Wednesday 26 March 2014

ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန် ဘဏ်များဖြင့်ပါ ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်

Photo: ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန် ဘဏ်များဖြင့်ပါ ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်
Wednesday, March 26, 2014

ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန်ဘဏ်များဖြင့် ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါဘဏ်မှ Chief Operating Offer ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိအချိန်ထိ ကျွန်တော်တို့ဘဏ်က နိုင်ငံခြားဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွေ ရှိပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ဘဏ်ပေါင်း ၆၅ ဘဏ်နဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။ ထပ်မံပြီး အမေရိကန်နိုင်ငံက ဘဏ်နဲ့လည်း ချိတ်ဆက်လုပ်ဆောင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ယူနိုက်တက်အမရာဘဏ်မှ Chief Operating Offer က ပြောကြားသည်။

ယူနိုက်တက်အမရာဘဏ်မှ ချိတ်ဆက်လုပ်ဆောင်လျက်ရှိသော ဘဏ်အများစုမှာ အာရှအခြေစိုက် ဘဏ်များဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့်ဘဏ်များအပြင် ဥပရောရှိ ဂျာမနီဘဏ်ဖြင့် ချိတ်ဆက်ထားသည်။

ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်ရှစ်ခု၊ ယူရိုဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်ငါးခု၊ စင်ကာပူဒေါ်လာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်လေးခု၊ RMB ဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်နှစ်ခု၊ ယမ်းနှင့်ဘတ်ငွေကြေးဖြင့် ချိတ်ဆက်ဆောင်ရွက်နေသောဘဏ်မှာ တစ်ခုရှိကြောင်း သိရသည်။

ယူနိုက်တက်အမရဘဏ်သည် ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မြို့ကြီးများ၌ ဘဏ်ခွဲ ၂၆ ခု ဖွင့်လှစ်ထားသော ဘဏ်တစ်ခုဖြစ်သည်။ ယခုအခါ ပြည်တွင်းဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲအ၀င် လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

ယူနိုက်တက်အမရာဘဏ်၏ ငွေလွှဲကောင်တာကို တွေ့ရစဉ်
ယူနိုက်တက်အမရာဘဏ်၏ ငွေလွှဲကောင်တာကို တွေ့ရစဉ်
ယူနိုက်တက်အမရာဘဏ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အမေရိကန်ဘဏ်များဖြင့် ထပ်မံချိတ်ဆက်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါဘဏ်မှ Chief Operating Offer ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။
“လက်ရှိအချိန်ထိ ကျွန်တော်တို့ဘဏ်က နိုင်ငံခြားဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွေ ရှိပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ဘဏ်ပေါင်း ၆၅ ဘဏ်နဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။ ထပ်မံပြီး အမေရိကန်နိုင်ငံက ဘဏ်နဲ့လည်း ချိတ်ဆက်လုပ်ဆောင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ယူနိုက်တက်အမရာဘဏ်မှ Chief Operating Offer က ပြောကြားသည်။

ယူနိုက်တက်အမရာဘဏ်မှ ချိတ်ဆက်လုပ်ဆောင်လျက်ရှိသော ဘဏ်အများစုမှာ အာရှအခြေစိုက် ဘဏ် များဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့် ဘဏ်များအပြင် ဥပရောရှိ ဂျာမနီဘဏ်ဖြင့် ချိတ်ဆက်ထားသည်။

ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်ရှစ်ခု၊ ယူရိုဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်ငါးခု၊ စင်ကာပူဒေါ်လာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်လေးခု၊ RMB ဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဘဏ်နှစ်ခု၊ ယမ်းနှင့်ဘတ်ငွေကြေးဖြင့် ချိတ် ဆက်ဆောင်ရွက်နေသောဘဏ်မှာ တစ်ခုရှိကြောင်း သိရသည်။

ယူနိုက်တက်အမရဘဏ်သည် ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန် တွင် မြန် မာနိုင်ငံ မြို့ကြီးများ၌ ဘဏ်ခွဲ ၂၆ ခု ဖွင့်လှစ်ထားသော ဘဏ်တစ်ခုဖြစ်သည်။ ယခုအခါ ပြည်တွင်း ဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲအ၀င် လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက် ရှိသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment