Friday 25 April 2014

မြေကမ္ဘာနေ့ (သို့) မြန်မာပြည်အတွက် အပူဆုံးနေ့တစ်နေ့

ဧပြီ ၂၂ ရက်သည် မြေကမ္ဘာနေ့ ဖြစ်သည်။ ဧပြီ ၂၂ ရက်သည် ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်း အမြင့် ဆုံးနေ့ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် တစ်နှစ်ပတ်လုံးအတွင်း ထိုနေ့၏ ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်းသည် ၁၅ ဒသမ ၁ ဖြင့် အမြင့်ဆုံးတန်ဖိုးကို ဧပြီ ၂၃ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကယားပြည်နယ် တို့တွင် ကြုံတွေ့ရနိုင် ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။
၁၉၉၆ ခုနှစ်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စ ကိုမြို့၌ကျင်းပခဲ့သော ယူနက်စကိုညီလာခံတွင် ငြိမ်း ချမ်းရေးနှင့် ကမ္ဘာမြေကိုဂုဏ်ပြုရန်အလို့ငှာ ဂျွန်မက် ကော်နယ်က ''မြေကမ္ဘာနေ့'' သတ်မှတ်ရန်အတွက် အ ဆိုပြုရာမှစပြီး ပထမဆုံးမြေကမ္ဘာနေ့အခမ်းအနားကို ၁၉၇ဝ ပြည့်နှစ် ဧပြီ ၂၂ ရက်တွင် ကျင်းပနိုင်ခဲ့ သည်။

နိုင်ငံတကာတွင်တော့ မြို့ကြီးများတွင် မီးမှိတ် ကာ ထိုနေ့ကိုဂုဏ်ပြုဆင်နွှဲကြသည်။ သစ်တောများ ပြုန်းတီး လာခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ အိုဇုန်း လွှာ ထိခိုက်ပျက်စီးလာခြင်း၊ လေထုညစ်ညမ်းခြင်းတို့ ကြောင့် ထိခိုက်ပျက်စီးသော ကမ္ဘာမြေကြီးနှင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို သတိပြုမိစေ ရန် လျှပ်စစ်မီးများမှိတ်ပြီး အချက်ပြခြင်းဖြစ်သည်။

လျှပ်စစ်မီးများ သူ့အလိုလိုမှိတ်တတ်သော မြန်မာနိုင်ငံတွင်တော့ ထိုနေ့သည် အပူချိန်အမြင့်ဆုံး ဖြစ်သည်ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ဆိုသလို မြန်မာပြည်သူများထဲမှ အသက် ၃ဝ အရွယ်ရှိ မစန္ဒီကတော့ သူကြုံတွေ့ရသမျှ နေ့အပူချိန် များထဲတွင် အမြင့်ဆုံးဟု ဆိုပါသည်။ မိုးလေဝသပညာ ရှင် ဒေါက် တာ ထွန်းလွင် က တော့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ''တိုက် တိုက်ဆိုင်ဆိုင်ပါပဲ'' ဟုဆိုပါသည်။

အမြင့်ဆုံးနေ့အပူချိန်ဖြစ်သည့် ၄၃ ဒီဂရီစင်တီ ဂရိတ်မှ ၄၄ ဒီဂရီစင်တီဂရိတ်အကြား အပူချိန်သည် ဧပြီ ၂၂ ရက်တွင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အလယ် ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းဒေသကြီးတို့တွင် ကြုံခဲ့ရသည်။

ပဲခူးတိုင်းဒေသကြီးတွင်တော့ အပူအန္တရာယ် ရော၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရော နှစ်မျိုးစလုံး လွန်ကဲအဆင့်သို့ ရောက်ရှိနေသည်ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

အပူချိန်တွေမြင့်တက်ပြီး ခြောက်သွေ့လွန်းသည့် အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ဒေသ တွင် တောမီးလောင်ကျွမ်းရာကစပြီး အနီးအနားကျေး ရွာတစ်ရွာကို ကူးစက်ပြီး မီးလောင်သွားလိုက်တာ ဆီစက်၊ သစ်စက်များပါ မီးလောင်ခံလိုက်ရသည်ဟု ဦးထွန်းလွင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှတစ်ဆင့် ဝေ မျှ သည်။
ဧပြီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲပတ်ဝန်းကျင် တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ထဲက ဓာတ်တိုင်တစ်တိုင်တွင် အပူချိန်လွန် ကဲပြီး ဓာတ်အားလိုင်းကြိုးကြီး မီးလောင်နေသည်မှာ လည်း လူတော်တော်များများ ဝိုင်းအုံကြည့်ရှုခဲ့ရသည် အထိ ဖြစ်ခဲ့သည်။

ရာသီဥတုပြောင်းလဲလာမှုကို မြန်မာပြည်သူတို့ သတိပြုလာခဲ့သည်မှာ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းအ လွန်မှ စတင်ခဲ့သည်ဟု သူကအမြဲပြောသည်။ “ွမနနည ဃငအငနျ စိမ်းလန်းမြို့တော်များ'' ဆိုသည့်ဆောင်ပုဒ်ဖြင့် (၄၅) ကြိမ်မြောက်မြေကမ္ဘာကို ကျင်းပလာခဲ့ကြသည်။

ကမ္ဘာမြေငြိမ်းချမ်းရေးဖော်ဆောင်ဖို့ရည်မှန်းချက်ဖြင့် စတင်လှုပ်ရှားခဲ့သည့် ထိုနေ့သည် နောက်ပိုင်းမှာ ပတ် ဝန်းကျင် ယိုယွင်းမှုများ ထိန်းသိမ်းရေးလုပ်ငန်းများပါ ပူးတွဲရည်မှန်းချက်များ ရှိလာခဲ့သည်။
အထူးသဖြင့် ယခုနှစ်တွင်တော့ အထူးဦးစားပေး မီးမောင်းထိုးပြ သည်က ရာသီဥတုပြောင်းလဲခြင်း (ဃူငာအေန ဃ့ညေါန) ပင်ဖြစ်သည်။ ကမ္ဘာမြေနေ့ကို နိုင်ငံပေါင်း ၁၉၂ နိုင်ငံ မှ လူသန်းတစ်ထောင်ခန့် ပါဝင်ဆင်နွှဲကြလိမ့်မည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ယခုလို ကမ္ဘာ့လှုပ်ရှားမှုကြီးထဲတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း ပါဝင်ပတ်သက်နေပါပကော။ လူ ပေါင်း သန်းတစ်ထောင်လောက်ပါဝင်ဆင်နွှဲကြမည့် အဆိုပါ မြေကမ္ဘာနေ့ကို မြန်မာပြည်သူ သန်းခြောက် ဆယ်သောသူများကလည်း သတိပြုနေရပေဦးမည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ ဧပြီ ၂၂ ရက်သည် ၂ဝ၁၄ ခုနှစ်အတွင်း အပူပြင်းဆုံးနေ့ မဟုတ်ပါလား။

Yangon Media Group

No comments:

Post a Comment