Thursday 13 February 2014

အင်ဂျင်နီယာများ အာဆီယံဒေသတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် ယခုနှစ်အတွင်း စခွင့်ပြုမည်

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာပညာရှင်များ အာဆီယံအဖွဲ့ဝင် နိုင်ငံ များ တွင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခွင့်ကို ယခုနှစ်အတွင်း စတင်စမ်းသပ် မည် ဖြစ်ေ ကြာင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ စိစစ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က The Voice သို့ ပြော ကြား သည်။

အာဆီယံ နိုင်ငံများတွင် တတ်သိ ကျွမ်းကျင် အလုပ်သမားများ လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်ခွင့်ကို ၂၀၁၅ ခုနှစ် အကုန်တွင် စတင်ကျင့်သုံးရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူညီ ထားပြီးဖြစ် ကာ အင်ဂျင်နီယာဆိုင်ရာ အကြံပေးများကို စတင်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“Skilled Labor နဲ့ပတ်သက်လို့ ခွင့်ပြုထားတဲ့အထဲမှာ Engineering လည်းပါတယ် ဆိုပေမယ့် Engineering ဆိုတာက အရမ်းကျယ်ပြန့်တဲ့အတွက် အစပိုင်းမှာ Consultant (အကြံပေး) တွေကိုပဲ အရင် ခွင့်ပြုသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

အာဆီယံ နိုင်ငံများအကြား သဘောတူညီထားသော အာဆီယံ စီးပွားရေး အသိုက်အဝန်း ၂၀၁၅ ခုနှစ် အကုန်တွင် ဖြစ်ပေါ်လာပါက လွတ်လပ်စွာ ကုန်စည် စီးဆင်းမှု၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေး အရင်း အနှီးနှင့် လူသားရင်းမြစ်၊ ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာ ကူးလူး ဆက်ဆံခွင့်တို့ ခွင့်ပြုရ မည် ဖြစ်သည်။ 

လူသားရင်းမြစ်နှင့် ကျွမ်းကျင်လုပ်သားများ အာဆီယံဒေသတွင်း လွတ်လပ်စွာ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် ရာတွင် ဆရာဝန်၊ သူနာပြု၊ သွားဆရာဝန်၊ ဗိသုကာ ပညာရှင်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်နှင့် မြေသား တိုင်းတာမှု ပညာရှင်များကို အာဆီယံနိုင်ငံ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြု လက်ခံသွားရန် သဘော တူညီထားကြသည်။

“တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျွမ်းကျင်မှု အဆင့်ချင်း မတူညီကြတဲ့အတွက် အာဆီယံ နိုင်ငံအားလုံး သဘောတူတဲ့ အဆင့်တစ်ခု အရင်သတ်မှတ်ပြီးရင် ဒါကိုအားလုံးက လက်ခံဖို့ လိုတယ်။ လက်ခံရုံနဲ့လည်း မပြီးသေးဘူး။ Work Permit (အလုပ်လုပ်ခွင့်) ဘယ်လိုပေးမလဲ ဆိုတာတွေ ဆွေးနွေးညှိနှိုင်း နေတုန်းပဲ” ဟု Asean Charter Professional Engineering ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသန်းမြင့်က ဆိုသည်။

အလုပ်သမားအင်အား များပြားလာသော်လည်း အမှန်တကယ် ကျွမ်းကျင်သော၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရပ် ကျွမ်းကျင်သူ (Vocational) နည်းပါးသည့်အတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း EU-Asean SME IPR Help Desk ၏ မြန်မာကျွမ်းကျင် ပညာရှင် ဦးမင်းတေဇညွန့်တင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment