Friday 25 April 2014

ဗြိတိန်လေပိုင်နက်အနီး ရုရှားလေယာဉ်များ ချဉ်းကပ်လာခဲ့

Photo: ဗြိတိန်လေပိုင်နက်အနီး ရုရှားလေယာဉ်များ ချဉ်းကပ်လာခဲ့
Friday, April 25, 2014

ဗြိတိသျှ လေပိုင်နက် အနီးသို့ ရုရှားလေယာဉ်များ ချဉ်းကပ်လာသဖြင့် ဗြိတိသျှလေတပ်၏ Typhoon တိုက်လေယာဉ်များ အရေးပေါ်တပ်လှန့် ပျံတက်ခဲ့ရကြောင်း သိရှိရသည်။ တော်ဝင်လေတပ်သည် ဗုဒ္ဓဟူးနေ့က စိန့်အင်ဒရူး၌ တပ်စွဲထားသည့် တိုက်လေယာဉ်များကို ပျံတက်စေခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ ရုရှားလေယာဉ် နှစ်စင်းကို စကော့တလန် ကောင်းကင်ယံအနီးတွင် တွေ့ရှိရပြီးနောက် တိုက်လေယာဉ်များ စေလွှတ်ရခြင်းသည် အလားတူ ဖြစ်စဉ်မျိုး ယခုနှစ်အတွင်း (၈)ကြိမ်မြောက်ဟုလည်း ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တော်ဝင်လေတပ် တိုက်လေယာဉ်များသည် ရုရှားလေယာဉ်များ၏ ဦးတည်ချက်ကို သိရှိထောက်လှမ်းရန် ပျံသန်းခဲ့ရခြင်း ဖြစ်သည်။ ဗြိတိန်လေပိုင်နက်နား ပျံသန်းခဲ့သည့် လေယာဉ်များမှာ Tupolev 95 အမျိုးအစား ဗုံးကြဲလေယာဉ်များဟု ယူဆရသည်။ ရုရှားသည် ယူကရိန်းနှင့် ပြဿနာများ ဖြစ်ပွားပြီးနောက် အနောက်နိုင်ငံများနှင့်ပါ ဆက်ဆံရေး တင်းမာနေချိန်တွင် ဥရောပ၌ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုပြုလုပ်လာခဲ့သည်။ ထိုအတောအတွင်း ဗြိတိန်ရေတပ်မှ တိုက်သင်္ဘော တစ်စင်းသည်လည်း နိုင်ငံ၏ ကမ်းလွန်ရေပြင်ကို ကျော်ဖြတ်ခုတ်မောင်းသွားသည့် ရုရှားဖျက်သင်္ဘော တစ်စင်းနောက်သို့ ခြေရာခံ ထောက်လှမ်းခဲ့ရသေးသည်။

Kulakov သင်္ဘောသည် စကော့တလန် မြောက်ပိုင်းမှ ဖြတ်သန်း ခုတ်မောင်းသွားရာ ယင်း၏ အခြေအနေကို HMS Dragonက လိုက်လံ အကဲခတ်ခဲ့ခြင်းဟု သိရှိရသည်။ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့သည် NATOတပ်ဖွဲ့မှ မဟုတ်သည့် နိုင်ငံတိုင်း၏ စစ်ရေးလှုပ်ရှားမှုများကို ဒေသတွင်း အတိုင်းအတာဖြင့် လေတပ်ရော၊ ရေတပ်ကိုပါ စောင့်ကြည့်နေစေကြော င်း ကြေ ညာ ထားသည်။

Planet Myanmar Network.
ဗြိတိသျှ လေပိုင်နက် အနီးသို့ ရုရှားလေယာဉ်များ ချဉ်းကပ်လာသဖြင့် ဗြိတိသျှလေတပ်၏ Typhoon တိုက်လေယာဉ်များ အရေးပေါ်တပ်လှန့် ပျံတက်ခဲ့ရကြောင်း သိရှိရသည်။ တော်ဝင်လေတပ်သည် ဗုဒ္ဓဟူးနေ့ က စိန့်အင်ဒရူး၌ တပ်စွဲထားသည့် တိုက်လေယာဉ်များကို ပျံတက်စေခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ ရုရှားလေယာဉ် နှစ်စင်းကို စကော့တလန် ကောင်းကင်ယံ အနီးတွင် တွေ့ရှိရပြီးနောက် တိုက်လေယာဉ်များ စေလွှတ်ရခြင်းသည် အလားတူ ဖြစ်စဉ်မျိုး ယခုနှစ်အတွင်း (၈)ကြိမ်မြောက်ဟုလည်း ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တော်ဝင်လေတပ် တိုက်လေယာဉ်များသည် ရုရှားလေယာဉ်များ၏ ဦးတည်ချက်ကို သိရှိထောက်လှမ်းရန် ပျံသန်းခဲ့ရခြင်း ဖြစ်သည်။ ဗြိတိန်လေပိုင်နက်နား ပျံသန်းခဲ့သည့် လေယာဉ်များမှာ Tupolev 95 အမျိုးအစား ဗုံးကြဲလေယာဉ်များဟု ယူဆရသည်။ ရုရှားသည် ယူကရိန်းနှင့် ပြဿနာများ ဖြစ်ပွားပြီးနောက် အနောက်နိုင်ငံ များနှင့်ပါ ဆက်ဆံရေး တင်းမာနေချိန်တွင် ဥရောပ၌ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုပြုလုပ်လာခဲ့ သည်။ ထိုအတောအတွင်း ဗြိတိန်ရေတပ်မှ တိုက်သင်္ဘော တစ်စင်းသည်လည်း နိုင်ငံ၏ ကမ်းလွန်ရေပြင် ကို ကျော်ဖြတ်ခုတ်မောင်းသွားသည့် ရုရှားဖျက်သင်္ဘော တစ်စင်းနောက်သို့ ခြေရာ ခံ ထောက်လှမ်းခဲ့ရသေး သည်။

Kulakov သင်္ဘောသည် စကော့တလန် မြောက်ပိုင်းမှ ဖြတ်သန်း ခုတ်မောင်းသွားရာ ယင်း၏ အခြေအနေ ကို HMS Dragonက လိုက်လံ အကဲခတ်ခဲ့ခြင်းဟု သိရှိရသည်။ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့ သည် NATOတပ်ဖွဲ့မှ မဟုတ်သည့် နိုင်ငံတိုင်း၏ စစ်ရေးလှုပ်ရှားမှုများကို ဒေသတွင်း အတိုင်း အတာဖြင့် လေတပ်ရော၊ ရေတပ်ကိုပါ စောင့်ကြည့်နေစေကြောင်း ကြေညာထားသည်။

Planet Myanmar Network.

No comments:

Post a Comment