Wednesday 18 December 2013

ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံနေရသော ရှမ်းမျိုးနွယ်စုများ

Photo: ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံနေရသော ရှမ်းမျိုးနွယ်စုများ
Wednesday, December 18, 2013

ယနေ့ သတင်းမီဒီယာဝက်ဆိုဒ် တော်တော်များများမှာ KIAအဖွဲ့မှ ကချင်ပြည် နယ်အတွင်းမှာရှိသော ရှမ်းမျိုးနွယ်စု များအပေါ် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ၊ ဆက်ကြေး ကောက်ခံမှုများ အား နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။ ကချင်ပြည်နယ်သည် ၁၉၄၈ခုနှစ် မတိုင်မီက မြေပြန့်တောင်ပေါ် ခွဲခြားအုပ်ချုပ်ခဲ့သော်လည်း လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ကချင်ပြည်နယ် သတ်မှတ် သည့်အချိန်တွင် ရှမ်းနယ်မြေ များစွာ ပါဝင်သွားခဲ့ပါတယ်။ ကချင်ပြည်နယ်ကို အဓိက ခရိုင်ကြီး(၄)ခုဖြင့် ဖွဲ့စည်းထားပြီး ခရိုင်(၄)မြို့၏ အမည်များဟာ ရှမ်းနာမည်များသာ ဖြစ်ပါတယ်။

KIA ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း ရှမ်းရွာများတွင် KIA ဆက်ကြေး ကောက်မခံရသော ၊ လူသစ်စုဆောင်းခြင်း မခံရသော၊ အသတ် မခံရသော ကျေးရွာများမှာ မရှိသလောက်ပင် ဖြစ်ပါတယ်။ဒီဒုက္ခတွေကို ကျနော်တို့ ရှမ်းလူမျိုးတွေ ခံစားလာရတာဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ခံစားလာခဲ့ရတာပါ။ KIA၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံစားခဲ့ရပေမယ့် ဒေသခံများမှာ အသက်အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်ခဲ့သည့်အတွက် မည်သည့်အဖွဲ့အစည်းကိုမှ တင်ပြတိုင်တန်း ခဲ့ခြင်း မရှိခဲ့ပါဘူး။ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်မီ အစိုးရနှင့်တိုက်ပွဲများ ဖြစ်နေသောကာလတွင်လည်း KIAအဖွဲ့များမှာ လမ်းတံတားများ ဖျက်ဆီးခြင်း ၊ လူသစ်စုဆောင်းခြင်း ၊ မိုင်းထောင်ဖောက်ခွဲခြင်းစတဲ့ လုပ်ရပ်တွေကို ပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။ KIAရဲ့ လုပ်ရပ်တွေကို မနှစ်မြိုပေမယ့် ထိုအချိန်ကတည်း က ကြောက်ရွံခဲ့ရ၍သာ ငြိမ်ခံနေခဲရတာပါ။

ယခုလို တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်ဆဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပြီးသည့် နောက်ပိုင်းကာလတွင် ဒီဒုက္ခတွေကို ပိုမိုပြီး သိသိသာသာ ခံစားလာရပါတယ်။KIAဟာ ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မဟုတ်ပေမယ့် ကိုယ့်ပြည်နယ် ဒေသအတွင်းမှာရှိသော ၄င်းတို့၏ မျိုးနွယ်စုများမှလွဲ၍ တခြားမျိုးနွယ်စု များအပေါ်တွင် တစ်နေ့ထက်တစ်နေ့ ထင်ထင်ပေါ်ပေါ် လူသစ်စုမှုများ၊ ဆက်ကြေး ကောက်မှုများ ပြုလုပ်လာတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိသော ရှမ်းနီပါတီနှင့် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့များမှ ကေအိုင်အေအဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း မပြုရန် မေတ္တာရပ်ခံထားသောလည်း ကေအိုင်အေ အဖွဲ့က ရှမ်းရွာသားများ အား ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေပါတယ်။ ကေအိုင်အေအဖွဲ့က ယခုလဆန်းပိုင်းကစပြိး တပ်သားသစ် စုဆောင်းနေမှုများဟာ ယနေ့တိုင်ပင် ဖြစ်ပြီး အများစုမှာ ရှမ်းရွာသားပဲ ဖြစ်ပါတယ်။KIAရဲ့ လူသစ်စုဆောင်မှု များ တွင် အသက်မပြည့် သေးသူများလည်း အများအပြား ပါဝင်နေပါတယ်။ ယခုဆိုလျင် ရွာထဲတွင်သာ လာရောက် စုဆောင်းခြင်း မဟုတ်တော့ဘဲ လုပ်ငန်းခွင်များထဲအထိပါ လာရောက်ပြီး အတင်းအဓမ္မ စုဆောင်းခြင်း ပြုလုပ်လာပါတယ်။ဒီနှစ် ဒီဇင်ဘာလအတွင်းတွင် ကေအိုင်အေကနေ ဖမ်းဆီးထားတာ အယောက်(၁၀၀)ကျော် ရှိနေပါပြီ။ ထွက်ပြေးလွတ်မြောက် လာသူများကိုလည်း ကေအိုင်အေ က တဖန်ပြန်လည်ဖမ်းဆီးပါတယ်။

ကေအိုင်အေမှ အခုလိုလုပ်ရပ်များ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေးကို မလိုလားဘဲ “၀”တွေလို ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပဌာန်းခွင့်ရယူလို၍ ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေက “၀”အထူးဒေသမှာဆိုရင်လည်း “၀”တပ်တွေရဲ့ ဆက်ကြေးကောက်ခံခြင်း ၊ လူသစ်စုဆောင်းခြင်း တွေကို ခံရပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာဖြစ်ဖြစ် ကျနော်တို့ ရှမ်းမျိုးနွယ်စုတွေဟာ အခံဘက်ကပဲ ဖြစ်နေပါတယ်။သို့ဖြစ်ပါ၍ ကျနော်တို့ ရှမ်းမျိုးနွယ်စုများဘက်မှ တာဝန်ရှိသူများက မျှမျှတတဖြစ်အောင် ပြုလုပ်ပေးစေလိုပါတယ်။ အကယ်၍ ထိုသိုမျှတမှုရရှိအောင် တာဝန်ရှိသူများမှ ပြုလုပ်ပေးခြင်း မရှိလျင် လက်နက် ကိုင်ပြီး တိုက်ခိုက်ရုံမျှလွဲပြီး တခြားနည်းဖြင့် တရားမျတမှုကို ရရှိနိုင်တော့မည် မဟုတ်ပါကြောင်း ပြောကြားလိုက်ချင်ပါတော့သည်။

စိုင်းအိုက်ပီး
ယနေ့ သတင်းမီဒီယာဝက်ဆိုဒ် တော်တော်များများမှာ KIAအဖွဲ့မှ ကချင်ပြည် နယ်အတွင်းမှာရှိသော ရှမ်းမျိုးနွယ်စု များအပေါ် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ၊ ဆက်ကြေး ကောက်ခံမှုများ အား နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။
ကချင်ပြည်နယ်သည် ၁၉၄၈ခုနှစ် မတိုင်မီက မြေပြန့်တောင်ပေါ် ခွဲခြားအုပ်ချုပ်ခဲ့သော်လည်း လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ကချင်ပြည်နယ် သတ်မှတ် သည့်အချိန်တွင် ရှမ်းနယ်မြေ များစွာ ပါဝင်သွားခဲ့ပါတယ်။ ကချင်ပြည်နယ်ကို အဓိက ခရိုင်ကြီး(၄)ခုဖြင့် ဖွဲ့စည်းထားပြီး ခရိုင်(၄)မြို့၏ အမည်များဟာ ရှမ်းနာမည်များသာ ဖြစ်ပါတယ်။

KIA ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း ရှမ်းရွာများတွင် KIA ဆက်ကြေး ကောက်မခံရသော ၊ လူသစ်စုဆောင်းခြင်း မခံရသော၊ အသတ် မခံရသော ကျေးရွာများမှာ မရှိသလောက်ပင် ဖြစ်ပါတယ်။ဒီဒုက္ခတွေကို ကျနော်တို့ ရှမ်းလူမျိုးတွေ ခံစားလာရတာဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ခံစားလာခဲ့ရတာပါ။ KIA၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံစားခဲ့ရပေမယ့် ဒေသခံများမှာ အသက်အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်ခဲ့သည့်အတွက် မည်သည့်အဖွဲ့အစည်းကိုမှ တင်ပြတိုင်တန်း ခဲ့ခြင်း မရှိခဲ့ပါဘူး။ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်မီ အစိုးရနှင့်တိုက်ပွဲများ ဖြစ်နေသောကာလတွင်လည်း KIAအဖွဲ့များမှာ လမ်းတံတားများ ဖျက်ဆီးခြင်း ၊ လူသစ်စုဆောင်းခြင်း ၊ မိုင်းထောင်ဖောက်ခွဲခြင်းစတဲ့ လုပ်ရပ်တွေကို ပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။ KIAရဲ့ လုပ်ရပ်တွေကို မနှစ်မြိုပေမယ့် ထိုအချိန်ကတည်း က ကြောက်ရွံခဲ့ရ၍သာ ငြိမ်ခံနေခဲရတာပါ။

ယခုလို တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်ဆဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပြီးသည့် နောက်ပိုင်း ကာလတွင် ဒီဒုက္ခတွေကို ပိုမိုပြီး သိသိသာသာ ခံစားလာရပါတယ်။KIAဟာ ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မဟုတ်ပေမယ့် ကိုယ့်ပြည်နယ် ဒေသအတွင်းမှာရှိသော ၄င်းတို့၏ မျိုးနွယ်စုများမှလွဲ၍ တခြားမျိုးနွယ်စု များအပေါ်တွင် တစ်နေ့ထက်တစ်နေ့ ထင်ထင်ပေါ်ပေါ် လူသစ်စုမှုများ၊ ဆက်ကြေး ကောက်မှုများ ပြုလုပ်လာတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိသော ရှမ်းနီပါတီနှင့် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့များမှ ကေအိုင်အေအဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း မပြုရန် မေတ္တာရပ်ခံထားသောလည်း ကေအိုင်အေ အဖွဲ့က ရှမ်းရွာသားများ အား ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေပါတယ်။ ကေအိုင်အေအဖွဲ့က ယခုလဆန်းပိုင်းကစပြိး တပ်သားသစ် စုဆောင်းနေမှုများဟာ ယနေ့တိုင်ပင် ဖြစ်ပြီး အများစုမှာ ရှမ်းရွာသားပဲ ဖြစ်ပါတယ်။KIAရဲ့ လူသစ်စုဆောင်မှု များ တွင် အသက်မပြည့် သေးသူများလည်း အများအပြား ပါဝင်နေပါတယ်။ ယခုဆိုလျင် ရွာထဲတွင်သာ လာရောက် စုဆောင်းခြင်း မဟုတ်တော့ဘဲ လုပ်ငန်းခွင်များထဲအထိပါ လာရောက်ပြီး အတင်းအဓမ္မ စုဆောင်းခြင်း ပြုလုပ်လာပါတယ်။ဒီနှစ် ဒီဇင်ဘာလအတွင်းတွင် ကေအိုင်အေကနေ ဖမ်းဆီးထားတာ အယောက်(၁၀၀)ကျော် ရှိနေပါပြီ။ ထွက်ပြေးလွတ်မြောက် လာသူများကိုလည်း ကေအိုင်အေ က တဖန်ပြန်လည်ဖမ်းဆီးပါတယ်။

ကေအိုင်အေမှ အခုလိုလုပ်ရပ်များ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေးကို မလိုလားဘဲ “၀”တွေလို ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပဌာန်းခွင့်ရယူလို၍ ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေက “၀”အထူးဒေသမှာဆိုရင်လည်း “၀”တပ်တွေရဲ့ ဆက်ကြေးကောက်ခံခြင်း ၊ လူသစ်စုဆောင်းခြင်း တွေကို ခံရပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာဖြစ်ဖြစ် ကျနော်တို့ ရှမ်းမျိုးနွယ်စုတွေဟာ အခံဘက်ကပဲ ဖြစ်နေပါတယ်။သို့ဖြစ်ပါ၍ ကျနော်တို့ ရှမ်းမျိုးနွယ်စုများဘက်မှ တာဝန်ရှိသူများက မျှမျှတတဖြစ်အောင် ပြုလုပ်ပေးစေလိုပါတယ်။ အကယ်၍ ထိုသိုမျှတမှုရရှိအောင် တာဝန်ရှိသူများမှ ပြုလုပ်ပေးခြင်း မရှိလျင် လက်နက် ကိုင်ပြီး တိုက်ခိုက်ရုံမျှလွဲပြီး တခြားနည်းဖြင့် တရားမျတမှုကို ရရှိနိုင်တော့မည် မဟုတ်ပါကြောင်း ပြောကြားလိုက်ချင်ပါတော့သည်။

စိုင်းအိုက်ပီး

No comments:

Post a Comment