Friday 25 April 2014

တယ်လီနောမြန်မာမှ မေလဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်သွားမည့်

Photo: တယ်လီနောမြန်မာမှ မေလဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်သွားမည့် Friday, April 25, 2014

တယ်လီနောမြန်မာအနေနဲ့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တို့ အတွက် ခွဲခြားပြီး Data Center(၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ 

အခုလိုထားရှိသွားမယ့် ဒေတာစင်တာတွေကို ရန်ကုန် တိုင်းဒေသကြီး မှာ ဆောက်လုပ်ပြီးစီးခဲ့ကာ မန္တလေးတိုင်းဒေသကြီးအတွက်ကိုတော့ လက်ရှိမှာဆောက်လုပ်နေပြီး မေလဆန်းပိုင်းမှာ အပြီးသတ်ဆောက် လုပ်သွားမယ်လို့ တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အခုလို ထားရှိသွားမယ့် ဒေတာစင်တာတွေမှတစ်ဆင့် တာဝါတိုင်တွေ၊ pay station တွေမှ တစ်ဆင့် အသုံးပြုသူတွေထံကို မိုဘိုင်းဝန်ဆောင်မှုတွေ ကို ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် Data Centerဟာ အဓိကကျတဲ့ လိုအပ်ချက်ဖြစ်တယ်လို့ သိရှိရပါတယ်။
 
ပြည်တွင်းမှာ ဆက်သွယ်ရေး တယ်လီနောမြန်မာအနေနဲ့ လုပ်ကိုင်ခွင့် တရားဝင်ရရှိခဲ့တဲ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နောက်ပိုင်းမှစတင်ပြီး လုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တာဝါတိုင်ဆောက်လုပ်ခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး (၈)လအတွင်း တယ်လီနော မြန်မာအနေနဲ့ ပြည်သူတွေကို မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

MRTV-4
တယ်လီနောမြန်မာအနေနဲ့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တို့ အတွက် ခွဲခြားပြီး Data Center (၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အခုလိုထားရှိသွားမယ့် ဒေတာစင်တာတွေကို ရန်ကုန် တိုင်းဒေသကြီး မှာ ဆောက်လုပ်ပြီးစီးခဲ့ကာ မန္တလေး တိုင်းဒေသကြီးအတွက်ကိုတော့ လက်ရှိမှာဆောက်လုပ်နေပြီး မေလဆန်းပိုင်းမှာ အပြီးသတ်ဆောက် လုပ်သွားမယ်လို့ တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို ထားရှိသွားမယ့် ဒေတာစင်တာတွေမှတစ်ဆင့် တာဝါတိုင်တွေ၊ pay station တွေမှ တစ်ဆင့် အသုံးပြုသူတွေထံကို မိုဘိုင်းဝန်ဆောင်မှုတွေ ကို ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် Data Centerဟာ အဓိက ကျတဲ့ လိုအပ်ချက်ဖြစ်တယ်လို့ သိရှိရပါတယ်။

ပြည်တွင်းမှာ ဆက်သွယ်ရေး တယ်လီနောမြန်မာအနေနဲ့ လုပ်ကိုင်ခွင့် တရားဝင်ရရှိခဲ့တဲ့ ဖေဖော် ၀ါရီလ (၅)ရက်နေ့ နောက်ပိုင်းမှစတင်ပြီး လုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တာဝါတိုင်ဆောက်လုပ်ခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ တရားဝင် လုပ်ကိုင်ခွင့် လိုင်စင် ရရှိပြီး (၈)လအတွင်း တယ်လီနော မြန်မာအနေနဲ့ ပြည်သူတွေကို မိုဘိုင်းဝန်ဆောင်မှုပေးနိုင် ရန် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment