Thursday 15 May 2014

လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်မည်

Photo: လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်မည်
Thursday, May 15, 2014

ဖိလစ်ပိုင်နိုင်ငံမှ FASTLINK  AVIATION TRAINING SCHOOL လေ ယာဉ်မောင်းသင်တန်းနှင့် SKYRARD (Myanmar) တို့မှ တရားဝင်ပူးပေါင်း ကာ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation English) နှင့် မြေပြင်သင်တန်းအတွက် အကြိုဘာသာရပ် (Ground School bridfing) ကို စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်းသင်တန်း ကာလမှာ ၁၃ လကြာမြင့်မည် ဖြစ်သည်။ လက်တွေ့ပျံသန်းမှုနှင့် မြေပြင် သင်တန်းများကိုလည်း ဖိလစ်ပိုင်နိုင်ငံရှိ FASTLINK လေယာဉ်မောင်း သင်တန်းကျောင်းတွင် ဆက်လက်သင်ကြားရမည်ဖြစ်ပြီး သင်တန်းကို အသက် ၁၆ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး မည်သူမဆို၊ မျက်မှန် တပ်ဆင်သူ၊ မတပ်ဆင်သူ မည်သူမဆို တက်ရောက်နိုင်မည်ဟု သိရသည်။ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက PPL (ကိုယ်ပိုင်လေယာဉ်မောင်းလိုင်စင်)၊ CPL (ခရီးသည်တင် ယာဉ်မောင်းလိုင်စင်)၊ IR (ဒိုင်ခွက်ကြည့် ပျံသန်းခြင်း)၊ ME (အင်ဂျင်နှစ်လုံးတပ် လေယာဉ်ပျံသန်းခြင်း) များ တတ်မြောက်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပြီးလျင်လည်း ပျံသန်းချိန် နာရီ ၂၀၀ ရရှိ နိုင်မည်ဟု သိရသည်။
 
သင်တန်းကြေးမှာ မန္တလေးတွင် နေထိုင်စားသောက်စရိတ်၊ ဖိလစ်ပိုင်သို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဖိလစ်ပိုင်တွင် VISA သက်တမ်းတိုးခြင်းနှင့် နေထိုင်စားသောက်စရိတ်၊ စာရွက်စာတမ်း၊ လိုင်စင်၊ စာမေးပွဲစရိတ်များ၊ သင်တန်းနှင့် မိမိနေထိုင်ရာ အကြို အပို့ အစီအစဉ်များ အလုံးစုံပါဝင်ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း ငါးထောင်တိတိ ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။ အသေးစိတ် အချက်အလက်များကို (မန္တလေး) ဖုန်း ၀၉-၆၅၀၃၀၄၈၊ ၀၉-၄၂၈၀၃၃၀၆၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
 
Internet Journal
ဖိလစ်ပိုင်နိုင်ငံမှ FASTLINK  AVIATION TRAINING SCHOOL လေ ယာဉ်မောင်းသင်တန်းနှင့် SKYRARD (Myanmar) တို့မှ တရားဝင်ပူးပေါင်း ကာ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation English) နှင့် မြေပြင်သင်တန်းအတွက် အကြိုဘာသာရပ် (Ground School bridfing) ကို စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်းသင်တန်း ကာလမှာ ၁၃ လကြာမြင့် မည် ဖြစ်သည်။ လက်တွေ့ပျံသန်းမှုနှင့် မြေပြင် သင်တန်းများကိုလည်း ဖိလစ်ပိုင်နိုင်ငံရှိ FASTLINK လေ ယာဉ်မောင်း သင်တန်းကျောင်းတွင် ဆက်လက်သင်ကြားရမည်ဖြစ်ပြီး သင်တန်းကို အသက် ၁၆ နှစ်ပြည့်ပြီး သူ အမျိုးသား၊ အမျိုးသမီး မည်သူမဆို၊ မျက်မှန် တပ်ဆင်သူ၊ မတပ်ဆင်သူ မည်သူမဆို တက်ရောက်နိုင်မည်ဟု သိရသည်။ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက PPL (ကိုယ်ပိုင်လေ ယာဉ်မောင်း လိုင်စင်)၊ CPL (ခရီးသည်တင် ယာဉ်မောင်းလိုင်စင်)၊ IR (ဒိုင်ခွက်ကြည့် ပျံသန်းခြင်း)၊ ME (အင်ဂျင်နှစ်လုံးတပ် လေယာဉ်ပျံသန်းခြင်း) များ တတ်မြောက်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပြီးလျင်လည်း ပျံသန်းချိန် နာရီ ၂၀၀ ရရှိ နိုင်မည်ဟု သိရသည်။

သင်တန်းကြေးမှာ မန္တလေးတွင် နေထိုင်စားသောက်စရိတ်၊ ဖိလစ်ပိုင်သို့ အသွားအပြန် လေယာဉ် လက်မှတ်၊ ဖိလစ်ပိုင်တွင် VISA သက်တမ်းတိုးခြင်းနှင့် နေထိုင်စားသောက်စရိတ်၊ စာရွက်စာတမ်း၊ လိုင်စင်၊ စာမေးပွဲစရိတ်များ၊ သင်တန်းနှင့် မိမိနေထိုင်ရာ အကြိုအပို့အစီအစဉ်များ အလုံးစုံပါဝင်ပြီး အမေရိ ကန်ဒေါ်လာ ငါးသောင်း ငါးထောင်တိတိ ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။ အသေးစိတ် အချက်အလက် များကို (မန္တလေး) ဖုန်း ၀၉-၆၅၀၃၀၄၈၊ ၀၉-၄၂၈၀၃၃၀၆၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင် မည် ဖြစ်သည်။

Internet Journal

No comments:

Post a Comment