Wednesday 26 March 2014

ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်၊ တည်းခိုခန်း တည်ဆောက်မှု ရပ်ဆိုင်းထားရန်သတိပေး

ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ဆောက် လက်စ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂၈ လုံးအား လုပ်ငန်းများရပ် ဆိုင်းထားရန် သတိပေးထားသည်ဟု ပုဂံမြို့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦး ကမဇ္ဈိမ ကိုပြောသည်။
ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ဆောက်လုပ်ဆဲ ဟိုတယ်နှင့်တည်းခိုရိပ်သာများအား သတ်မှတ်လုပ်ထုံးလုပ် နည်းများနှင့် အညီ ပြန်လည်တင်ပြပါရန် ညွှန်ကြားချက်ထုတ် ထားပြီးဖြစ်သော်လည်း လုပ်ငန်းများဆက် လက်ဆောင်ရွက်နေမှုများကြောင့် မတ်လ ၁၉ ရက်တွင် လုပ်ငန်းများရပ်ဆိုင်းထားရန် သတိပေးခဲ့ခြင်းဖြစ် သည် ဟု ယင်းက ပြောသည်။

ဦးမျိုးဦး က “ကျွန်တော်တို့က ပိတ် သိမ်းတာတော့မဟုတ်ပါဘူး။ ရှေးဟောင်းဇုန်အတွင်းမှာ တည်ဆောက် ဆဲဖြစ်တဲ့ ဟို တယ်နဲ့တည်းခိုရိပ်သာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့နည်းဥပဒေ အချက် အလက်တွေအတိုင်း ပြန်တင်ပြခိုင်းတာပါ ”ဟု ပြောသည်။

ရှေးဟောင်းဇုန်အတွင်း တည်ဆောက်ဆဲဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၈ လုံး အနေဖြင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းဇုန်ဥပဒေ၊ နည်းဥပဒေပါအချက်များနှင့်အညီဆောင်ရွက်ရန် ပုဂံမြို့ရှိ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်း သု တေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် နေပြည်တော်ယဉ်ကျေးမှုဝန် ကြီးဌာနသို့ ဆက်လက်တင်ပြမည်ဖြစ်ကာ ခွင့်ပြုချက်ရရှိမှသာ တည်ဆောက်ရေးလုပ် ငန်းများကိုဆက်လက်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်ဟု ဦးမျိုးဦးကရှင်းပြသည်။

ဦးမျိုးဦးက “နိုင်ငံခြားသား တွေလာ တယ်ဆိုတာက ရှေးဟောင်းနယ်မြေကိုလာ တာဖြစ်တယ်။ ဟို တယ် တွေ ဆီကို လာတာမဟုတ်တဲ့အတွက် အစိုးရကဟိုတယ်တွေ ထက်ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ပိုမိုထိန်းသိမ်နိုင်ဖို့ အလေးပေးဆောင် ရွက်နေတာပါ” ဟု ပြောသည်။

မတ်လ ၁၉ ရက်မတိုင်မီအထိ ပုဂံရှေး ဟောင်း ဇုန်အတွင်းတွင် ဟိုတယ်များဆက် လက် တည်ဆော က်နေ ကြောင်းနှင့် ထိုသို့တည်ဆောက်နေခြင်းအတွက် သက်ဆိုင် ရာဌာနများသို့ ကန့်ကွက်စာများပေး ပို့သွား ရန်ရှိကြောင်း ပုဂံဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေများတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာဆောင်လုပ်ခြင်းများကို နောင်တွင်ခွင့်ပြုတော့ မည် မဟုတ် ဘဲ ပုဂံဟိုတယ်ဇုန်တွင်သာ ဆောင်လုပ်ခွင့် ပြုတော့မည်ဖြစ်သည်ဟု ဦးမျိုးဦးက ပြောသည်။

ပုဂံတွင် ဟိုတယ်နှင့်တည်းခိုရိပ် သာ ၇၇ လုံးနှင့်အခန်းပေါင်း ၂,၃၀၀ ကျော်ရှိ သည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေးညွှန် ကြားမှုဦးစီးဌာနမှထုတ်ပြန် ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment