Thursday 13 February 2014

မြောက်ပိုင်းကျောင်းသားများသေဆုံးမှု အစီရင်ခံစာထွက်မည့်အချိန် တိကျရန် တောင်းဆို

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF ) မြောက်ပိုင်းတပ်တွင် ကျဆုံးခဲ့ သည့် ကျောင်းသားများ သတ်ဖြတ်ခံရမှုများနှင့်ပတ်သတ်၍ အစီရင်ခံစာ ထွက်မည့်အချိန် အတိအကျ ဖြစ်စေလိုသည်ဟု မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းတစ်ဦးဖြစ်သည့် မန္တလေးမှ ကို ညီညီကျော်က မဇ္ဈိမကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။


“တစ်လပြီးတစ်လ မထွက်နိုင်နဲ့ သူတို့တွေ စစ်တမ်းလာကောက်တုန်းကလည်း ကျောင်းသား ရဲဘော်ဟောင်းမိသားစုတွေက အကုန်ကူညီပေးလိုက်တယ်။ သေသေချာချာတော့ ထွက်စေချင်တယ်”ဟု ၎င်းက ပြောသည်။

အစီရင်ခံစာကို သေချာအောင် ဆောင်ရွက်ရသောကြောင့် အနည်းငယ်ကြန့်ကြာမှုရှိသည်ဟု စစ်တမ်း ကောက်ယူမှုပြုလုပ်နေသာ အမှန်တရားနှင့် တရားမျှတမှုကော်မတီ တာဝန်ခံကိုကျော်ကျော်လင်းက ဖေ ဖော်ဝါရီ ၁၀ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ရက်ရွှေ့ဆိုင်းခဲ့မှုများကြောင့် ထပ်မံ အချိန်ကြာမြင့်လာမည်ဆိုပါက သမ္မတအပါအ၀င် သက်ဆိုင်ရာများသို့ တိုင်စာပို့ကာ တရားဝင်တောင်းဆိုတော့မည်ဟုလည်း ကိုညီညီကျော်က ဆိုသည်။

မြောက်ပိုင်းတွင် သေဆုံးခဲ့သည့် ကျောင်းသားများအတွက် ၎င်းတို့၏မိသားစုဝင်များ၊ ကျန်ရှိကျောင်းသား ရဲဘော်ဟောင်းများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တွင် ရဲဘော်ဟောင်းများ၊ မိသား စုဝင်များက ဆွမ်းကပ် ဆုတောင်းမှုများ ပြုလုပ်ကြသည်။

ရန်ကုန်ဆွမ်းကပ်ပွဲသို့ လာရောက်သည့် ကျောင်းသားရဲဘော် မိသားစုဝင်တစ်ဦးက “ကျွန်မသားက မတရားသတ်ခံခဲ့ရတာ၊ သူက ကိုယ့်နိုင်ငံအတွက် တော်လှန်ရေးဝင်ဖို့ သွားတာကို အချင်းချင်းကြားမှာ ဖြစ်ရ တဲ့ကိစ္စပဲ၊ တော်လှန်ရေးမှာကျတယ်ဆို ဂုဏ်ယူရမယ်၊ အခုက မတရားလုပ်ခံရတာ”ဟု မဇ္ဈိမကို ပြော သည်။

မြောက်ပိုင်းတွင် ကျောင်းသားများသေဆုံးမှုများ၊ သတ်ဖြတ်ခံရမှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဗဟိုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးမိုးသီးဇွန်က “မိမိအနေဖြင့် ကျောင်းသားတပ်မတော်တွင် တာဝန်ယူခဲ့သည့်အချိန်တွင် သိရှိခဲ့သည့် အချက်အလက်များအား အစီရင်ခံစာပြုစုရာတွင် အသုံးပြုနိုင်ရန် ပေးအပ်ပြီးသားဖြစ်ကာ မဟာမိတ်အဖွဲ့များ၊ သက်ဆိုင်ရာသံရုံးများ၊ အမေရိကန်သံရုံးသို့လည်း ပေးပို့ ထားပြီး ဖြစ်သည်”ဟုလည်း မဇ္ဈိမကို ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း(ABSDF) မှ ကျောင်းသားရဲဘော်များ သေဆုံးမှုနှင့်ပတ်သက်၍ ကျန်ရှိနေသေးသည့် ကျောင်းသားရဲဘော်ဟောင်း များနှင့် မိသားစုဝင်များက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်း တိုက် တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်ထုတ်ပြန်ပြီးသည့် နောက်တွင် မြောက်ပိုင်း၊ ပါဂျောင်ဒေသတွင် သေဆုံးခဲ့သည့်ရဲဘော်များမှ မိသားစု ၀င်များမှ ထိုအမှုများကို တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်ပေးရန် အမှုဖွင့်တိုင်ကြား မှုများ ပြုလုပ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment