Thursday 13 February 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ပြဿနာ များနှင့် ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်တွင် အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများ အခြေ အနေ တိုးတက်မှုရှိမရှိ ဆန်းစစ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ ရက်တွင် လာရောက် မည်ဖြစ် သည်ဟု Channel News သတင်းမီဒီယာ၏ ဖော်ပြထားချက်အရ သိရသည်။


ယမန်နှစ်က ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည့် ၎င်း၏အစီရင်ခံစာ၌ လူမျိုးရေးဘာသာရေး ဒေသတွင်းပြဿ နာ များ၏ ပင်မအရင်းအမြစ်ကို အစိုးရအနေဖြင့် ဖြေရှင်းရန် ပျက်ကွက်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်သည် အလွန်ကြီး မားသော ဘေးအန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာကင်တားနား၏ နောက်ဆုံးခရီးစဉ် တွင် ၎င်း၏အစီရင်ခံစာနှင့် ပတ်သက်၍ မကျေနပ်သည့် ပြည်သူလူထုများ၏ ဆန္ဒပြမှုများနှင့် ရင်ဆိုင် ခဲ့ရသည်။

ယခုတစ်ကြိမ်တွင် ၎င်းသည် အစိုးရအရာရှိများနှင့် တွေ့ဆုံမည်ဖြစ်သလို ဘင်္ဂါလီများ၊ ရခိုင်အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ သောကြာနေ့မှ စတင်မည့် မစ္စတာကင်တားနား၏ ခြောက်ရက်ကြာ ခရီးစဉ်တွင် ကချင်ပြည်နယ်သို့လည်း သွားရောက်မည်ဟု သိရသည်။ မစ္စတာကင်တားနားက KIO အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အခြေအနေများ တိုးတက်ဖြစ်ထွန်းနေစေရန်အတွက် ၎င်းအနေဖြင့် မျှော်လင့် ပါကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ၎င်း၏ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားရောက် မည်ဖြစ်ပြီး လွှတ်တော်အမတ်များ၊ တရားရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်မည့် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်သည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားအတွက် နောက်ဆုံးခရီး စဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်း၏အစီရင်ခံစာ အပြည့်အစုံကို ကုလသမဂ္ဂက လူ့အခွင့် အရေးကောင်စီ ၌ မတ် ၁၇ ရက်တွင် တင်သွင်းမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment