးလ်  မေ  ၁၄

တောင်ကိုရီးယား နိုင်ငံတွင် လွန်ခဲ့သည့် လအတွင်းက နစ်မြုပ်ခဲ့သော ကူးတို့ယာဉ်ပေါ်တွင် လိုက်ပါ လာသော အမှုထမ်းများသည်

အမိန့်ပေးချက် အရ အဆိုပါ ကူးတို့ယာဉ်မှ စွန့်ခွာခဲ့ခြင်း ဖြစ်ကြောင်း ၎င်း ကူးတို့ယာဉ်မှ အမှုထမ်း တစ်ဦးက မေ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

Sewol အမည်ရှိ အဆိုပါ ကူးတို့ယာဉ်သည် တန် ၇ဝဝဝ နီးပါး အလေးချိန်ရှိပြီး ဆိုးလ်မြို့အနီးရှိ အင်ချွန်း ဆိပ်ကမ်းမှ တောင်ဘက် ဂျေဂျူးကျွန်းသို့ ထွက်ခွာစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နစ်မြုပ်ရ ခြင်းမှာ အမှုထမ်းများ၏ မှားယွင်းမှု သို့မဟုတ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ အမှုကို တိတိကျကျ သိရှိစေရန် အစိုးရက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည် ၃ဝဝ ကျော် လိုက်ပါသွားပြီး ၎င်းတို့အနက် အများစုမှာ ကျောင်းသားများနှင့် ဆရာများ ဖြစ်ကြောင်း၊ ကူးတို့ယာဉ် စတင် နစ်မြုပ်စဉ်တွင် ကလေးငယ်များကို အခန်းငယ်များ အတွင်း နေထိုင်ကြရန် အမှုထမ်းများက ပြောကြားခဲ့ကြောင်း အမည် မဖော်လိုသူ အမှုထမ်း တစ်ဦးက တရားရုံးမှ အပြန်လမ်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရသည်။
တောင်ကိုရီးယား နိုင်ငံတွင် လွန်ခဲ့သည့်လအတွင်းက နစ်မြုပ်ခဲ့သော ကူးတို့ယာဉ်ပေါ်တွင် လိုက်ပါ လာသော အမှုထမ်းများသည် အမိန့်ပေးချက်အရ အဆိုပါကူးတို့ယာဉ်မှ စွန့်ခွာခဲ့ခြင်း ဖြစ်ကြောင်း ၎င်း ကူးတို့ ယာဉ်မှ အမှုထမ်း တစ်ဦးက မေ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
Sewol အမည်ရှိ အဆိုပါ ကူးတို့ယာဉ်သည် တန် ၇ဝဝဝ နီးပါး အလေးချိန်ရှိပြီး ဆိုးလ်မြို့အနီးရှိ အင်ချွန်း ဆိပ်ကမ်းမှ တောင် ဘက် ဂျေဂျူးကျွန်းသို့ ထွက်ခွာစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နစ်မြုပ်ရ ခြင်း မှာ အမှုထမ်းများ၏ မှားယွင်းမှု သို့မဟုတ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါအမှုကို တိတိကျကျသိရှိစေရန် အစိုးရကစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည် ၃ဝဝ ကျော် လိုက်ပါသွားပြီး ၎င်းတို့အနက် အများစုမှာ ကျောင်းသား များနှင့် ဆရာများ ဖြစ်ကြောင်း၊ ကူးတို့ယာဉ် စတင် နစ်မြုပ်စဉ်တွင် ကလေးငယ်များကို အခန်းငယ်များ အတွင်း နေထိုင်ကြရန် အမှုထမ်းများက ပြောကြားခဲ့ကြောင်း အမည် မဖော်လိုသူ အမှုထမ်း တစ်ဦးက တရားရုံးမှ အပြန်လမ်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment