Wednesday 26 March 2014

မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့်ရှိနေရာ အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်မည်

Photo: မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့်ရှိနေရာ အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်မည်
Wednesday, March 26, 2014

မြန်မာနိုင်ငံတွင် အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့် ရှိသည့်အတွက် အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၅ ရက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၌ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူ ငါးသိန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ဦးနှောက်နှင့်အာရုံကြော အထူးကုဌာနများသို့ ပေးပို့သော အချက်အလက်များ၏ ၁၈ ရာခိုင်နှုန်းသည် အတက်ရောဂါ ရှိသူများဖြစ်ပြီး မြန်မာနိုင်ငံတွင် အတက်ရောဂါရှိသူ ၈၀ ရာခိုင်နှုန်းမှာ ဆေးကုသစောင့်ရှောက်မှု မရှိသေးကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က “အတက်ရောဂါဟာ အရေးကြီးတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်းငါးဆယ်ကျော်မှာ အတက်ရောဂါ ခံစားနေရပြီး မြန်မာနိုင်ငံမှာ အတက်ရောဂါ ခံစားနေရသူ ငါးသိန်းခန့် ရှိပါတယ်။ အတက်ရောဂါ ရှိသူများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အတက်ရောဂါ ဖြစ်ပွားနှုန်းမှာ သုံးဆလောက် ပိုမိုမြင့်မားပါတယ်” ဟု ပြောကြားခဲ့သည်။

အတက်ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများမှာ ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း၊ စီးပွားရေး၊ လူမှုရေး အခက်အခဲများကြောင့် ဆေးကုသမှု မခံယူနိုင်ခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ အတက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသော ကျွမ်းကျင်ဝန်ထမ်းများ မလုံလောက်ခြင်းတို့ကြောင့် အတက်ရောဂါကုသမှု ကွာဟချက် မြင့်မားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်းကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်အကောင်အထည်ဖော်ခဲ့ပြီး တိုးချဲ့သုံးမြို့နယ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်တွင် အတက်ရောဂါ စီမံချက်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အတက်ရောဂါရှိသူများ၏ ကုသမှုကွာဟချက်ကို လျှော့ချရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် UCB ကုမ္ပဏီတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်ကို လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားကို တွေ့ရစဉ်
မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အတက်ရောဂါ ခံစားနေရသူဦးရေ ငါးသိန်းခန့် ရှိသည့်အတွက် အတက်ရောဂါ စီမံချက်ကို လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၅ ရက် ကျန်းမာရေးဝန်ကြီး ဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၌ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၌ အတက်ရောဂါ ခံစားနေရသူ ငါးသိန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ဦးနှောက်နှင့် အာရုံကြော အထူးကုဌာနများသို့ ပေးပို့သော အချက်အလက်များ၏ ၁၈ ရာခိုင်နှုန်းသည် အတက်ရောဂါ ရှိသူ များဖြစ်ပြီး မြန်မာနိုင်ငံတွင် အတက်ရောဂါရှိသူ ၈၀ ရာခိုင်နှုန်းမှာ ဆေးကုသစောင့်ရှောက်မှု မရှိသေးကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်က “အတက်ရောဂါဟာ အရေးကြီးတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်းငါးဆယ်ကျော်မှာ အတက်ရောဂါ ခံစားနေရပြီး မြန်မာနိုင်ငံမှာ အတက်ရောဂါ ခံစားနေရသူ ငါးသိန်းခန့် ရှိပါတယ်။ အတက်ရောဂါ ရှိသူများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အတက်ရောဂါ ဖြစ်ပွားနှုန်းမှာ သုံးဆလောက် ပိုမိုမြင့်မားပါတယ်” ဟု ပြောကြားခဲ့သည်။

အတက်ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများမှာ ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း၊ စီးပွားရေး၊ လူမှုရေး အခက်အခဲများကြောင့် ဆေးကုသမှု မခံယူနိုင်ခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ အတက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသော ကျွမ်းကျင်ဝန်ထမ်းများ မလုံလောက်ခြင်းတို့ကြောင့် အတက်ရောဂါကုသမှု ကွာဟချက် မြင့်မားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်းကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်အကောင်အထည်ဖော်ခဲ့ပြီး တိုးချဲ့သုံးမြို့နယ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် နေပြည်တော်ေ ကာင် စီ နယ်မြေ အတွင်းရှိ လယ်ဝေးမြို့နယ်တွင် အတက်ရောဂါ စီမံချက်ကို အကောင်အထည် ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အတက်ရောဂါရှိသူများ၏ ကုသမှုကွာဟချက်ကို လျှော့ချရန် ကျန်း မာရေး ၀န်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် UCB ကုမ္ပဏီတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်ကို လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment