Friday 25 April 2014

လာမည့်ပညာသင်နှစ်တွင် ပြုပြင်ပြောင်းလဲ မြှင့်တင်ဆောင်ရွက်မည့် ပညာရေးနှင့်  အသက်မွေးပညာအစီအမံများ ညှိနှိုင်းဆွေးနွေး

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွင်း ပညာရေးကဏ္ဍနှင့် အသက် မွေး ပညာကဏ္ဍ ပြုပြင်ပြောင်းလဲ မြှင့် တင်ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲဆောင်ရွက်ရေးညှိနှိုင်းဆွေး နွေးပွဲကို နိုင်ငံတော်သမ္မတရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒေါက်တာ ကိုကိုဦး၊ ဒေါက် တာ ဒေါ်ခင် စန်းရီ၊ ဒေါက်တာဒေါ်မြတ် မြတ်အုန်းခင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင် ရာ တာဝန်ရှိသူများ တက် ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက လာမည့်ပညာသင်နှစ်တွင် မူကြိုမှ တက္ကသိုလ်အဆင့်အထိကို လည်းကောင်း၊ နည်းပညာကျွမ်းကျင် မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး ကို လည်းကောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းများ၏ လိုအပ်ချက်ဖြည့်ဆည်း ရေး၊ တိုင်းရင်းသားဘာသာစကား သင်ကြားရေးတို့အတွက် အစီအမံများ ရေးဆွဲရေးနှင့် ဘဏ္ဍာငွေကြေးလိုအပ် ချက်များ တွက်ချက်ရေး၊ ပညာရေး မှူးများနှင့် ကျောင်းအုပ်များ စီမံ ခန့်ခွဲမှုသင်တန်းဖွင့်လှစ်ရေး၊ မိဘ၊ ဆရာ၊ ကျောင်းသားနီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာခင်စန်းရီက ပညာရေးကဏ္ဍ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် အညီကာလတို၊ ကာလရှည် သက်မွေး ပညာသင်တန်းများ ဖွင့်လှစ်မည့် အခြေအနေကိုလည်းကောင်း၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ် မြတ်အုန်းခင်က တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် မူလတန်းကြို ကျောင်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ မူကြိုဆရာမများ လေ့ကျင့်မွေးထုတ် ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
ထို့နောက် တက်ရောက်လာကြ သော တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသအလိုက် ပညာရေးနှင့်အသက် မွေးပညာဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည် ထောင်စုဝန်ကြီးက လိုအပ်ချက် များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

The Mirror Daily

No comments:

Post a Comment