Wednesday 26 March 2014

ရန်ကုန်မြို့တွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာသည့်အတွက် ကာကွယ်မည့်နည်းလမ်းများ ပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား

Photo: ရန်ကုန်မြို့တွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာသည့်အတွက် ကာကွယ်မည့်နည်းလမ်းများ ပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား
Wednesday, March 26, 2014

ရန်ကုန်မြို့အတွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာနေသည့်အတွက် ကာကွယ်မည့်နည်းလမ်းများကို ဌာနပေါင်းစုံမှ ပူပေါင်းပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ညွှန်ကြားမှုပြုလုပ်ထားသည်ကို မတ် ၂၅ ရက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အောက်မြန်မာပြည်ရုံး၌ ကျင်းပခဲ့သည့် “ရန်ကုန်တိုင်းအတွင်း မြို့ပတ်ရထားလမ်းများပေါ်တွင် ရထားတိုက် သေဆုံးမှု များပြားနေမှုအပေါ် ပညာပေးခြင်းနှင့် ကာကွယ်မည့်နည်းလမ်းများ ချမှတ်ဆွေးနွေးခြင်း” သတင်းစာရှင်းလင်းပွဲ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ကျွန်တော်ဆီကိုတော့ ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကတော့ ရရှိခဲ့ပါတယ်။ ပြီးတော့ သက်ဆိုင်ရာအဆင့်လိုက် တာဝန်ရှိသူများကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းပန်းဝန်ကြီးနဲ့ တွေ့ဆုံပြီး ဘယ်လိုတွေ လုပ်ဆောင်မလဲဆိုတာ ဆွေးနွေးပြီးခဲ့ပါပြီ” ဟု ပြောကြားသည်။

လက်ရှိတွင် မြို့နယ်နှင့် ရပ်ကွက်များအလိုက် ရထားတိုက်ခံရမှု ဖြစ်စဉ်များကို အသိပေးမှုများ ပြုလုပ်ခြင်း၊ ကာကွယ်မည့် နည်းလမ်းများနှင့် ရထားလမ်းပိုင်း စနစ်များကို တိုးမြှင့်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ရထားတိုက်မှု ဖြစ်စဉ်များတွင် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများမှာ ရထားလမ်းပေါ်တွင် အိပ်နေခြင်း၊ ရထားလမ်းပိတ်ထားသည်ကို ဖြတ်ကျော်မောင်းနှင်ခြင်း၊ မောင်နှင်းနေသည့် ရထားအား တက်ရောက်စီနင်းခြင်းတို့မှာ အများဆုံး ဖြစ်ပွားနေပြီး ရထားပေါ်မှ အိပ်ငိုက်သေဆုံးမှုကြောင့် ပြုတ်ကျမှု၊ သံလမ်းအား ဖြတ်ကူးမှုနှင့် ရထားခေါင်မိုးတွင် စီးရာမှ တံတားပေါင်ဖြင့် တိုက်ရာမှ လူသေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်းလည်း ရထားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုနှစ်အတွင်း ရထားတိုက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ကိုးဦးထိရှိပြီး ယမန်နှစ် အလားတူကာလကထက် ပိုမိုများပြားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၂၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ရထားတိုက်၊ ကြိတ်မှုဖြစ်စဉ်များ၏ သေဆုံးမှု ၉၉ ရာခိုင်နှုန်းမှာ အသုံးပြုသူများ ပေါ့ဆမှုဖြစ်ကြောင်း ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားထားသည်။
   
Eleven Media Group

ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်အတွင်း ရထားတိုက်မှု ဖြစ်စဉ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်အတွင်း ရထားတိုက်မှု ဖြစ်စဉ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ရန်ကုန်မြို့အတွင်း ရထားတိုက်သေဆုံးမှု မြင့်တက်လာနေသည့်အတွက် ကာကွယ်မည့်နည်းလမ်းများကို ဌာနပေါင်းစုံမှ ပူပေါင်းပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ညွှန်ကြားမှုပြုလုပ်ထားသည်ကို မတ် ၂၅ ရက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အောက်မြန် မာပြည်ရုံး၌ ကျင်းပခဲ့သည့် “ရန်ကုန်တိုင်းအတွင်း မြို့ပတ်ရထားလမ်းများပေါ်တွင် ရထားတိုက် သေဆုံးမှု များပြားနေမှုအပေါ် ပညာပေးခြင်းနှင့် ကာကွယ်မည့်နည်းလမ်းများ ချမှတ်ဆွေးနွေးခြင်း” သတင်းစာရှင်းလင်းပွဲ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ကျွန်တော်ဆီကိုတော့ ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကတော့ ရရှိခဲ့ပါတယ်။ ပြီးတော့ သက်ဆိုင်ရာအဆင့်လိုက် တာဝန်ရှိသူများ ကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းပန်းဝန်ကြီးနဲ့ တွေ့ဆုံပြီး ဘယ်လိုတွေ လုပ်ဆောင်မလဲ ဆိုတာ ဆွေးနွေးပြီးခဲ့ပါပြီ” ဟု ပြောကြားသည်။

လက်ရှိတွင် မြို့နယ်နှင့် ရပ်ကွက်များအလိုက် ရထားတိုက်ခံရမှု ဖြစ်စဉ်များကို အသိပေးမှုများ ပြုလုပ်ခြင်း၊ ကာကွယ်မည့် နည်းလမ်းများနှင့် ရထားလမ်းပိုင်း စနစ်များကို တိုးမြှင့်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ရထားတိုက်မှု ဖြစ်စဉ်များတွင် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများမှာ ရထားလမ်းပေါ်တွင် အိပ်နေခြင်း၊ ရထားလမ်းပိတ်ထားသည်ကို ဖြတ်ကျော်မောင်းနှင်ခြင်း၊ မောင်နှင်းနေသည့် ရထားအား တက်ရောက် စီနင်းခြင်းတို့မှာ အများဆုံး ဖြစ်ပွားနေပြီး ရထားပေါ်မှ အိပ်ငိုက်သေဆုံးမှုကြောင့် ပြုတ်ကျမှု၊ သံလမ်းအား ဖြတ်ကူးမှုနှင့် ရထားခေါင်မိုးတွင် စီးရာမှ တံတားပေါင်ဖြင့် တိုက်ရာမှ လူသေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်း လည်း ရထားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုနှစ်အတွင်း ရထားတိုက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ကိုးဦးထိရှိပြီး ယမန်နှစ် အလားတူ ကာလကထက် ပိုမိုများပြားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၂၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ရထားတိုက်၊ ကြိတ်မှုဖြစ်စဉ်များ၏ သေဆုံးမှု ၉၉ ရာခိုင်နှုန်းမှာ အသုံးပြုသူများ ပေါ့ဆမှုဖြစ်ကြောင်း ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားထားသည်။
   
Eleven Media Group

No comments:

Post a Comment