Monday 24 February 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ
Monday,February 24, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေး အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်၌ လူဦးရေ ၂၀၀၀ ၀န်းကျင်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

တာမွေမြို့နယ် ဒေသခံများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး’ ဆိုင်းဘုတ်များ၊ နိုင်ငံအရေး အရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆(က/ခ)၊ ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ” ပြင်ဆင်ပေး စသည့်ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲမှာ ယခင်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ် တွင် ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲများထက် ပြည်သူလူထုများပြားစွာ ပါဝင်ခဲ့ပြီး လူဦးရေအများဆုံး ပါဝင်တောင်းဆိုသည့် ဆန္ဒပြပွဲဖြစ်သည်။

ဆန္ဒပြရာတွင် တာမွေမြို့နယ် ကျောက်မြောင်းဈေး မီးပွိုင့်အနီးရှိ သင်္ဂလမ်းနှင့် ဒဂုံသီရိ လမ်းထောင့်မှစ၍ ဆန္ဒပြသူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် ရပ်ကွက်အသီးသီးရှိ လမ်းများသို့ ၀င်ရောက်ခဲ့ကြသည်။ ထို့နောက် ဆန္ဒပြပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆွဲပေးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲပေးဖို့အတွက် ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်။ ဒါကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးတတ်တယ်၊ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်တတ်ပါတယ်။ ပြည်သူတွေရဲ့အသံကို နားမထောင်တဲ့ လွှတ်တော်ကိုယ်စားတွေကတော့ နောင်တစ်ခါ အရွေးခံရင် ၇ ရာခိုင်နှုန်းတောင် မဲရမှာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ရမှာပါ။ ပြီးတော့ နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (ဃ) (စ)ကို ပြင်ဆင်သင့်ပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို သက်ဆိုင်ရာအာဏာပိုင် အသီးသီးက မျက်နှာလွှဲ လျစ်လျူရှုထားမယ်ဆိုရင် ပြည်သူတွေအားလုံး လမ်းပေါ်ထွက် တောင်းဆိုမှုတွေ ဖြစ်လာပါလိမ့်မယ်ဟု” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ဆန္ဒပြပွဲအပြီးတွင် ပြောကြားခဲ့သည်။  

အလားတူ အဆိုပါနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး အပါအ၀င် နိုင်ငံရေးအရ ကန့်သတ်ဖိနှိပ် ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၃၀၀ ကျော်ဖြင့် မင်္ဂလာဒုံမြို့နယ် ဇိနမာန်အောင် ဘုရားရှေ့မှ ကျိုက္ကလဲ့ဘုရားရှေ့ထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အလုံမြို့နယ်၊ သန်လျင်မြို့နယ် တို့တွင် သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ တို့တွင် ပြုလုပ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်နှင့် တာမွေမြို့နယ်ပါ ၀င်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်
ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မ များ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန် တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေး အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်၌ လူဦးရေ ၂၀၀၀ ၀န်းကျင်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

တာမွေမြို့နယ် ဒေသခံများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး’ ဆိုင်းဘုတ်များ၊ နိုင်ငံအရေး အရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆(က/ခ)၊ ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ” ပြင်ဆင်ပေး စသည့်ဆိုင်းဘုတ် များ ကိုင်ဆောင် ၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲမှာ ယခင်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ် တွင် ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲများထက် ပြည်သူလူထုများပြားစွာ ပါဝင်ခဲ့ပြီး လူဦးရေ အများ ဆုံး ပါဝင်တောင်းဆိုသည့် ဆန္ဒပြပွဲဖြစ်သည်။

ဆန္ဒပြရာတွင် တာမွေမြို့နယ် ကျောက်မြောင်းဈေး မီးပွိုင့်အနီးရှိ သင်္ဂလမ်းနှင့် ဒဂုံသီရိ လမ်းထောင့်မှစ၍ ဆန္ဒပြသူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် ရပ်ကွက်အသီးသီးရှိ လမ်းများသို့ ၀င်ရောက် ခဲ့ကြ သည်။ ထို့နောက် ဆန္ဒပြပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆွဲပေးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲပေးဖို့အတွက် ပြည်သူလူထု က လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်။ ဒါကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးတတ်တယ်၊ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်တတ်ပါတယ်။ ပြည်သူတွေရဲ့အသံကို နားမထောင်တဲ့ လွှတ်တော် ကိုယ်စားတွေ ကတော့ နောင်တစ်ခါ အရွေးခံရင် ၇ ရာခိုင်နှုန်းတောင် မဲရမှာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ရမှာပါ။ ပြီးတော့ နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (ဃ) (စ)ကို ပြင်ဆင်သင့်ပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို သက်ဆိုင်ရာအာဏာပိုင် အသီးသီးက မျက်နှာလွှဲ လျစ်လျူရှုထားမယ်ဆိုရင် ပြည်သူတွေအားလုံး လမ်းပေါ်ထွက် တောင်းဆိုမှုတွေ ဖြစ်လာပါလိမ့်မယ်ဟု” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ဆန္ဒပြပွဲအပြီးတွင် ပြောကြားခဲ့သည်။  

အလားတူ အဆိုပါနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ပေးရေး အပါအ၀င် နိုင်ငံရေးအရ ကန့်သတ်ဖိနှိပ် ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၃၀၀ ကျော်ဖြင့် မင်္ဂလာဒုံမြို့နယ် ဇိနမာန်အောင် ဘုရားရှေ့မှ ကျိုက္ကလဲ့ ဘုရားရှေ့ထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး အတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက် တံတားမြို့ နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အလုံမြို့နယ်၊ သန်လျင်မြို့နယ် တို့တွင် သက်ဆိုင် ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ တို့တွင် ပြုလုပ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်နှင့် တာမွေမြို့နယ်ပါ ၀င်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment