Monday 24 February 2014

ရခိုင်ပြည်နယ် အတွင်း ကျေးရွာများတွင် GSM တာဝါတိုင်စခန်း ၄၁ ခု တိုးချဲ့ တည်ဆောက်

ရခိုင်ပြည်နယ်အတွင်း တန်ဖိုးနည်း GSM မိုဘိုင်းဖုန်း သုံးစွဲသူကျေးလက်နေပြည်သူများ GSM ဖုန်းများသုံးရာ တွင် မိုဘိုင်းစနစ်ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်အတွက် GSM တာဝါတိုင်စခန်း ၄၁ခုကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊မင်းပြား၊ မြေပုံ၊ မောင်တော၊ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ ကျေးလက်ဒေသများတွင် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


ရခိုင်ပြည်နယ်အတွင်း ပထမအဆင့်အနေဖြင့် GSM တာဝါတိုင်စခန်း ၄၇ ခုကို တည်ဆောက် တပ်ဆင် အသုံးပြုလျက် ရှိသည်။ ယခုတည်ဆောက်မည့် GSM တာဝါတိုင်စခန်းများမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနရန်ပုံငွေဖြင့် GSM တာဝါတိုင်စခန်း အခု ၄၀ တည်ဆောက် သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ငပလီကမ်းခြေဖွံ့ဖြိုးရေးအတွက် ဂျိတ္တောရွာ တွင် GSMတာဝါတိုင်စခန်း တစ်ခု တည်ဆောက်သွားမည်ဖြစ်ရာ စုစုပေါင်း ၄၁ တိုင် တည်ဆောက် သွားမည်ဖြစ် ကြောင်း သိရသည်။ “ကျေးလက်ဒေသ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက်GSM ဆက်သွယ်မှုမရသေး တဲ့နေရာတွေကို ဦးစားပေး ဆောင်ရွက် သွား မှာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင်လည်း ဆက်သွယ်မှုဧရိယာတွေ လွှမ်းခြုံနိုင်ဖို့အတွက် ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြည်နယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမန်နေဂျာ ဦးဒေ၀ကပြောကြားသည်။ လက်ရှိ ရခိုင်ပြည်နယ် အတွင်းမိုဘိုင်းဖုန်း သုံးစွဲသူဦးရေ ၁၉၄၉၁၁၈ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် လူတစ်ရာလျှင် ခြောက်ဦးနှုန်း မိုဘိုင်းဖုန်း အသုံးပြုလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment