Wednesday 18 December 2013

မြောက်ပိုင်းကျောင်းသားများသေဆုံးမှု ဖြေရှင်းချက်ပေးရန် အစီရင်ခံစာရေးနေပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်မှ မြောက်ပိုင်းတွင် ကျောင်းသားများ သေဆုံးမှုနှင့်ပတ် သက်၍ စစ်တမ်းပြန်လည်ကောက်ယူ မှုများ ပြုလုပ်ခဲ့ပြီး ကောက်ယူထားသည့် စစ်တမ်းများကို အတည် ပြုကာ အစီရင်ခံစာအဖြစ် စတင်ရေးသားမည်ဟု အစီခံစာရေးသားရန် တာဝန်ယူထားသူ ကိုကျော်ကျော် လင်းက မဇိ္ဈမသို့ ပြောသည်။အစီရင်ခံစာရေးသားနေသော လက်ရှိလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုကော် မတီ၏တာဝန်ခံ ကိုကျော်ကျော်လင်းက “အတည်ပြုချက် ပြန်ယူတယ်ဆိုတာက ပြောတာတွေ အားလုံး ထဲကမှ မျက်မြင်တွေ့ခဲ့တာလား။ တကယ်လား၊ အမှုမှာ ပြောတဲ့သူက ဘယ်လိုပါဝင်ပတ်သက်ခဲ့လဲဆို တာတွေကို ကြည့်ပြီး အတည်ပြုတာတွေ ပြန်လုပ်နေတာပါ၊ အတည်ပြုတာနဲ့တစ်ပြိုင်နက် Report ကို လည်း စရေးနေပြီ”ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ မြောက်ပိုင်းတွင် ကျောင်းသားများ သေ ဆုံးမှုနှင့် ပတ်သက်၍ ကျောင်းသားများ၏ မိသားစုများ၊ ပြည်သူများအား ပြန်လည် ဖြေရှင်းချက် ထုတ် ပြန်ပေးရန်နှင့် ပြည်သူများအား အစီရင်ခံစာ ပြန်လည်တင်ပြရန် စစ်တမ်းကောက်ယူမှုများကို၂၀၁၃ ခုနှစ် ဇွန်လမှ စတင် ပြုလုပ်ခဲ့သည်။

အဆိုပါစစ်တမ်းများကို အခြေပြုပြီး အစီရင်ခံစာရေးသားခြင်းနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အတွင်းတွင် ပြု လုပ်ရေးသားသွားမည်ဟု ကျောင်းသား တပ်မတော်မှ မဇိ္ဈမသို့ ပြောဆိုပြီး ဖြစ်သည်။ အစီရင်ခံစာရေး သားမှုကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် အပြီးသတ်မည်ဟုလည်း ကိုကျော်ကျော်လင်းက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment