Wednesday 26 March 2014

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများနှင့် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၂၅ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေ စိုက် The Elders အဖွဲ့အစည်းမှ ဒုတိယဥက္ကဋ္ဌ၊ နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်ဟောင်း Dr. Gro Harlem တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏တာဝန်နှင့် အမျိုးသမီးများ၏တာဝန်ထမ်းဆောင်မှု ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ ကြကြော င်း သိရသည်။

တွေ့ဆုံမှုတွင် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့ ပါဝင်ခဲ့ပြီး The Elders အဖွဲ့တွင် ဖင်လန်နိုင်ငံ သမ္မတဟောင်း၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် Mr. Martti Ahtisaari နှင့် The Elders အဖွဲ့ CEO Ms. Lesley – Anne Knight တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment