မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး
ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက
ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။
Saturday, 31 May 2014
ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ် မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်ေ နြ ခင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ ဆုံကာ ပြောကြား သည်။
နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်
နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။
Friday, 30 May 2014
ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ

စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒါပေ မယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေ မှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။
လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။
တရားရုံးရှေ့ ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး
အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင်
အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့
အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့
ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ။
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။
![]() |
ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီး |
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။
Thursday, 29 May 2014
တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ

ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။
မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ကွယ်လွန်

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို အငြင်းပွားဖွယ် ရယူခဲ့တဲ့ ဘီလီယံနာ မာလ်ကွန် ဂလေဇာဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အပူချိန်မြင့်တက်မှုကြောင့် ငါးအသေများ၍ ငါးဈေးတက်
မေလအတွင်း အပူချိန် မြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်အချို့တွင် ကန်ရေများ ခန်းခြောက်ပြီး ငါးများ သေဆုံး၍ ငါးတစ်ပိဿာလျှင် ဈေးနှုန်းကျပ်သုံးရာ ဝန်းကျင် မြင့်တက် လာကြောင်း ငါးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ပြည်ပခရီးလိုင်စင်အတွက် စပေါ်ငွေပမာဏ ခရီးသွား လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်းမရှိ
တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူကြမ်းတွင်ပါသည့် စပေါ်ငွေ Deposit တင်ရမည့် ငွေကြေး ပမာဏအပေါ် လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်း မရှိကြောင်း ပြည်ပခရီးစဉ် လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။
အခြေခံပညာကျောင်းများရှိ စားသုံးရန်မသင့်သည့် မုန့်များကို အမြန်ဆုံး ဖျက်ဆီးရန် တိုင်းအစိုးရ ညွှန်ကြား
ဧရာဝတီတိုင်း ဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သည့် အသင့်စားမုန့်များ တွေ့ရှိခဲ့သောကြောင့် အမြန်ဆုံး ဖျက်ဆီးပစ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို
မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသား များကြားတွင်ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများသမဂ္ဂဝင်များက ပြောကြားသည်။
“ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။
ယခင်ရန်ငြိုးများမေ့ပစ်လိုက်ပါဟု မအူပင် ကရင်လူထုကို KNU ဆို
မအူပင်၊ လက်ရှိနိုင်ငံတော်အစိုးရနှင့် စစ် မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကရင်တိုင်းရင်းသားနှင့် ယခင်အစိုးရအ ကြားဖြစ်တည်ခဲ့သည့် အာဃာတများ၊ ရန်ငြိုးများကို မေ့ပျောက်ထားရန်လိုအပ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး များအား နိုင်ငံရေးနည်းအရ စကားဝိုင်း ၌ အေးအေးချမ်းချမ်း ဖြေရှင်းရန် အခွင့် အရေးမရခဲ့သည့်အတွက် မငြိမ်းချမ်းမှု များနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု ¤င်း ကဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။
ကောင်းမြတ်(မြစ်မခ-ဟင်္သာတ)၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)
Yangon Media Group
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။
ကောင်းမြတ်(မြစ်မခ-ဟင်္သာတ)၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)
Yangon Media Group
ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ
လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့
၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။


ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့  လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်းတရပ်ရှိပြီး၊ တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့်အလားအလာရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်းလက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။
ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်းလက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ရွေးကောက်ပွဲကော်မရှင်သို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောဆို
တပ်မတော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံရန် လူသိရှင်ကြားတိုက်တွန်းပြောဆိုနေသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ကျော်လွန်နေသည်ဟူ၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က သတိပေးလာခေင်းအပေါ် မိမိသည် မည်သည့်အခါကမျှ ဥပဒေကို ချိုးဖောက်သူမ ဟုတ်ဟု ကာယကံ ရှင်က မေ ၂၈ ရက်တွင် တုံ့ပြန်လိုက်သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး ခဲ့ခြင်းဖြစ်သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
ဝန်ကြီးဌာန တာဝန်မဲ့စကား ပြောသည်ဆိုကာ ဆရာ၊ဆရာမများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းရွှေ့မှု ကြန့်ကြာနေရခြင်းမှာ ဌာနအတွက် တာဝန်ယူမည့် ၀န်ကြီးမရှိခြင်းကြောင့်ဟုဆိုသည့် တာဝန်မဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း မေလ ၂၈ ရက်က ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က မီဒီယာများကို ရှင်းလင်းပြောကြားလိုက်သည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ့ ၀န်ကြီးဌာနကို အလိုမရှိပါဘူး” ဟု ပြောသည်။
ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။
ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို ယခင်နှစ်များတွင် တက္ကသိုလ်များ ပိတ်ချိန် အောက်တိုဘာ၌ ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယခု မေလ ရောက်သည်အထိ ထုတ်ပြန်ပေးခြင်းမရှိ သေးကြောင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ကျသည့် ဆရာ၊ ဆရာမများ ကျောင်းပြောင်းလျှောက်ထားပါက သုံးနှစ် စောင့်ဆိုင်းရကြောင်း၊ နယ်ကျောင်းပြောင်း ဆရာ၊ ဆရာမများမှာ နှစ်နှစ်စောင့်ဆိုင်း ရကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသများသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားပါက တစ်နှစ်စောင့်ဆိုင်းရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ
ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။
ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ
၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါဝင်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး ကျိုးတိုးကျဲတဲ ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးလှုပ်ရှားမှု အောင်မြင်နိုင်ပါ့မလား၊ ဘာအခက်အခဲတွေတွေ့နိုင်မလဲ၊ ဘာတွေဆုံးရှုံးနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး

ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မြန်မာပြည်ဟာ အမေရိကန်ရဲ့ မိတ်ဆွေသစ် ဖြစ်လာနိုင်တယ်လို့ အိုဘားမားပြောကြား
အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြန်မာပြည်ရဲ့ လက်ရှိဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ်လာပါလိမ့်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာ- ဂျပန် နှစ် နိုင် ငံ အ စိုး ရ အ ချင်း ချင်း သာမက တပ်မတော် နှစ်ရပ် အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် General Shigeru IWASAKI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အငြင်းပွားဖွယ်များကြောင့် လယ်/ဆည် ဝန်ကြီးဌာန၏ ပြည်ပချေးငွေ ကန်ဒေါ်လာ ၁၃၆ သန်း လွှတ်တော် အတည်မပြု
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံ ငွေအဖွဲ့ (IFAD) တို့ထံမှ စိုက်ပျိုးရေး စီမံကိန်းများတွင် အသုံးပြုရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆ သန်း ချေးယူရန် အဆိုပြုမှုကို ပြည်ထောင်စု လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို
မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများကြားတွင် ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများ သမဂ္ဂဝင် များက ပြောကြားသည်။
အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်ခေါင်းဆောင်ဟောင်း el-Sissi အပြတ်အသတ်နိုင်

အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ အရင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင်နေပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲ ဘားအံမြို့တွင် ပြုလုပ်

၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေကြသူများကို တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ကျင်းပပြု လုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲကို မေ ၂၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာစက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ခြင်းအား ရှင်းလင်း
စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို မေ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်ရှိ တိုက်အမှတ် ၁၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခဲ့ပြီး အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တာရာယ် ကင်းရှင်းရေး အချက်များကိုလည်း ချိုးဖောက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးအောင်လင်းက ပြောကြားသည်။
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခဲ့ပြီး အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တာရာယ် ကင်းရှင်းရေး အချက်များကိုလည်း ချိုးဖောက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးအောင်လင်းက ပြောကြားသည်။
အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံး အသင်းများ ယှဉ်ပြိုင်မည်

တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုး သားနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေ ၂၈ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
RSO ဟု ယူဆရသည့် တစ်ဖက်နိုင်ငံအခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွား
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၅၂ အနီးတွင် မေ ၂၈ ရက် နံနက်က RSO ဟုယူဆရသည့် တစ် ဖက်နိုင်ငံ အခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်စု၏ တဖက် သက် စွပ်စွဲ ပြောဆို မှုများ အား အမျိုး သမီး စစ်သည်တစ်ဦးမှ ကန့်ကွက်

အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင်လေ့ရှိပါတယ်။
စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အိုဘားမား ကာကွယ်ပြောဆို

အမေရိကန်တွေအနေနဲ့ မိမိဖာသာ ထီးထီးကြီး ရပ်တည်တာမျိုးဟာ နည်းလမ်းမဟုတ်သလိုဘဲ၊ ပြဿနာ တိုင်းကိုလည်း စစ်ရေးနည်းနဲ့ အဖြေရှာဖို့ မလိုဘူးလို့ အမေရိကန် သမ္မတဘရက်ခ်အိုဘားမားက ပြောလိုက် ပါ တယ်။
အာဏာသိမ်းထိုင်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သူရဲကောင်းအဖြစ် အဆိုတော်အက်ခရားပေါင်း သီချင်းသီဆိုဂုဏ်ပြု

ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားနှင့် ထိုင်းနာမည်ကြီးအဆိုတော် အက်ခရားပေါင်း (ဓါတ်ပုံ- www.manager.co.th)
ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး ၅ ရက်အကြာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးအား နိုင်ငံတာ် သူရဲကောင်းအဖြစ်ဂုဏ်ပြုသည့် တေးသီချင်းတပုဒ်ကို ထိုင်းနာမည်ကြီးအဆိုတော် အက်ခရား ပေါင်းက ဂုဏ်ပြုရေးသားသီဆိုခဲ့ပါသည်။
Wednesday, 28 May 2014
အမေရိကန်သံတမန်ရေး အောင်မြင်မှုအဖြစ် မြန်မာကို သမ္မတအိုဘားမား နမူနာပြ

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွေဟာ မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေတာကို မြန်မာနိုင်ငံကို နမူနာအဖြစ်နဲ့ ကြည့်နိုင်တဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စစ်အာဏာရှင် စနစ်အောက်မှာ ရှိနေခဲ့ပြီး အမေရိကန်ကိုလည်း ရန်လိုတဲ့ သဘောထားရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ လူထုရဲ့ သတ္တိရှိရှိ ပြုပြင်ပြောင်းလဲလိုစိတ်တွေနဲ့ အမေရိကန်ရဲ့ သံတမန်ရေးရာ ချဉ်းကပ်မှုတွေကြောင့် သေနတ်တချက် မဖောက်ရဘဲ ပြောင်းလဲလာခဲ့တဲ့ အကြောင်း အမေရိကန်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်လို့ အမေရိကန် စစ်တက္ကသိုလ် West Point မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုသွားတာပါ။
လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် အာဏာသိမ်းမည့်အရေး
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ ဒေါ်စုရဲ့ “ နိုင်ငံရေးလုပ်ချင်ရင် တပ်ထဲကထွက် ၊ အခွင့်ထူးခံတွေ၊ လက်နက်အာဏာကြောင့် အထူးအခွင့်အရေး ရနေတာဟာ ဝမ်းသာစရာလား… သိက္ခာရှိရဲ့လား… စစ်တပ်ကို ကျမ စိန်ခေါ်ပါတယ်” ဆိုတဲ့ အောင်ပင်လယ်ကွင်းထဲမှာ ဟောပြောမှုတွေနဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံလို တပ်မတော်က အာဏာသိမ်း တော့မှာလားဆိုတဲ့ ဝေဖန်မှုတွေနဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ တကယ်တည်းတော့ တပ်မတော်ဟာ မူလရည်ရွယ်ချက် အတိုင်း နိုင်ငံတော်ကာကွယ်ရန်၊ လေ့ကျင့်ရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ရန်ဆိုတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ရင်း နိင်ငံတော်၏အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်၊ နိင်ငံတော်၏ ရေထု၊ လေထုနဲ့ မြေထုကို အသက်ပေးကာကွယ်နေကြတာပါ။ အဲ့ဒါကိုမှ စစ်တပ်ရှိနေလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မရဖြစ်နေတယ်ဆိုတာတွေ၊ ဖွဲ့စည်းပုံပြင်မရလို့ လူထုလှုပ်ရှားမှု၊ ဆူပူမှုများ ဖြစ်လာရင်တော့ ၈၈ တုန်းကလို စစ်တပ်က အာဏာပြန်သိမ်းတော့မယ်ဆိုပြီး ပြောဆိုနေမှုတွေကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ် သွားနိုင်ပါတယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်တာပါ။ ပြင်လို့မရအောင် တားဆီးနေတာ မဟုတ်ပါဘူး။


၂ဝ၁၅နှင့်လူငယ်များ စည်းရုံးချီတက်ရေး
ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူငယ် စည်းရုံးရေးလုပ်ငန်းနှင့် ၂ဝ၁၅ ရွေး ကောက်ပွဲ အနိုင်ရရှိရေးလုပ်ငန်းများ ကို အစီအစဉ်ချမှတ်၍ ဆောင်ရွက် လျက်ရှိနေပါသည်။
နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ခန့်ရှိသော လူငယ်လူရွယ်များသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြီးမားသောစွမ်းအားတစ်ရပ်ဖြစ်သည့် အပြင် ယနေ့လူငယ်များသည် အနာဂတ် ကာလအတွက် နိုင်ငံတော်၏အရေး အရာ တာဝန်အဖြာဖြာကို ဆက်ခံထမ်း ရွက်ကြမည့်သူများဖြစ်ကြပေရာ ပါတီ သည် လူငယ်များအပေါ် မျှော်လင့်အား ထားလျက်ရှိပေသည်။ ပါတီသည် လူငယ်များ၏ တက်ကြွထက်မြက်၍ တီထွင်ဖန်တီးလိုသော စိတ်ဓာတ်၊နုပျို သစ်လွင်၍ ခွန်အားစိုက်ထုတ်နိုင်သော စွမ်းအားများဖြင့် နိုင်ငံတော်တည်ဆောက် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင် တာဝန်ယူလာကြစေရန် စည်းရုံးဦးဆောင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ် တစ်လျှောက်တွင် လူငယ်များသည် တစ်နိုင်ငံ၊ တစ်မျိုးသားလုံး နှင့်စပ်ဆိုင် သည့် အရေးကိစ္စဟူသမျှတွင် တက်ြ<ွက ထက်မြက်စွာ ပါဝင်လှုပ်ရှားခဲ့ကြသည့် အစဉ်အလာကောင်းရှိပါသည်။
နယ်ချဲ့လက်အောက်တွင် ရှိစဉ်က လူငယ်များသည် မိမိတို့နိုင်ငံကို ချစ်မြတ် နိုးခြင်းနှင့်အတူ သူတစ်ပါး၏ မတရား ကျွန်ပြုဖိနှိပ်မှုကို စက်ဆုပ်ရွံရှာခဲ့ကြ သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို လိုလားတောင့်တသည့် ဆန္ဒပြင်းထန်ခဲ့ သည်။ ထို့ကြောင့်ပင် ကိုလိုနီဆန့်ကျင် ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် လူငယ်များသည် မိဘ ပြည်သူများနှင့်အတူ ရှေ့တန်းမှပါဝင် တိုက်ပွဲဝင်ခဲ့ကြပေသည်။
နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ခန့်ရှိသော လူငယ်လူရွယ်များသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြီးမားသောစွမ်းအားတစ်ရပ်ဖြစ်သည့် အပြင် ယနေ့လူငယ်များသည် အနာဂတ် ကာလအတွက် နိုင်ငံတော်၏အရေး အရာ တာဝန်အဖြာဖြာကို ဆက်ခံထမ်း ရွက်ကြမည့်သူများဖြစ်ကြပေရာ ပါတီ သည် လူငယ်များအပေါ် မျှော်လင့်အား ထားလျက်ရှိပေသည်။ ပါတီသည် လူငယ်များ၏ တက်ကြွထက်မြက်၍ တီထွင်ဖန်တီးလိုသော စိတ်ဓာတ်၊နုပျို သစ်လွင်၍ ခွန်အားစိုက်ထုတ်နိုင်သော စွမ်းအားများဖြင့် နိုင်ငံတော်တည်ဆောက် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင် တာဝန်ယူလာကြစေရန် စည်းရုံးဦးဆောင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ် တစ်လျှောက်တွင် လူငယ်များသည် တစ်နိုင်ငံ၊ တစ်မျိုးသားလုံး နှင့်စပ်ဆိုင် သည့် အရေးကိစ္စဟူသမျှတွင် တက်ြ<ွက ထက်မြက်စွာ ပါဝင်လှုပ်ရှားခဲ့ကြသည့် အစဉ်အလာကောင်းရှိပါသည်။
နယ်ချဲ့လက်အောက်တွင် ရှိစဉ်က လူငယ်များသည် မိမိတို့နိုင်ငံကို ချစ်မြတ် နိုးခြင်းနှင့်အတူ သူတစ်ပါး၏ မတရား ကျွန်ပြုဖိနှိပ်မှုကို စက်ဆုပ်ရွံရှာခဲ့ကြ သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို လိုလားတောင့်တသည့် ဆန္ဒပြင်းထန်ခဲ့ သည်။ ထို့ကြောင့်ပင် ကိုလိုနီဆန့်ကျင် ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် လူငယ်များသည် မိဘ ပြည်သူများနှင့်အတူ ရှေ့တန်းမှပါဝင် တိုက်ပွဲဝင်ခဲ့ကြပေသည်။
မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သာသနာရေး ဝန်ကြီးဌာနတွင် အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀၀ ကျော်ခန့် တွေ့ရှိရကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလက The Voice သို့ မိန့်ကြားသည်။
“ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ကျွန်တော်မမြင်ဘူး ” ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။
စည်ပင်အမှိုက်ကား ထော်လာဂျီကို ၀င်တိုက်၊ လူနှစ်ဦးသေဆုံး
ယာဉ်မောင်းလိုင်စင်မရှိသည့် စည်ပင်ဝန်ထမ်းတစ်ဦး မောင်းနှင်လာသည့် အမှိုက်ကားတစ်စီးသည် ရပ်ထား သောထော်လာဂျီကို ၀င်တိုက်မိပြီး လူနှစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်ခန့်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် သည်။
ဘော်ဆိုင်းသတ္တုတွင်းရှိ တရုတ်နိုင်ငံသား၁၃ ဦးကို ဗီဇာစည်းကမ်းဖောက် ဖျက်မှုဖြင့် ဖမ်းဆီးအမှုဖွင့်
ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဘော်ဆိုင်းသတ္တု တူးဖော်ရေးလုပ်ငန်းခွင်ရှိ တရုတ်နိုင်ငံသား ၁၃ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်မှူး ဦးရဲနောင်က မေလ၂၇ ရက်တွက် မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော
တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသားတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်တို့ ဆွေးနွေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General ရှင်ဂျီယုအီဝါဆာကီတို့သည် မေ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းထုတ်လွှင့်ချက်အရ သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ယခုနှစ်သည် ၁၉၅၄ ခုနှစ်မှစတင်ခဲ့သော မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့်သည့် နှစ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို မြန်မာ၊ တရုတ်၊ အိန္ဒိယသုံးနိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် နှစ် (၆၀) ပြည့်လည်းဖြစ်၍ ထူးခြားကြောင်း၊ မြန်မာတပ်မတော်နှင့် ဂျပန်တပ်မတော်တို့သည် သမိုင်းအရ ဆက်စပ်မှုများ ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။အလားတူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်ကလည်း ဂျပန်-မြန်မာဆက်ဆံရေးသမိုင်းသည် ရှည်လျားစွာရှိခဲ့ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေချိန်တွင် အာဆီယံတပ်မတော်ပိုင်းဆိုင်ရာ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်သည်ကိုလည်း ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များအပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
Eleven Media Group
ထိုသို့ တွေ့ဆုံရာတွင် ယခုနှစ်သည် ၁၉၅၄ ခုနှစ်မှစတင်ခဲ့သော မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့်သည့် နှစ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို မြန်မာ၊ တရုတ်၊ အိန္ဒိယသုံးနိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် နှစ် (၆၀) ပြည့်လည်းဖြစ်၍ ထူးခြားကြောင်း၊ မြန်မာတပ်မတော်နှင့် ဂျပန်တပ်မတော်တို့သည် သမိုင်းအရ ဆက်စပ်မှုများ ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား
Eleven Media Group
မုံရွာမြို့ သီဟရာဇာမြတ်စွာဘုရား ရုပ်ပွားတော်မျက် လုံးတော်တစ်ဖက်ပွင့် လာရောက်ဖူးမြော်သူများပြား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီ စာသင်တိုက်ဝင်းအတွင်းရှိ သီဟရာဇာမြတ်စွာ ဘုရားရုပ်ပွားတော်၏ ယာဘက်မျက်စိတစ်ဖက်ပွင့်သဖြင့် အဆိုပါဘုရားသို့ ပြည်သူများမှ လာရောက်ဖူးမြော် သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘာသာ ကူးပြောင်းခြင်း ဥပဒေကြမ်း

မေလ ၂၇ ရက် နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ မူကြမ်း အရ ဘာသာ ကူးပြောင်းလိုသူ ဘယ်သူ မဆို နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို အရင် ရယူမှာ ဖြစ်ပါတယ်။
ရေခဲစက် အမိုးနီးယား ဓာတ်ငွေ့အိုး ယိုစိမ့်ပေါက်ကွဲရာမှ ငါးဦးဆေးရုံရောက်

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ရေခဲစက်တစ်ခုတွင် အမိုးနီးယားဓာတ်ငွေ့အိုးယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ် ပွားသော ကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် လူငါးဦး အသက်ရှူကျပ်၍ ဆေးရုံ သို့တင်ထားရကြောင်း သတင်း ရရှိသည်။
စစ်တွေရှိ ဘင်္ဂါလီကျေးရွာတစ်ရွာတွင် လူသတ်မှုဖြစ်ပွား
စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မေလ ၂၅ ရက်နံနက်က လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သည့်အမျိုးသားကို ဒေသခံရွာသားများ က ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစား သောကြောင့် လုံထိန်းရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား ဖမ်းဆီးကာ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်း ရရှိသည်။
ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် တိုင်းဒေသကြီးအချို့တွင် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်

မကွေးတိုင်းဒေသကြီးအတွင်း အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးနေသည့် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် မြို့ကြီးသုံးမြို့ရှိ မြို့နယ်ပေါင်း ၂၄ မြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)