Monday 24 February 2014

စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်

Photo: စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်
Monday,February 24, 2014

ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒထုတ်ဖော်မှုသည် ဒီရေကာတော စားကျက်မြေထဲသို့ ကျွဲနွားဆင်းကျောင်းသည့် ရွာသား ၄၄ ဦးကို တရားစွဲဆိုခြင်းနှင့် စားကျက်မြေ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နွားဆင်းကျောင်းခဲ့သည့် လယ်သမားများကို ၂ဝ၁၃ခုနှစ် အောက်တိုဘာလက ပိုင်နက်ကျူးလွန်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“စားကျက်မြေတွေ အရင်ရှိခဲ့တာကို ပြန်ရလိုချင်တယ်။ စားကျက်မြေ ဒီရေကာတော မရှိတော့ ကျေးရွာတော်တော်များ ပင်လယ်အဝ ဖြစ်နေတော့ မုန်တိုင်းတို့ ဘာတို့ ဖြစ်လာရင် အကာအကွယ်မဲ့ နေတယ်။ အခု ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေထဲ ကို ကျွဲနွားတွေကျောင်းမိတဲ့ ရွာ(၄၄)ဦးကို တရားစွဲခံထားရတာတွေကို ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ"ဟု ညောင်လိန် ကျေးရွာက ဦးချိုလွင်က မဇ္ဈိမကို ပြော သည်။

ဒေးဒရဲမြို့ တောင်သူများက ဆန္ဒထုတ်ဖော်ရာတွင် စားကျက်မြေ ပြန်လည် ရရှိရေး၊ ကျွဲနွား စားကျက်များတွင် ကျူးကျော်လုပ်ကိုင် သူ ခရိုနီ လယ်သမားများဖယ်ရှာရေး၊ နိုင်ငံတော်သမ္မတ ချမှတ်ထားသော ဥပဒေကို အကောင်အထည်ဖော်ရေး၊ စားကျက်မြေ အတွင်း လွတ်လပ်စွာ ကျောင်းခွင့်ရရှိရေး၊ တောင်သူလယ်သမားများအပေါ် တရားစွဲဆိုထားသော ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇) ပိတ်သိမ်းရေးနှင့် ဧရာဝတီတိုင်း အတွင်း ပုဒ်မ (၄၂၇)၊ (၄၄၇)တို့ဖြင့် တရားစွဲဆို ခံထားရသော တောင်သူလယ်သမားများ အမှုမှ ကင်းလွတ်ခွင့်ပြုရေး စသော ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းပုဒ်များနှင့် ဗွီနိုင်းများကိုင်ဆောင်ပြီး ကမ်းနားလမ်း (ဇတ်ဆိပ်)မှ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ သဇင်လမ်း၊ ပြည်တော်သာလမ်း၊ ဘုရားလမ်းသစ်တို့ကို လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကံ့ကော်လမ်းမှစုရပ်တွင် လူစုခွဲခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်မှုသည် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ၁/၂ဝ၁၄ ဖြင့် တရားဝင် ခွင့်ပြုချက် ရပြီးဖြစ်သဖြင့် ရဲအင်းအား ၃ဝခန့်က လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

“ဒီရေကာ စားကျက် ပြန်လည်ရရှိရေးအတွက် တောင်းဆိုတာ။ ကျွဲနွားတွေ စားသောက်ဖို့ အခက်အခဲရှိတယ်။ ကျေးရွာ (၄ဝ) အတွက်လည်း သဘာဝဘေးအန္တရာယ် တခုခုအတွက် ကာကွယ်မှု ကင်းမဲ့နေသလို ဖြစ်နေတာ နှစ်တော်တော်ကြာပြီ။ ဒီရေကာ စားကျက်မြေကို အရင်အစိုးရလက်ထက်က လယ်ယာလုပ်ခဲ့တယ်။ ဒီရေကာတောနဲ့ ပတ်သက်ပြီး လွှတ်တော်တွေ၊ ဝန်ကြီးချုပ် ဆီရော သက်ဆိုင်ရာကို တင်ပြထားတယ်။ အခုထိလည်း ဘာမှမလုပ်ပေးဘူး။ စားကျက်မြေ ဒီရေကာတာ ပြန်ထားစေချင်လို့ ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေကို ကျေးရွာ(၄၇)ရွာလောက်က မှီခိုနေရတာ၊ မလုပ်ပေးရင် နေပြည်တော် အထိ ချီတက် ဆန္ဒဖော်ထုတ်မယ်”ဟု ကျုံတက်ကျေးရွာ မှာဦးဇော်ဝင်းမှ မဇ္ဈိမသို့ ပြောသည်။

ဒေးဒရဲမြို့ နယ်၊ တော်ကနိကျေးရွာအုပ်စု ညောင်လိန်ကုန်း ကျုံဒါတ်ကျေးရွာအုပ်စု၊ ဒီရေကာတောစားကျက်မြေတွေကို ၁၉၉၃ ခုနှစ် ခန့်က ကျေးရွာဥက္ကဋ္ဌများ တစ်ဧက(၅ဝဝဝ)ခန့်ဖြင့် ရောင်းစားခဲ့ပြီး ယခင်က ဧက(၂ဝ၈၄)ရှိသည့် စားကျက်မြေသည် ပင်လယ်တိုက်စားမှုကြောင့် ဧက ၁ဝဝဝကျော်သာ ရှိတော့သည်ဟု ညောင်လိန်ကျေးရွာမှ ဦးချိုလွင်က ပြောသည်။ လက်ရှိတွင် ယင်းစားကျက်မြေပေါ်ရှိ လယ်မြေဧက ၁ဝ၈၃ဧက ပေါ်တွင် လယ်သမား ၇၄ဦးက လုပ်ကိုင်စားသောက်လျှက်ရှိသည်။

Written by စည်သူမောင်မောင်
Mizzima - News in Burmese
ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။


ဆန္ဒထုတ်ဖော်မှုသည် ဒီရေကာတော စားကျက်မြေထဲသို့ ကျွဲနွားဆင်းကျောင်းသည့် ရွာသား ၄၄ ဦးကို တရား စွဲဆိုခြင်းနှင့် စားကျက်မြေ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နွားဆင်းကျောင်းခဲ့သည့် လယ်သမားများကို ၂ဝ၁၃ခုနှစ် အောက်တိုဘာလက ပိုင်နက်ကျူးလွန်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“စားကျက်မြေတွေ အရင်ရှိခဲ့တာကို ပြန်ရလိုချင်တယ်။ စားကျက်မြေ ဒီရေကာတော မရှိတော့ ကျေးရွာတော်တော် များ ပင်လယ်အဝ ဖြစ်နေတော့ မုန်တိုင်းတို့ ဘာတို့ ဖြစ်လာရင် အကာအကွယ်မဲ့ နေ တယ်။ အခု ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေထဲ ကို ကျွဲနွားတွေကျောင်းမိတဲ့ ရွာ(၄၄)ဦးကို တရားစွဲခံ ထားရတာတွေကို ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ"ဟု ညောင်လိန် ကျေးရွာက ဦးချိုလွင် က မဇ္ဈိမကို ပြော သည်။

ဒေးဒရဲမြို့ တောင်သူများက ဆန္ဒထုတ်ဖော်ရာတွင် စားကျက်မြေ ပြန်လည် ရရှိရေး၊ ကျွဲနွား စားကျက်များ တွင် ကျူးကျော်လုပ်ကိုင် သူ ခရိုနီ လယ်သမားများဖယ်ရှာရေး၊ နိုင်ငံတော်သမ္မတ ချမှတ်ထားသော ဥပဒေကို အကောင်အထည်ဖော်ရေး၊ စားကျက်မြေ အတွင်း လွတ်လပ်စွာ ကျောင်းခွင့်ရရှိရေး၊ တောင်သူလယ် သမားများ အပေါ် တရားစွဲဆိုထားသော ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇) ပိတ်သိမ်းရေးနှင့် ဧရာဝတီတိုင်း အတွင်း ပုဒ်မ (၄၂၇)၊ (၄၄၇)တို့ဖြင့် တရားစွဲဆို ခံထားရသော တောင်သူလယ်သမားများ အမှုမှ ကင်းလွတ် ခွင့်ပြုရေး စသော ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းပုဒ်များနှင့် ဗွီနိုင်းများကိုင်ဆောင်ပြီး ကမ်းနားလမ်း (ဇတ်ဆိပ်)မှ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ သဇင်လမ်း၊ ပြည်တော်သာလမ်း၊ ဘုရားလမ်းသစ်တို့ကို လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကံ့ကော်လမ်းမှစုရပ်တွင် လူစုခွဲခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်မှုသည် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ၁/၂ဝ၁၄ ဖြင့် တရားဝင် ခွင့်ပြုချက် ရပြီးဖြစ်သဖြင့် ရဲအင်းအား ၃ဝခန့်က လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

“ဒီရေကာ စားကျက် ပြန်လည်ရရှိရေးအတွက် တောင်းဆိုတာ။ ကျွဲနွားတွေ စားသောက်ဖို့ အခက်အခဲ ရှိတယ်။ ကျေးရွာ (၄ဝ) အတွက်လည်း သဘာဝဘေးအန္တရာယ် တခုခုအတွက် ကာကွယ်မှု ကင်းမဲ့နေသလို ဖြစ်နေတာ နှစ်တော်တော်ကြာပြီ။ ဒီရေကာ စားကျက်မြေကို အရင်အစိုးရလက်ထက်က လယ်ယာ လုပ်ခဲ့ တယ်။ ဒီရေကာတောနဲ့ ပတ်သက်ပြီး လွှတ်တော်တွေ၊ ဝန်ကြီးချုပ် ဆီရော သက်ဆိုင်ရာကို တင်ပြထား တယ်။ အခုထိလည်း ဘာမှမလုပ်ပေးဘူး။ စားကျက်မြေ ဒီရေကာတာ ပြန်ထားစေချင်လို့ ဆန္ဒဖော်ထုတ် ရတာ စားကျက်မြေကို ကျေးရွာ(၄၇)ရွာလောက်က မှီခိုနေရတာ၊ မလုပ်ပေးရင် နေပြည်တော် အထိ ချီတက် ဆန္ဒဖော်ထုတ်မယ်”ဟု ကျုံတက်ကျေးရွာ မှာဦးဇော်ဝင်းမှ မဇ္ဈိမသို့ ပြောသည်။

ဒေးဒရဲမြို့ နယ်၊ တော်ကနိကျေးရွာအုပ်စု ညောင်လိန်ကုန်း ကျုံဒါတ်ကျေးရွာအုပ်စု၊ ဒီရေကာတော စားကျက်မြေတွေကို ၁၉၉၃ ခုနှစ် ခန့်က ကျေးရွာဥက္ကဋ္ဌများ တစ်ဧက(၅ဝဝဝ)ခန့်ဖြင့် ရောင်းစားခဲ့ပြီး ယခင်က ဧက(၂ဝ၈၄)ရှိသည့် စားကျက်မြေသည် ပင်လယ်တိုက်စားမှုကြောင့် ဧက ၁ဝဝဝကျော်သာ ရှိတော့သည်ဟု ညောင်လိန်ကျေးရွာမှ ဦးချိုလွင်က ပြောသည်။ လက်ရှိတွင် ယင်းစားကျက်မြေပေါ်ရှိ လယ်မြေ ဧက ၁ဝ၈၃ဧက ပေါ်တွင် လယ်သမား ၇၄ဦးက လုပ်ကိုင်စားသောက်လျှက်ရှိသည်။

Written by စည်သူမောင်မောင်
Mizzima - News in Burmese

No comments:

Post a Comment