Thursday 13 February 2014

ဆီးရီးယားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ဗီတိုအာဏာဖြင့် ပယ်ချရန် ရုရှားစီစဉ်

Photo: ဆီးရီးယားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ဗီတိုအာဏာဖြင့် ပယ်ချရန် ရုရှားစီစဉ်
Thursday, February 13, 2014

ဆီးရီးယားနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် ဆီးရီးယားသို့ စစ်ရေးအရ ကြားဝင် စွက်ဖက်မည့် ရှေ့ပြေး အဆိုပြုချက်သဖွယ် ဖြစ်နေခြင်းကြောင့် လက်သင့်ခံမည် မဟုတ်ဘဲ ဗီတိုအာဏာဖြင့် ပယ်ချရန် စီစဉ်မည် ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ဖော် ပြောကြားကြောင်း VOA သတင်းဌာနက ရေးသား ဖော်ပြသည်။ 

ရုရှားနိုင်ငံပိုင် RIA သတင်းဌာန၏ ရေးသား ဖော်ပြချက်အရ ဆီးရီးယားနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ လတ်တလော ဆုံးဖြတ်ချက်သည် လက်သင့်ခံနိုင်စရာ မရှိဟု ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂန်နဒီဂစ်တီလော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော် ပြောကြားသည်။ 

ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာရော့ဗ်ကလည်း ဆီးရီးယားသမ္မတ ဘာရှာအာဆတ် အစိုးရအပေါ် ပြစ်တင်မှု ပြုလုပ်ရန် တစ်ဖက်သတ် ကြိုးပမ်းချက်များကို ဆန်းစစ်ရန် တိုက်တွန်း ပြောဆိုသည်။ 

ဆီးရီးယားနိုင်ငံသို့ အကူအညီ အထောက်အပံ့များ ပေးအပ်မည့် လုပ်သားများအတွက် ကြီးမားသော ၀င်ရောက် လုပ်ကိုင်ခွင့်ပေးရန် ဆုံးဖြတ်ချက်အပေါ် ရုရှားနိုင်ငံမှ လွဲ၍ အခြားသော လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက သဘောတူညီကြသည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြင်သစ်သမ္မတ ဟော်လန်ဒဲယားနှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ 

“ဆီးရီးယား ပြည်သူတွေ စာလောင် မွတ်သိပ်နေကြတဲ့ အချိန်မှာ ဆီးရီးယား နိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မဖြစ်ပါဘူးလို့ မပြောနိုင်ကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ အခြားသော ပုဂ္ဂိုလ်တွေက ရုရှားနိုင်ငံ အာဏာပိုင်တွေကို တိုက်ရိုက် အသိပေး ပြောဆိုထားပြီး ဖြစ်ပါတယ်။ တကယ်လို့ လုံခြုံရေးကောင်စီရဲ့ ယခုလို ဆုံးဖြတ်ချက်မျိုးကို ပိတ်ဆို့မယ်ဆိုရင် ဆီးရီးယားတွေ သာမက ရုရှားတွေမှာလည်း တာဝန်ရှိမှာ ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။ 

ဆီးရီးယားသို့ အကူအညီ အထောက်အပံ့များ ပေးပို့မှုကို ဟန့်တားသူ မည်သူ့ကိုမဆို ဒဏ်ခတ် အရေးယူမည်ဟု လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းက ခြိမ်းခြောက်ထားသည်။

အိုဘားမားက လက်ရှိ အနေအထားတွင် ဆီးရီးယား အကျပ်အတည်းအတွက် စစ်ရေးဖြင့် ဖြေရှင်းနိုင်မည်ဟု မထင်မိကြောင်း၊ သို့သော် အခြေအနေများမှာ အမြဲမပြတ် ပြောင်းလဲလျက်ရှိရာ မိမိအနေနှင့် ဖြစ်နိုင်ခြေရှိမည့် အနေအထားများကို ရှာဖွေသွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားသည်။ 

ရုရှားသည် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်ပြီး ဗီတိုအာဏာ သုံးပိုင်ခွင့်လည်း ရရှိထားသည်။ 

ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှာအာဆတ်အပေါ် ဖိအားပေးမည့် ယခင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။

The Voice Weekly
ဆီးရီးယားနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် ဆီးရီးယားသို့ စစ်ရေးအရ ကြားဝင်စွက်ဖက်မည့် ရှေ့ပြေး အဆိုပြုချက်သဖွယ် ဖြစ်နေခြင်းကြောင့် လက်သင့်ခံမည်မဟုတ်ဘဲ ဗီတိုအာဏာဖြင့် ပယ်ချရန် စီစဉ် မည် ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ဖော် ပြောကြားကြောင်း VOA သတင်းဌာန က ရေးသား ဖော်ပြသည်။ 

ရုရှားနိုင်ငံပိုင် RIA သတင်းဌာန၏ ရေးသား ဖော်ပြချက်အရ ဆီးရီးယားနိုင်ငံသို့ လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ လတ်တလော ဆုံးဖြတ်ချက် သည် လက်သင့်ခံနိုင်စရာမရှိဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂန်နဒီဂစ်တီလော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော် ပြောကြားသည်။ 

ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာရော့ဗ်ကလည်း ဆီးရီးယားသမ္မတ ဘာရှာအာဆတ် အစိုးရအပေါ် ပြစ် တင်မှု ပြုလုပ်ရန် တစ်ဖက်သတ် ကြိုးပမ်းချက်များကို ဆန်းစစ်ရန် တိုက်တွန်း ပြောဆိုသည်။ 

ဆီးရီးယားနိုင်ငံသို့ အကူအညီ အထောက်အပံ့များ ပေးအပ်မည့် လုပ်သားများအတွက် ကြီးမားသော ၀င်ရောက် လုပ်ကိုင်ခွင့်ပေးရန် ဆုံးဖြတ်ချက်အပေါ် ရုရှားနိုင်ငံမှလွဲ၍ အခြားသော လုံခြုံရေးကောင်စီ အဖွဲ့ဝင် အားလုံးက သဘောတူညီကြသည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြင်သစ်သမ္မတ ဟော် လန်ဒဲယားနှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။ 

“ဆီးရီးယား ပြည်သူတွေ စာလောင် မွတ်သိပ်နေကြတဲ့ အချိန်မှာ ဆီးရီးယား နိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မဖြစ်ပါဘူးလို့ မပြောနိုင်ကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ အခြားသော ပုဂ္ဂိုလ်တွေက ရုရှားနိုင်ငံ အာဏာပိုင်တွေကို တိုက်ရိုက်အသိပေး ပြောဆိုထားပြီး ဖြစ်ပါတယ်။ တကယ်လို့ လုံခြုံရေးကောင်စီရဲ့ ယခုလို ဆုံးဖြတ်ချက်မျိုးကို ပိတ်ဆို့မယ် ဆိုရင် ဆီးရီးယားတွေ သာမက ရုရှားတွေမှာလည်း တာဝန်ရှိမှာ ဖြစ်ပါတယ်” ဟု အိုဘားမား က ပြောကြားသည်။ 

ဆီးရီးယားသို့ အကူအညီ အထောက်အပံ့များ ပေးပို့မှုကို ဟန့်တားသူ မည်သူ့ကိုမဆို ဒဏ်ခတ် အရေးယူမည် ဟု လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းက ခြိမ်းခြောက်ထားသည်။

အိုဘားမားက လက်ရှိ အနေအထားတွင် ဆီးရီးယား အကျပ်အတည်းအတွက် စစ်ရေးဖြင့် ဖြေရှင်းနိုင်မည် ဟု မထင်မိကြောင်း၊ သို့သော် အခြေအနေများမှာ အမြဲမပြတ် ပြောင်းလဲလျက် ရှိရာ မိမိအနေနှင့် ဖြစ်နို င်ခြေရှိ မည့် အနေအထားများကို ရှာဖွေသွားမည် ဖြစ်ကြောင်း အိုဘားမား က ပြော ကြားသည်။ 

ရုရှားသည် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံတွင် တစ်နိုင်ငံအပါအ၀င်ဖြစ်ပြီး ဗီတို အာဏာ သုံးပိုင်ခွင့်လည်း ရရှိထားသည်။ 

ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှာအာဆတ်အပေါ် ဖိအားပေးမည့် ယခင် လုံခြုံရေးကောင် စီ ဆုံးဖြတ် ချက်များကို ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။

The Voice Weekly

No comments:

Post a Comment