Friday 25 April 2014

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ ဗလီ စာသင်ဆရာနှစ်ဦးကို ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်

Photo: ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ ဗလီ စာသင်ဆရာနှစ်ဦးကို ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ် 
Friday, April 25, 2014

ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီစာသင်ဆရာနှစ်ဦး ဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်ရှစ်နှစ်စီ သီးခြားကျခံစေရန် ဧ ပြီ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ညပိုင်းတာဝန်ကျ ဗလီစာသင်ဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ- ၃၀၄(က)(လူသေမှု)၊ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)တို့ဖြင့် တစ်နှစ်နီးပါးအကြာ  ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးသုံးသပ်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ရခြင်းဖြစ်ကာ ဗလီမှာ သော့အထပ်ထပ် ခတ်ထား၍ မီးသတ်ဝန်ထမ်းများက တံခါးများအား ရိုက်ဖွင့်၍ မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်း တာဝန်ကျ ဗလီစာသင်ဆရာနှစ်ဦး၏ ပေါ့ဆမှုဖြစ်သည်မှာ ပေါ်လွင်ခဲ့ကြောင်း တရားရုံးစီရင်ချက်များအရ သိရသည်။

ယင်းဗလီ မီးလောင်မှုကြောင့် အိပ်ခန်းအတွင်း အိပ်ပျော်နေသော အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦးမှာ မီးခိုးမွန်၍ မီးလောင်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

"တရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်ပေါ်ကို တရားခံရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ တရားရုံးကို အယူခံဝင်သွားမှာပါ" ဟု ပြစ် ဒဏ်ချမှတ်ခံရသူ နှစ်ဦး၏ ရှေ့နေဖြစ်သူ ဦးအုန်းမောင်က ပြောကြားခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ သေဆုံးခဲ့သော ကလေးငယ် ၁၃ ဦး၏ မိဘနှင့် အုပ်ထိန်းသူများမှ အမှုအား ကျေအေးကြောင်း ရုပ်သိမ်းလွှာကို လက်မှတ်ရေးထိုး တင်ပြထားခဲ့သော်လည်း တရားစီရင်မှုတွင် ပြည်သူအချင်းချင်း ဖြစ်ပွားသည့် ကိစ္စများကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးရန် ပြဌာန်းထားသည့်အ တွက် ပြည်သူများ၏ အသက်အိုးအိမ်တို့ကို ကာကွယ်ပေးရန် တရားရုံးများ၌ တာဝန်ရှိသည်နှင့်အညီ ယင်းကဲ့သို့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးစီရင်ချက်အရ သိရသည်။

Eleven Media Group
ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီစာသင်ဆရာနှစ်ဦး ဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်ရှစ်နှစ်စီ သီးခြားကျခံစေရန် ဧ ပြီ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ဗလီမီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ညပိုင်းတာဝန်ကျ ဗလီစာသင် ဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ- ၃၀၄(က)(လူသေမှု)၊ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)တို့ဖြင့် တစ်နှစ်နီးပါးအကြာ ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးသုံးသပ်ချက်များ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ရခြင်းဖြစ်ကာ ဗလီမှာ သော့အထပ်ထပ် ခတ်ထား၍ မီးသတ်ဝန်ထမ်းများက တံခါးများအား ရိုက်ဖွင့်၍ မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်း တာဝန်ကျ ဗလီစာသင်ဆရာနှစ်ဦး၏ ပေါ့ဆမှုဖြစ်သည်မှာ ပေါ်လွင်ခဲ့ကြောင်း တရားရုံးစီရင်ချက်များအရ သိရသည်။

ယင်းဗလီ မီးလောင်မှုကြောင့် အိပ်ခန်းအတွင်း အိပ်ပျော်နေသော အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦးမှာ မီးခိုးမွန်၍ မီးလောင်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

"တရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်ပေါ်ကို တရားခံရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ တရားရုံးကို အယူခံဝင်သွားမှာပါ" ဟု ပြစ် ဒဏ်ချမှတ်ခံရသူ နှစ်ဦး၏ ရှေ့နေဖြစ်သူ ဦးအုန်းမောင်က ပြောကြားခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ သေဆုံးခဲ့သော ကလေးငယ် ၁၃ ဦး၏ မိဘနှင့် အုပ်ထိန်းသူများမှ အမှုအား ကျေအေးကြောင်း ရုပ်သိမ်းလွှာကို လက်မှတ်ရေးထိုး တင်ပြထားခဲ့သော်လည်း တရား စီရင်မှုတွင် ပြည်သူအချင်းချင်း ဖြစ်ပွားသည့် ကိစ္စများကို ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်ပေး ရန် ပြဌာန်းထားသည့်အ တွက် ပြည်သူများ၏ အသက်အိုးအိမ်တို့ကို ကာကွယ်ပေးရန် တရားရုံးများ၌ တာဝန်ရှိသည်နှင့်အညီ ယင်းကဲ့သို့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးစီရင်ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment