Thursday 13 February 2014

ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်

Photo: ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်
Thursday, February 13, 2014

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၀၆၈ ဧကခန့်နှင့် ၄၅ လမ်းရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကခန့်တို့တွင် မြို့ပြအိမ်ရာ စီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းရှိ မြေဧရိယာ ၀ ဒသမ ၃၆၄ ဧကခန့်နှင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ၊ ပုလဲလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ ဒသမ ၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်းများ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ရာဇဓိရာဇ်လမ်းရှိ မြေဧရိယာ ၄၀ ဒသမ ၄၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ၀ ဒသမ ၁၀၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံ စီမံကိန်းတို့အား အကျိုးတူဆောင်ရွက်ရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတည်ပြုသည့် အစီအစဉ်များနှင့်အညီ တည်ဆောက်လုပ်ကိုင်ရမည်ဖြစ်ပြီး တင်ဒါစာရွက်စာတမ်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဖေဖော်ဝါရီ ၂၅ ရက်မှစတင်၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်သည်ဟု သိရသည်။

တင်ဒါသွင်းမည်ဆိုပါက အာမခံစပေါ်ငွေများ တင်ထားရမည်ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိ မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာငါးသောင်းတန်ဖိုး၊ ကျန်စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာတစ်သိန်းရှိ ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး မတ် ၃၁ ရက်မတိုင်မီ သွင်းရမည်ဖြစ်ကာ တင်ဒါဖွင့်ခြင်းကို တင်ဒါတင်သွင်းသူ ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်း(မင်းဓမ္မ)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံ စီမံကိန်းတို့အတွက်လည်း ၂၀၁၃ စက်တင်ဘာလအတွင်းက တင်ဒါများခေါ်ယူခဲ့ပြီး ယင်းတင်ဒါအတွက် ပြည်တွင်းရှိ နာမည်ကြီးကုမ္ပဏီများဖြစ်သော Capital Development Co.Ltd, A1 Construction, Asia Picific Construction, Ayeyar Hin Thar Construction, Yangon Engineering Group, New Innovation Co.Ltd, Ga Mone Pwint Co.Ltd, IGE Co.Ltd စသည့် ကုမ္ပဏီများက စိတ်ဝင်စားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တင်ဒါပိတ်ခဲ့သည်။

ယင်းသို့တင်ဒါပိတ်ပြီး ဖြစ်သော်လည်း တင်ဒါတင်သွင်းသည့် ကုမ္ပဏီအရေအတွက်နှင့် မည်သည့်ကုမ္ပဏီများ တင်ဒါတင်သွင်းခဲ့သည်ကို ထုတ်ပြန်၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (အဆောက်အအုံ)ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။  

Eleven Media Group

ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ်
 (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။


ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၀၆၈ ဧကခန့်နှင့် ၄၅ လမ်းရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကခန့်တို့တွင် မြို့ပြအိမ်ရာ စီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းရှိ မြေဧရိယာ ၀ ဒသမ ၃၆၄ ဧကခန့်နှင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ၊ ပုလဲလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ ဒသမ ၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်းများ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ရာဇဓိရာဇ်လမ်းရှိ မြေဧရိယာ ၄၀ ဒသမ ၄၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ၀ ဒသမ ၁၀၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံ စီမံကိန်းတို့အား အကျိုးတူဆောင်ရွက်ရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတည်ပြုသည့် အစီအစဉ်များနှင့်အညီ တည်ဆောက်လုပ်ကိုင်ရမည်ဖြစ်ပြီး တင်ဒါစာရွက်စာတမ်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဖေဖော်ဝါရီ ၂၅ ရက်မှစတင်၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်သည်ဟု သိရသည်။

တင်ဒါသွင်းမည်ဆိုပါက အာမခံစပေါ်ငွေများ တင်ထားရမည်ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိ မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာငါးသောင်းတန်ဖိုး၊ ကျန်စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာတစ်သိန်းရှိ ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး မတ် ၃၁ ရက်မတိုင်မီ သွင်းရမည်ဖြစ်ကာ တင်ဒါဖွင့်ခြင်းကို တင်ဒါတင်သွင်းသူ ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်း(မင်းဓမ္မ)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံ စီမံကိန်းတို့အတွက်လည်း ၂၀၁၃ စက်တင်ဘာလအတွင်းက တင်ဒါများခေါ်ယူခဲ့ပြီး ယင်းတင်ဒါအတွက် ပြည်တွင်းရှိ နာမည်ကြီးကုမ္ပဏီများဖြစ်သော Capital Development Co.Ltd, A1 Construction, Asia Picific Construction, Ayeyar Hin Thar Construction, Yangon Engineering Group, New Innovation Co.Ltd, Ga Mone Pwint Co.Ltd, IGE Co.Ltd စသည့် ကုမ္ပဏီများက စိတ်ဝင်စားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တင်ဒါပိတ်ခဲ့သည်။

ယင်းသို့တင်ဒါပိတ်ပြီး ဖြစ်သော်လည်း တင်ဒါတင်သွင်းသည့် ကုမ္ပဏီအရေအတွက်နှင့် မည်သည့် ကုမ္ပဏီများ တင်ဒါတင်သွင်းခဲ့သည်ကို ထုတ်ပြန်၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော် မတီ (အဆောက်အအုံ)ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။  

Eleven Media Group

No comments:

Post a Comment