Monday 24 February 2014

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်စေချင်

တောင်ကြီးမြို့ပေါ် နေရာအနှံ့အပြားတို့တွင် ယခင်ကကဲ့သို့ လမ်းဘေး တရားမဝင် စက်သုံးဆီ အရောင်း ဆိုင်ငယ်လေးများ ဖွင့်လှစ်ရောင်းချခြင်းများမပြုလုပ်ဖို့ တင်းကျပ်စွာ တားမြစ်အရေးယူမှုများ လုပ်ဆောင်မှု ကြောင့် ယခုအခါ မြို့တွင်း၌ တရားမဝင်စက်သုံးဆီများ ရောင်းချနေမှုများမရှိတော့ပေ။


တစ်ဖက်ကကြည့်ပါက မီးဘေးအန္တရာယ်နှင့် အခြားမလိုလား အပ်သော ပြဿနာ များ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ်မှုပြုပြီး သား ဖြစ်သွားသော်လည်းတောင်ကြီးမြို့တွင်း၌ တရားဝင်ဖွင့်လှစ်ခွင့် ရရှိပြီး ရောင်းချပေး လျက် ရှိနေသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အရေအတွက်မှာ သုံးဆိုင်သာရှိပြီး အဆိုပါ အရောင်း ဆိုင် များမှာလည်း ဗိုလ်ချုပ်လမ်းမ ပေါ်၌သာ တည်ရှိနေသဖြင့် မြို့ရှိယာဉ်ပိုင်ရှင်များ၊ စက်တပ်ယာဉ် အသုံးပြုနေ သူများ အနေဖြင့် မိမိတို့၏ ယာဉ်များ

စက်သုံးဆီလိုအပ်ချက်အရေးပေါ်လိုအပ်လာပါက မြို့တွင်းရှိ မည်သည့်နေရာ တွင် ရောက်ရှိ နေပါစေ စက်သုံးဆီအရောင်းဆိုင်ရှိရာသို့ ခက်ခဲစွာ တစ်ဆင့် သွားရောက်နေရမှုများ ကြုံတွေ့နေရပါသည်။ ထို့အပြင် မြို့တွင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်အနေဖြင့်လည်း မကြာခဏ စက်သုံးဆီများ အရောင်းပြတ်လပ် သွား သည်နှင့် ကြုံတွေ့လာနေရပြီး အရောင်းပိတ် ရမှုများ လည်း မကြာခဏကြုံတွေ့လာ ရပါသဖြင့် အဆင် မပြေ မှု များဖြစ်နေကြ ပါသည်။

ထို့ကြောင့် တောင်ကြီးမြို့အတွင်းရှိ ဗိုလ်ချုပ်လမ်းမပေါ်၌ သာပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ တည်ရှိ နေခြင်းမျိုး မဟုတ်ဘဲ ကျန်နေရာများ ၌ပါ သက်ဆိုင်ရာမှ စနစ်တကျ စည်းကမ်းသတ်မှတ်ချက် များ နှင့်အညီ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ထပ်မံ ဖွင့်လှစ်ရောင်းချပေးသင့် ပါကြောင်း အကြံပြုလိုက်ရ ပါသည်။

KZLM(တောင်ကြီး)
MOI Webportal Myanmar

No comments:

Post a Comment