Friday 25 April 2014

အာရှယူ ၁၉ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက အီရန်၊ ထိုင်း၊ ယီမင်တို့နှင့် တွေ့ဆုံ

Photo: အာရှယူ ၁၉ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက အီရန်၊ ထိုင်း၊ ယီမင်တို့နှင့် တွေ့ဆုံ
Friday, April 25, 2014

လာမယ့် အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် အမျိုးသား အာရှဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (က)မှာ မြန်မာအသင်းဟာ အီရန်၊ ထိုင်း၊ ယီမင်တို့နဲ့ တအုပ်စုတည်းကျခဲ့ပါ တယ်။

unnamed4ဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီက ပတ်ခ်ရွိုင်ရယ် ဟိုတယ်မှာ ရေးဆွဲခဲ့ တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

မြန်မာအသင်းအနေနဲ့ အမြင့်ဆုံးက ကွာတားနဲ့ ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ မှန်းထားတယ်လို့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။

အုပ်စု (ခ) မှာတော့ ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှား၊ အုပ်စု (ဂ) မှာတော့ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နဲ့ အုပ်စု (ဃ) မှာတော့ အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနဲ့ အိုမန်တို့က တအုပ်စုတည်း ကျရောက်နေပါတယ်။

အာရှ ဘောလုံး အင်အားကြီးနိုင်ငံတွေ တအုပ်စုတည်း ကျရောက်နေတဲ့ အုပ်စု(ဂ)ကိုတော့ အုပ်စုကြပ်အဖြစ် သတ်မှတ်ထားပါတယ်။  ဒီဘောလုံးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မှာ အုပ်စု ၂ ခုစီ ယှဉ်ပြိုင် ကစားသွားမှာလည်း ဖြစ်ပါတယ်။

အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းက ၁၂ ကြိမ်၊ မြန်မာအသင်းက ၇ ကြိမ်၊ အစ္စရေးအသင်းက ၆ ကြိမ်၊ အီရတ်အသင်းက ၅ ကြိမ်၊ အီရန်အသင်းက ၄ ကြိမ်၊ မြောက်ကိုရီးယားအသင်းမှာ ၃ ကြိမ်၊ ဆော်ဒီအာရေဗျနဲ့ ထိုင်းအသင်းတို့က ၂ ကြိမ်စီနဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဆီးရီးယားနဲ့ အိန္ဒိယအသင်းတို့မှာ ၁ကြိမ်စီ ဗိုလ်စွဲထားကြသည်။

ဒီဗွီဘီ
လာမယ့် အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် အမျိုးသား အာရှဖလား ဘော လုံးပြိုင်ပွဲ အုပ်စု (က)မှာ မြန်မာအသင်းဟာ အီရန်၊ ထိုင်း၊ ယီမင်တို့နဲ့ တအုပ်စုတည်းကျခဲ့ပါ တယ်။
unnamed4ဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီက ပတ်ခ်ရွိုင်ရယ် ဟိုတယ်မှာ ရေး ဆွဲခဲ့ တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ် စာမျက်နှာ မှာ ဖော်ပြ ထားပါ တယ်။

မြန်မာအသင်းအနေနဲ့ အမြင့်ဆုံးက ကွာတားနဲ့ ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ မှန်းထားတယ် လို့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။

အုပ်စု (ခ) မှာတော့ ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှား၊ အုပ်စု (ဂ) မှာတော့ တောင် ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နဲ့ အုပ်စု (ဃ) မှာတော့ အီရတ်၊ မြောက်ကိုရီးယား၊ ကာတာ နဲ့ အိုမန်တို့က တအုပ်စုတည်း ကျရောက်နေပါတယ်။

အာရှ ဘောလုံး အင်အားကြီးနိုင်ငံတွေ တအုပ်စုတည်း ကျရောက်နေတဲ့ အုပ်စု(ဂ)ကိုတော့ အုပ်စုကြပ် အဖြစ် သတ်မှတ်ထားပါတယ်။  ဒီဘောလုံးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မှာ အုပ်စု ၂ ခုစီ ယှဉ်ပြိုင် ကစားသွား မှာလည်း ဖြစ်ပါတယ်။

အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းက ၁၂ ကြိမ်၊ မြန်မာအသင်းက ၇ ကြိမ်၊ အစ္စရေး အသင်းက ၆ ကြိမ်၊ အီရတ်အသင်းက ၅ ကြိမ်၊ အီရန်အသင်းက ၄ ကြိမ်၊ မြောက်ကိုရီးယားအသင်းမှာ ၃ ကြိမ်၊ ဆော်ဒီအာရေဗျနဲ့ ထိုင်းအသင်းတို့က ၂ ကြိမ်စီနဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဆီးရီးယားနဲ့ အိန္ဒိယ အသင်း တို့မှာ ၁ကြိမ်စီ ဗိုလ်စွဲထားကြသည်။

ဒီဗွီဘီ

No comments:

Post a Comment