Friday 25 April 2014

တရားမဝင် ကျွဲ၊ နွားများ သယ်ဆောင်လာသော စက်လှေတစ်စင်း ဖမ်းဆီးရမိ


ကျွဲ၊ နွားများ သယ်ဆောင်လာသော စက်လှေတစ်စင်းအား ဧပြီ ၂၃ ရက် နံနက်ပိုင်းက ပင်လယ်ပြင်ရေ ပိုင်နက် အတွင်း စစ်ဆင်ရေးတာဝန်ဆောင်ရွက် လျက်ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ်က ဖမ်းဆီးမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် နံနက် ၃ နာရီခွဲက ဧရာဝတီရေတပ်စခန်း ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ကမ်းခြေ စောင့်တိုက်ရေယာဉ် ၁၆၄ သည် မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း စစ်ဆင်ရေး တာဝန်ဆောင် ရွက်စဉ် မသင်္ကာဖွယ် စက်လှေတစ်စင်း ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့ရှိသဖြင့် စစ်ဆေး ရန်ခေါ်ယူခဲ့ သော်လည်း မောင်းနှင်ထွက်ပြေးသွား သောကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ရန်ကုန်မြို့ ၏တောင်ဘက် မိုင် ၄ဝ ခန့်အကွာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးရမိစက်လှေအား စစ်ဆေးရာ ဒဒကျော်ဇောလင်း ၉ဝဝဒဒ အမည်ရှိ သစ်သားကိုယ်ထည် စက်လှေ ဖြစ်ပြီး ယင်းစက်လှေပေါ်တွင် ကော့မှူးမြို့နယ် ညောင်ပင်သာ ကျေးရွာနေ သိန်းဦး(၄၂)နှစ်ပါ ခုနစ်ဦးတို့မှ ကျွဲအရှင် ၁၇ ကောင်၊ အသေ သုံးကောင်၊ နွားအရှင် ၃၈ ကောင်၊ အသေနှစ်ကောင်တို့အား တရားမဝင် သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယင်းကဲ့သို့ ကျွဲ၊ နွားများအား တရားမဝင် သယ်ဆောင်လာသူ သိန်းဦးပါ ခုနစ်ဦး တို့အား ဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

The Mirror Daily

No comments:

Post a Comment