Friday 25 April 2014

ဂျပန်အစိုးရက ပညာရေးအပါအဝင် ကဏ္ဍသုံးခုအတွက် ကန်ဒေါ်လာ သန်း ၆၀နီးပါး ထောက်ပံ့

ဂျပန်အစိုးရက မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ဆု ပေးအပ်ရေး စီမံချက်အပါအဝင် ကဏ္ဍသုံးခုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀နီးပါး ထောက်ပံ့ကြေးပေးအပ်သည့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၂၄ရက်က နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ဆု ပေးအပ်ရေး စီမံချက် အတွက် ဂျပန်ယန်း ၄၆၈သန်း (အမေရိကန်ဒေါ်လာ ၄သန်းကျော်)၊ အာဆီယံ ပြတင်းတစ်ပေါက် (ASEAN Single Window)စနစ်အရ အကောက်အခွန်ကဏ္ဍတွင် ကုန်ပစ္စည်းများကို ခေတ်မီနည်းစနစ်ဖြင့် အခွန်ေ ကာက်ခံရန် ဂျပန်ယန်း သန်း ၃၉၉၀ (အမေရိကန်ဒေါ်လာ ၃၉သန်း)၊ ရှမ်းပြည်နယ် လားရှိုး အထွေေ ထွ ရောဂါကု ဆေးရုံကြီးအဆင့်မြှင့်တင်ရန် ဂျပန်ယန်း သန်း၁၅၁၀ (အမေရိကန်ဒေါ်လာ ၁၅ သန်း)ပေးရေး စသည့် စာချွန်လွှာသုံးခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment