Friday 25 April 2014

ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး

Photo: ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး
Friday, April 25, 2014

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တစ်ခုကစုပုံထားသည့် ပေ ၃၀၀ ခန့်အမြင့်ရှိ    မြေစာပုံပြိုကျမှု ကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့်    မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။  

မောင်နှမသုံးဦး ရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေ ကန်အတွင်း ၁၅ ပေမြင့်သော လှိုင်းလုံးများ ဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ်ကလေး ငယ်တစ်ဦး အပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။

ဧပြီ ၂၂ ရက်ညနေက ဖားကန့်မြို့နယ်၊ စွပ်ဂျာကျေးရွာရှိ ကံပွင့်ဦး သတ္တုတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်း အဆိုပါ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‘‘ရေကန်ထဲကိုပမာဏများ တဲ့မြေစာတွေရုတ်တရက်ပြိုကျ တော့ ဆူနာမီအသေးစားလိုဖြစ် ပြီး ရေထဲမြုပ်သွားတာ။ သေဆုံး သူတွေကို မြေတူးစက်တွေနဲ့ ပြန်ရှာတာ ဒီနေ့ပဲအားလုံးပြန် တွေ့ပါပြီ’’ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

ရေကန်မှာ အလျားပေ ၅၀၀၊အနံပေ ၁၀၀ ခန့်ကျယ်ပြီး ပေ ၂၀ နက်ကာ မြေစာပုံပြိုကျသည့် အချိန်တွင် ရွာသားများ ရုတ်တရက်အံ့သြထိတ်လန့်ခဲ့ရကြောင်း စွပ်ဂျာကျေးရွာမှ ဒေသခံဦးမန်ဆိုင်းကပြောသည်။

သေဆုံးသွားသူများမှာ ဖားကန့်မြို့နယ်  အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်းနှင့်အဋ္ဌမတန်း ကျောင်းသူနှစ်ဦးနှင့် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ပြီး သေမှုသေခင်းဖွင့်၍ စစ်ဆေးနေကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ကုမ္ပဏီ ပိုင်ဧရိယာတွင် ဖြစ်ပွားခဲ့သော် လည်းလုပ်ငန်းခွင်နှင့်မသက်ဆိုင် ဘဲ သဘာဝဘေးအန္တရာယ်ကဲ့သို့ ဖြစ်ခဲ့ခြင်းကြောင့် ကုမ္ပဏီတွင် တာဝန်မရှိကြောင်း ဖားကန့် မြို့နယ်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။ သို့သော် ယင်းဖြစ်စဉ်၌ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများ အပါအဝင် ဒေသတွင်းအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် ကြိုတင်မှန်းဆ၍ရနေသည့် အန္တရာယ်ကို မကာကွယ်နိုင်ခဲ့၍ ကလေးငယ်များ သေဆုံးရခြင်းဖြစ်ကြောင်း အငြိမ်းစား ရဲအရာရှိကြီးတစ်ဦးက သုံးသပ်သည်။

 ဖားကန့်မြို့  အပါအဝင် ကချင်ပြည်နယ်တွင် ယခုရက်များ အတွင်း မိုးရွာသွန်းမှုများရှိခဲ့ပြီး အဆိုပါ မြေစာပုံပြိုကျမှုမှာ တစ် နွေလုံးတူးပုံထားသည့်မြေစာများ မိုးရေစိုကာ ပြိုကျခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် လုံးခင်းရွာမှ ရွှေ မျောလုပ်ငန်းရှင်ဦးမြသွင်က ပြော ကြားသည်။

Author: မောင်တာ / အောင်သစ်လွင်

7Day Daily

မြေစာပုံပြိုကျမှုကြောင့် ရေကန်ရေလျှံပြီး ကလေးငယ် သုံးဦး ရေ နစ်မြုပ် ပျောက်ဆုံး သွားရာ ဒေသခံများ ၀ိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)
မြေစာပုံပြိုကျမှုကြောင့် ရေကန်ရေလျှံပြီး ကလေးငယ် သုံးဦး ရေ နစ်မြုပ် ပျောက်ဆုံး သွားရာ ဒေသခံများ ၀ိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တစ်ခုကစုပုံထားသည့် ပေ ၃၀၀ ခန့်အမြင့်ရှိ    မြေ စာပုံပြိုကျမှု ကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့်    မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ 
မောင်နှမသုံးဦး ရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေ ကန်အတွင်း ၁၅ ပေမြင့်သော လှိုင်းလုံး များ ဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ်ကလေး ငယ် တစ်ဦး အပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။

ဧပြီ ၂၂ ရက်ညနေက ဖားကန့်မြို့နယ်၊ စွပ်ဂျာကျေးရွာရှိ ကံပွင့်ဦး သတ္တုတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက် အတွင်း အဆိုပါ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‘‘ရေကန်ထဲကိုပမာဏများ တဲ့မြေစာတွေရုတ်တရက်ပြိုကျ တော့ ဆူနာမီအသေးစားလိုဖြစ် ပြီး ရေထဲမြုပ် သွား တာ။ သေဆုံး သူတွေကို မြေတူးစက်တွေနဲ့ ပြန်ရှာတာ ဒီနေ့ပဲအားလုံးပြန် တွေ့ပါပြီ’’ဟု ဖားကန့်မြို့ နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

ရေကန်မှာ အလျားပေ ၅၀၀၊အနံပေ ၁၀၀ ခန့်ကျယ်ပြီး ပေ ၂၀ နက်ကာ မြေစာပုံပြိုကျသည့် အချိန်တွင် ရွာသားများ ရုတ်တရက်အံ့သြထိတ်လန့်ခဲ့ရကြောင်း စွပ်ဂျာကျေးရွာမှ ဒေသခံဦးမန်ဆိုင်းကပြောသည်။

သေဆုံးသွားသူများမှာ ဖားကန့်မြို့နယ်  အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်း ကျော င်း သူနှစ် ဦးနှ င့် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ပြီး သေမှုသေခင်းဖွင့်၍ စစ်ဆေးေ နေ ကြာ င်း ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ကုမ္ပဏီ ပိုင်ဧရိယာတွင် ဖြစ်ပွားခဲ့သော် လည်းလုပ်ငန်းခွင်နှင့်မသက်ဆိုင် ဘဲ သဘာ ဝဘေး အန္တရာယ်ကဲ့သို့ ဖြစ်ခဲ့ခြင်းကြောင့် ကုမ္ပဏီတွင် တာဝန်မရှိကြောင်း ဖားကန့် မြို့နယ်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။ သို့သော် ယင်းဖြစ်စဉ်၌ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများ အပါ အဝင် ဒေသ တွင်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် ကြိုတင်မှန်းဆ၍ရနေသည့် အန္တရာယ်ကို မကာကွယ်နိုင်ခဲ့၍ ကလေးငယ်များ သေဆုံးရခြင်းဖြစ်ကြောင်း အငြိမ်းစား ရဲအရာရှိကြီးတစ်ဦးက သုံးသပ် သည်။

 ဖားကန့်မြို့  အပါအဝင် ကချင်ပြည်နယ်တွင် ယခုရက်များ အတွင်း မိုးရွာသွန်းမှုများရှိခဲ့ပြီး အဆိုပါ မြေစာ ပုံပြိုကျမှုမှာ တစ် နွေလုံးတူးပုံထားသည့်မြေစာများ မိုးရေစိုကာ ပြိုကျခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် လုံးခင်း ရွာမှ ရွှေ မျောလုပ်ငန်းရှင်ဦးမြသွင်က ပြော ကြားသည်။

Author: မောင်တာ / အောင်သစ်လွင်

7Day Daily

No comments:

Post a Comment