Wednesday 26 March 2014

၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အခွန်မှရငွေ ယမန်နှစ်ထက် ၃၆ရာခိုင်နှုန်း တိုးမြှင့်လာမည်ဟု လျာထား

၂၀၁၄-၁၅ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ၏ အခွန်အကောက်ရငွေ စုစုပေါင်းမှာ ကျပ် ၄၈၉၀ ဒသမ ၅၈၀ ဘီလီယံ လျာ ထားရာ ယမန်နှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၊ အခွန်အကောက်ရငွေပေါင်း ကျပ် ၃၅၈၇ ဒသမ ၉၃၂ ဘီလီယံဖြစ်သဖြင့် ယခုနှစ်သည် ၃၆ ဒသမ ၃၁ ရာခိုင်နှုန်း တိုးမြှင့်လာသည် ဟု ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောသည်။
ပထမအကြိမ်၊ ပြည်ထောင်စုလွှတ် တော်၊ န၀မပုံမှန်အစည်းအဝေးတွင် ရှင်း လင်းတင်ပြသော ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ခန့်မှန်းခြေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဦးဝင်း ရှိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုး မှာလည်း ၂၀၁၃-၁၄ ခုနှစ် ပြုပြင်ပြီး ခန့် မှန်းခြေစာရင်းတွင် ၆ ဒသမ ၁ ရှိခဲ့ရာမှ ၂၀၁၄-၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် မူလခန့် မှန်းခြေတွင် ၇ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးလာသည် ဟုလည်း ၎င်းင်းက ပြောသည်။

၎င်းက“အခွန်အကောက်ရငွေ အသေးစိတ်စာရင်းကို အခွန်အကောက်ဥပဒေကြမ်း ဖြင့် သီးခြားတင်ပြထား ပါကြောင်း တင်ပြအပ်ပါတယ်”ဟု လွှတ်တော်သို့ ပြောကြားခဲ့သည်။ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကောက်ခံသော အခွန်အခများကို ပြည့်ပြည့်၀၀ ကောက်ခံရရှိနိုင်စေရန်နှင့် အခွန် အကောက်ရငွေနှင့် ဂျီဒီပီအချိုး ပိုမိုတိုးတက်မြင့်မားလာစေရန် အခွန်စနစ်ပြုပြင် ပြောင်းလဲရေး ပြည်တွင်း အခွန်ဦးစီးဌာန၏ ဖွဲ့စည်းတည်ဆောက်မှု ပုံစံ ပြုပြင်ပြောင်းလဲရန်နှင့် အခွန်ဥပဒေများ သုံးသပ်ပြင်ဆင်ရေး စသည့်လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက် ရှိပါကြောင်းလည်း ၎င်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment