Thursday 13 February 2014

ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသား ဧည့်ဝင်ကြေး ပိုယူမှုများရှိဟုဆို

နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးနှင့် ဝင်ရောက်မှု အများဆုံး ဖြစ်သော ကမ္ဘာကျော် ရွှေ တိဂုံ စေတီတော်တွင် နိုင်ငံခြားသား များထံမှ ဧည့်ဝင်ကြေး ကောက်ခံရာတွင် သတ်မှတ်ထားသော ဧည့်ဝင်ကြေးထက် ပိုယူမှုများ ရှိကြောင်း ဂျပန် ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

“ဒေါ်လာ မပါတဲ့ နိုင်ငံခြားသားတွေဆို မြန်မာငွေ ကောက်ပေးတယ်။ အဲဒီမှာ ပြန်အမ်းငွေမှာ လျော့ပေး တာတွေ ရှိတယ်။ တရားဝင်ယူတာတော့ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ရွှေတိဂုံ စေတီတော်တွင် ဧည့်ဝင်ကြေး ကောက်ခံရာတွင် ဒေါ်လာဖြင့် ကောက်ခံကြောင်း၊ ဒေါ်လာ မပါ သည့် နိုင်ငံခြားသားများကို နေ့အလိုက် ဒေါ်လာပေါက်ဈေးအပေါ် မူတည်၍ မြန်မာငွေဖြင့် ကောက် ခံကြော င်း၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ အနေနှင့် ငွေကောက်ခံသည့် ကောင်တာများကို စစ်ဆေးမှုများ ပြု လုပ်ကြောင်း၊ ယင်းကဲ့သို့ ငွေကြေးပို ကောက်ခံသည်ကို တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရွှေတိဂုံ ဘုရားပေါ်သို့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေစဉ်အတွင်း ယင်းကဲ့သို့ ဘုရားပေါ် ဧည့်ဝင်ကြေး တိုးကောက်မှုကို မကြုံဖူးသေးကြောင်း ပြင်သစ် ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

၂၀၁၃ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသားများကို ဧည့်ဝင်ကြေး အမေရိကန်ဒေါ်လာ ငါးဒေါ်လာမှ ရှစ်ဒေါ်လာအထိ တိုးမြှင့် ကောက်ခံခဲ့သည်။ 

၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် ရွှေတိဂုံဘုရားကို မလေးရှား နိုင်ငံသားလေးဦး သွားရောက် လည်ပတ်စဉ်တွင် ဧည့်ဝင်ကြေး ပေးသွင်းရာတွင် ငွေစက္ကူ အနည်းငယ် နွမ်းနေသည့်အတွက် ဧည့်လမ်းညွှန်ကြေး ကောက်ခံ သည့် ကောင်တာမှ လက်မခံသဖြင့် နိုင်ငံခြားသား ခရီးသွားများအတွက် အဆင်မပြေမှုများ ရှိကြောင်းကို အင်္ဂလိပ် ဧည့်လမ်းညွှန်တစ်ဦးက သက်ဆိုင်ရာဌာနများထံ စာတင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ဒေါ်လာအနွမ်း ကိစ္စရပ်များ ဖြေရှင်းရန် အမေရိကန်ဒေါ်လာ အစား မြန် မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည်ဖြစ်ရာ ဝင်ကြေးအဖြစ် မြန်မာကျပ်ငွေရှစ်ထောင် သတ်မှတ် မည် ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment