Thursday 13 February 2014

ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ

Photo: ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ
Thursday, February 13, 2014

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA သည် ယခင်က ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းပေါင်းစုံကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါဒေသခံ ရှမ်းနှင့် ပလောင် လူငယ်များအား စည်းရုံးကာ လူသစ်စုဆောင်းခိုင်းနေကြောင်း မံစီမြို့ခံတစ်ဦးက ပြောသည်။

``လူငယ်ဆိုတော့ ငွေရရင် ဘာမဆိုလုပ်မှာပဲလေ။ မူးယစ်ဆေးဝါးကိုလည်း သုံးချင်သလောက် ပေးတယ်။ ငွေကိုလည်း အမြောက်အမြားပေးတယ် ဆိုတော့ ဒေသခံရှမ်းနဲ့ ပလောင်လူငယ်တွေ စိတ်ပြောင်းသွားနိုင် တာပေါ့။ အခု KIA က သူတို့ ကိုယ်စား အဲဒီလူငယ်တွေကို စည်းရုံးပြီး လူသစ် စုဆောင်းခိုင်းနေတယ်´´ ဟု စီခမ်းကြီးရွာသား တစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ငွေကြေးရရှိထားသော ဒေသခံရှမ်းနှင့် ပလောင်လူငယ်များမှာ KIA အဖွဲ့ ဆီမှ ထုတ်ပေးထားသော တရားမ၀င် လက်နက်များကို ကိုင်ဆောင်ပြီး နန့်လင်းပါ၊ နန့်ကောက်၊ နန့်ဟန်၊ ကောင်းလွင်၊ မိုင်းနောင်၊ စီအူ၊ စီခမ်းကြီး ကျေးရွာများကို လှည့်လည်ကာ ရွယ်တူ ရှမ်း၊ ပလောင်လူငယ်များအား KIA အဖွဲ့ထဲသို့ဝင်ရန် လူသစ်စု ဆောင်းမှုများပြုလုပ်လာကြောင်း နန့်လင်းပါရွာသားများ၏ ပြောပြချက်အရ သိရသည်။

``အဓိကကတော့ ရှမ်းလူငယ်တွေကို စုဆောင်းခိုင်းတယ်လို့ သိရပါတယ်။ KIA ရဲ့ လုပ်ရပ်တွေဟာ ရှမ်းလူငယ် တွေရဲ့ အနာဂတ်ကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးနေတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီကိစ္စကို သေချာစုံစမ်းပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)အနေနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်ပါတယ်´´ ဟု ယင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခွန်နော်
Credit : Kachin Daily News
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက် အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA သည် ယခင်က ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းပေါင်းစုံကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ဆက်ကြေးကော က်ခြ င်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါဒေသခံ ရှမ်းနှင့် ပလောင် လူငယ်များအား စည်းရုံးကာ လူသစ်စုဆောင်းခိုင်းနေကြောင်း မံစီမြို့ခံတစ်ဦးက ပြောသည်။

``လူငယ်ဆိုတော့ ငွေရရင် ဘာမဆိုလုပ်မှာပဲလေ။ မူးယစ်ဆေးဝါးကိုလည်း သုံးချင်သလောက် ပေးတယ်။ ငွေကိုလည်း အမြောက်အမြားပေးတယ် ဆိုတော့ ဒေသခံရှမ်းနဲ့ ပလောင်လူငယ်တွေ စိတ်ပြောင်းသွားနိုင် တာပေါ့။ အခု KIA က သူတို့ ကိုယ်စား အဲဒီလူငယ်တွေကို စည်းရုံးပြီး လူသစ် စုဆောင်းခိုင်းနေတယ်´´ ဟု စီခမ်းကြီးရွာသား တစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ငွေကြေးရရှိထားသော ဒေသခံရှမ်းနှင့် ပလောင်လူငယ်များမှာ KIA အဖွဲ့ ဆီမှ ထုတ်ပေး ထားသော တရားမ၀င် လက်နက်များကို ကိုင်ဆောင်ပြီး နန့်လင်းပါ၊ နန့်ကောက်၊ နန့်ဟန်၊ ကောင်းလွင်၊ မိုင်းနောင်၊ စီအူ၊ စီခမ်းကြီး ကျေးရွာများကို လှည့်လည်ကာ ရွယ်တူ ရှမ်း၊ ပလောင်လူငယ်များအား KIA အဖွဲ့ထဲသို့ဝင်ရန် လူသစ်စု ဆောင်းမှု များပြုလုပ်လာကြောင်း နန့်လင်းပါရွာသားများ၏ ပြောပြချက်အရ သိရသည်။

``အဓိကကတော့ ရှမ်းလူငယ်တွေကို စုဆောင်းခိုင်းတယ်လို့ သိရပါတယ်။ KIA ရဲ့ လုပ်ရပ်တွေဟာ ရှမ်းလူငယ် တွေရဲ့ အနာဂတ်ကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးနေတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီကိစ္စကို သေချာစုံစမ်းပြီး ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(ကချင်ပြည်နယ်)အနေနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်ပါတယ်´´ ဟု ယင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခွန်နော်
Credit : Kachin Daily News

No comments:

Post a Comment