Monday 24 February 2014

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ်သည့် စီမံကိန်းအား ရပ်ဆိုင်း

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ် သည့် စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။    


“ဧရာဝတီမြစ်ပေါ်မှာ ဆည်အနိမ့်တွေတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူဖို့ ဘယ်လ်ဂျီယမ်နိုင်ငံနဲ့ ပူးပေါင်းပြီး လေ့လာမှုပြုလုပ်နေတဲ့ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီ။ ဖြစ်နိုင်ချေလေ့လာမှုတွေကို ဆက်လုပ် မယ်ဆိုရင် ငွေကြေးကုန်ကျမှု ပိုများလာမှာမို့ပါ။ အဲဒီအစား ဧရာဝတီမြစ်ကြီး တစ်ခုလုံးကို လွှမ်းခြုံတဲ့ Master plan ရေးဆွဲနိုင်ဖို့ လုပ်ဆောင်သွားပါမယ်” ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ အပိုင်းမှစတင်ကာ မြစ်ဝကျွန်းပေါ်ဒေသအထိ အပိုင်းသုံးပိုင်းခွဲခြားကာ အသေး စိတ်တိုင်းတာသည့် report အား ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အား ကူညီပေးရန် ပြောကြားထားသည်ဟု သိရသည်။

ဧရာဝတီမြစ်ပေါ်တွင် ရေထိန်းတံခါးနှင့် ဆည်အနိမ့်များ တည်ဆောက်ပြီး မြစ်ကြောင်းထိန်းသိမ်းရေးနှင့် လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ရန် လေ့လာမှုပြုလုပ်ခြင်းအား ဘယ်လ်ဂျီယမ်နိုင်ငံမှ SBE Consulting Engineers အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

အဆိုပါအဖွဲ့မှ ဧရာဝတီမြစ်ပေါ်ရှိ ရေလမ်းကြောင်းလေးခုဖြစ်သည့် ဆီမီးခုံအောက်ဘက် ရန္တပိုရွာအနီးရှိ ရေလမ်းကြောင်း၊ ချောက်မြို့အနီးရှိ လန်းရွာရေလမ်းကြောင်း၊ မင်းလှမြို့အနီးရှိ ရေလမ်းကြောင်းနှင့် အောင်လံမြို့ အနီးရှိ ရုံးဆိပ်ရေလမ်းကြောင်းများအား ပထမအဆင့်လေ့လာမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment