Thursday 13 February 2014

ယာဉ်ကြောပိတ်ဆို့မှု အမြန်ဘတ်စ်ကားစနစ်ဖြင့် ဖြေရှင်းရန် အေဒီဘီ အကြံပေး

ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ဖြေရှင်းနိုင်ရန် အများပြည်သူသယ်ယူပို့ဆောင်ရေးအဖြစ် အမြန် ဘတ်စ် ကားစနစ် (BRTS) ကျင့်သုံးဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)အဖွဲ့က အကြံပေးထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်(၁) ဦးထွန်းကြည် က မဇ်္ဈိမကို ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့ နယ်ကို၂၀၁၃ ခုနှစ် အောက်တို ဘာလ က မန္တလေးမြို့၏ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုစီးပွားစစ်တမ်းများ ကောက်ယူခဲ့ရာ အိမ် ထောင်စု ၁၀၀ တွင် မော်တော်ဆိုင်ကယ် အစီးရေ ၁၄၆ စီးရှိကာ ကိုယ်ပိုင်မော်တော်ယာဉ် ၂၇ စီးခန့်သာ ရှိ သဖြင့် မော်တော်ဆိုင်ကယ် အများဆုံး အသုံးပြုသော မြို့တစ်မြို့ဖြစ်သည်ကို သယ်ယူပို့ဆောင်ရေးနှင့် ပတ် သက်ပြီး ရရှိခဲ့သော အချက်အလက် စစ်တမ်းများအရ သိရှိရကြောင်း ၎င်းက ပြောသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုတွင် မော်တော်ဆိုင်ကယ်အသုံးပြုမှုမှာ ကားအသုံးပြုမှုထက် အဆများစွာ ကွာခြားခြင်းကြောင့် အမြန်ဘတ်စ်ကား (BRTS)စနစ်ကို အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရန် မန္တလေး မြို့၏ တာဝန်ရှိသူများက စဉ်းစားသင့်ကြောင်း အကြံပေးခြင်း ဖြစ် သည်။

အမြန်ဘတ်စ်ကားစနစ်အသုံးပြုရန် အေဒီဘီမှ ပြည်ပပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် မန္တလေး မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်များကို မတ်လဆန်းတွင် လာရောက်လေ့လာပြီး ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်ကာ ၎င်းဆွေးနွေးမှုများပြီးပါက အများပြည်သူသယ်ယူ ပို့ဆောင်ရေး စနစ်အတွက် မဟာဗျူဟာ တစ် ရပ်ရေးဆွဲချမှတ် သွားရန်အစီအစဉ်ရှိကြောင်း ဦးထွန်းကြည် က ပြောသည်။

“ADB က နောက်တစ်ဖွဲ့က လာမယ့်မတ်လမှာ လာမယ်။ မန္တလေးမြို့ရဲ့သယ်ယူ ပို့ဆောင်ရေး စနစ်တွေ ကို လေ့လာမယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ သက်ဆိုင်တဲ့ ဌာနတွေ နဲ့ ပူးပေါင်း အကြံပြုပြီး တော့ မဟာဗျူဟာတွေ ရေးဆွဲသွားမယ်” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့၏ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်ပြီး နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေးဆွဲရန် လို အပ် ကြောင်းနှင့် အများပြည်သူများအတွက် ဘတ်စ်ကားစနစ်များ ပိုမိုကျင့်သုံးရန် လိုအပ် သည်။

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားသော အခြားနိုင်ငံများတွင် ထိုစနစ်ကို အကောင်အထည် ဖော်ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု သက်သာသွားကြောင်းနှင့် ၎င်းလိုအပ်ချက်များသည် မန္တလေးမြို့အတွက် အရေး ကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း အေဒီဘီအဖွဲ့မှUrban Planning Specialist Ms. Romola Singru က ဇန်န၀ါရီလကုန်ပိုင်းက ပြုလုပ်ခဲ့သော Alternative Actions for a Green Mandalay ဆွေး နွေးပွဲတွင် အကြံပြုပြောဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment