Wednesday 18 December 2013

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ

ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။
“ကချင်အမျိုးသားတွေရဲ့ လုပ်ရမယ့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်တွေ ကို ဆွေးနွေးဖြစ် တယ်။ ဘယ်လိုဆက် လုပ်သွားမယ်ဆိုတာ ကချင်အမျိုးသားတွေအားလုံး နားလည်သိရှိအောင် ရှင်းပြတာပဲ။ ပညာပေး ဆွေး နွေးပွဲဖြစ် တယ်။ ကချင်အမျိုးသားရေးအတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲပါ”ဟု KIO မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

ကချင်ပြည်နယ် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ လားရှိုး၊ ပူတာအို၊ ဖားကန့်၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်းမြို့ကြီးများမှ ကချင်လူထုကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်နေပြီး ဒီဇင်ဘာ ၁၈ ရက် အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာလ ၂ ရက်အထိ လေးရက်ကြာ လိုင်ဇာတွင် ကျင်း ပခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်များကို KIO မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ရှောင်က ကိုယ်စားလှယ်များအား ရှင်းပြခဲ့ သည်ဟု ဆွေးနွေးပွဲတက်ရောက်သူ KIO အရာရှိတစ်ဦးက ပြောသည်။

ဆွေးနွေးပွဲသည် မြန်မာအစိုးရဘက်က လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ဆောင်ချက်များအပေါ် ကချင် လူထု ကြိုတင်သိရှိရန်ဖြစ်ပြီး ကချင်အမျိုးသားများအတွက် အရေးကြီးသော ဆွေးနွေး ပွဲလည်း ဖြစ် သည်။

ဖနိဒါ
Mizzima - News in Burmese

No comments:

Post a Comment