Friday 25 April 2014

ကျောင်းအခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေး စီမံကိန်း စတင်ရေးဆွဲ

Photo: ကျောင်းအခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေး စီမံကိန်း စတင်ရေးဆွဲ
Friday, April 25, 2014

နိုင်ငံတစ်ဝန်း မူကြိုကျောင်း မရှိသော မြို့နယ်များတွင် ပညာရေး ဝန်ကြီးဌာန အသုံးစရိတ်ဖြင့် ကျောင်းအခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး စီမံကိန်း ရေးဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်းတာဝန်ခံ ပါမောက္ခ ဒေါ်မျိုးမြင့်ကြူက The Voice သို့ ပြောကြားသည်။

အစိုးရ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွင် ကျောင်းအခြေပြု မူကြိုကျောင်းများအတွက် အသုံးစရိတ် ထည့်သွင်းရန် ယင်းစီမံကိန်း ရေးဆွဲရခြင်းဖြစ်ရာ စီမံကိန်း ရေးဆွဲနေစဉ် ကာလအတွင်း နိုင်ငံတကာ အလှူရှင်များ ပေါ်ပေါက်ခဲ့လျှင်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်နိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကတည်းက ရပ်ရွာလူထုပံ့ပိုးမှုနှင့် ကျောင်းအခြေပြု မူကြို သုံးထောင်နီးပါး ဖွင့်လှစ်ထားပြီး ဖြစ်၍ ဦးစားပေး ဖွင့်လှစ်မည့် ဒေသများကို ပညာရေး ဝန်ထမ်းများနှင့် ပြန်လည် ဆွေးနွေးနေရကြောင်း ဒေါ်မျိုးမြင့်ကြူက ဆိုသည်။

အဆောက်အအုံ ဆောက်လုပ်ရေး၊ သင်ကြားရေးနှင့် အစားအသောက် အစီအစဉ်များအတွက် ဧပြီလ ၂၄ ရက်နေ့တွင် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး စတင်ပြုလုပ်ခဲ့ပြီး စီမံကိန်း ကုန်ကျစရိတ်အတွက် အစည်းအဝေးများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

အခြေခံပညာ မူလတန်းကျောင်းများတွင် မူကြိုတန်းတစ်တန်း ထပ်တိုးသင်ကြားရန် ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ပညာရေး ဝန်ကြီးဌာန၏ ပညာရေးမြှင့်တင်မှု အစည်းအဝေး ပွဲများတွင် ထည့်သွင်းထားခဲ့ပြီး ကျောင်းအခြေပြု မူကြိုများနှင့် ဆက်စပ်သင်ကြားမည့် အစီအစဉ် ရှိ၊ မရှိကိုမူ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ဖြေကြားခြင်း မရှိခဲ့ချေ။

“မြို့နယ်တစ်ခုမှာ ကျောင်းဘယ်လောက် ဖွင့်ပါလို့ ဦးစီးတွေက မတိုက်တွန်းပါဘူး။ အောက်ခြေက တင်ပြတဲ့အတိုင်း လုပ်သွားမှာ” ဟု ကျောင်းအခြေပြု မူကြိုဖွင့်လှစ်ရေး စီမံကိန်းတာဝန်ခံ ဒေါ်မျိုးမြင့်ကြူက ပြောကြားသည်။

အစိုးရက မူကြိုကျောင်းများ အသုံးစရိတ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ခွဲဝေပေးခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပညာရေး ဝန်ကြီးဌာန ကျောင်းအခြေပြု မူကြိုများကိုလည်း ထပ်တိုးပံ့ပိုးရန် ကျောင်းအခြေပြု မူကြို စီမံကိန်း ရေးဆွဲခြင်း ဖြစ်သည်။

The Voice Weekly
နိုင်ငံတစ်ဝန်း မူကြိုကျောင်း မရှိသော မြို့နယ်များတွင် ပညာရေး ဝန်ကြီးဌာန အသုံးစရိတ်ဖြင့် ကျောင်း အခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး စီမံကိန်း ရေး ဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်းတာဝန်ခံ ပါမောက္ခ ဒေါ်မျိုးမြင့်ကြူက The Voice သို့ ပြောကြားသည်။
အစိုးရ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွင် ကျောင်းအခြေပြု မူကြိုကျောင်းများအတွက် အသုံးစရိတ် ထည့်သွင်းရန် ယင်းစီမံကိန်း ရေးဆွဲရခြင်းဖြစ်ရာ စီမံကိန်း ရေးဆွဲနေစဉ် ကာလ အတွင်း နိုင်ငံတကာ အလှူရှင်များ ပေါ်ပေါက်ခဲ့လျှင်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်နိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကတည်းက ရပ်ရွာလူထု ပံ့ပိုး မှုနှင့် ကျောင်းအခြေပြု မူကြို သုံးထောင်နီးပါး ဖွင့်လှစ်ထားပြီး ဖြစ်၍ ဦးစားပေး ဖွင့်လှစ်မည့် ဒေသများကို ပညာရေး ဝန်ထမ်းများနှင့် ပြန်လည် ဆွေးနွေးနေရကြောင်း ဒေါ်မျိုးမြင့်ကြူက ဆိုသည်။

အဆောက်အအုံ ဆောက်လုပ်ရေး၊ သင်ကြားရေးနှင့် အစားအသောက် အစီအစဉ်များအတွက် ဧပြီလ ၂၄ ရက်နေ့တွင် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး စတင်ပြုလုပ်ခဲ့ပြီး စီမံကိန်း ကုန်ကျစရိတ်အတွက် အစည်း အဝေးများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

အခြေခံပညာ မူလတန်းကျောင်းများတွင် မူကြိုတန်းတစ်တန်း ထပ်တိုးသင်ကြားရန် ၂၀၁၃ ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ပညာရေး ဝန်ကြီးဌာန၏ ပညာရေးမြှင့်တင်မှု အစည်းအဝေး ပွဲများတွင် ထည့်သွင်း ထားခဲ့ပြီး ကျောင်းအခြေပြု မူကြိုများနှင့် ဆက်စပ်သင်ကြားမည့် အစီအစဉ် ရှိ၊ မရှိကိုမူ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ဖြေကြားခြင်း မရှိခဲ့ချေ။

“မြို့နယ်တစ်ခုမှာ ကျောင်းဘယ်လောက် ဖွင့်ပါလို့ ဦးစီးတွေက မတိုက်တွန်းပါဘူး။ အောက်ခြေက တင်ပြတဲ့အတိုင်း လုပ်သွားမှာ” ဟု ကျောင်းအခြေပြု မူကြိုဖွင့်လှစ်ရေး စီမံကိန်းတာဝန် ခံ ဒေါ်မျိုးမြင့်ကြူ က ပြော ကြားသည်။

အစိုးရက မူကြိုကျောင်းများ အသုံးစရိတ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ခွဲဝေပေးခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပညာရေး ဝန်ကြီးဌာန ကျောင်းအခြေပြု မူကြိုများကိုလည်း ထပ်တိုးပံ့ပိုးရန် ကျောင်းအခြေပြု မူကြို စီမံကိန်း ရေးဆွဲခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment