Wednesday 18 December 2013

နိုင်ငံတကာနှင့် အညီ ရင်ဘောင်တန်း နိုင်မည့် စွမ်းရည်များ ရရှိစေရန် အတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းများသို့ လေ့လာရေး စေလွှတ် သွားရန်ရှိ

Photo: နိုင်ငံတကာနှင့် အညီ ရင်ဘောင်တန်း နိုင်မည့် စွမ်းရည်များ ရရှိစေရန် အတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းများသို့ လေ့လာရေး စေလွှတ် သွားရန်ရှိ
Wednesday, December 18, 2013

မြန်မာနိုင်ငံရှိ ကျောင်းသားများ နိုင်ငံတာနှင့် အညီ ရင်ဘောင်တန်း နိုင်မယ့် စွမ်းရည်များ ရရှိစေဖို့ ရည်ရွယ်ပြီး Myanmar Search International (MSI)
မှ ကြီးမှူးကာ ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူ များကို စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ အထိ သွားရောက်ကာ လေ့လာရေး ခရီးစဉ် အဖြစ် စေလွှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ခရီးစဉ် မှာတော့ စင်္ကာပူ နိုင်ငံရဲ့ ပညာသင်ကြားမှု နည်းစနစ်များကို အသေးစိတ် လေ့လာနိုင်ပြီး နိုင်ငံတကာ ကျောင်းသားများ အတွက် ဗဟုသုတများ ရစေတဲ့ အတတ်ပညာရေး ဆိုင်ရာ ကစားနည်းများ ပါဝင်ထည့်သွင်း ထားတဲ့ အတွက် အင်္ဂလိပ်စာ တိုးတက်မှု စွမ်းရည်များ၊ တီထွင် ဖန်တီးနိုင်မှု စွမ်းရည်များ စတဲ့ အတတ်ပညာရေး ဆိုင်ရာ ကစားနည်းများကို ထည့်သွင်းထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မှု စွမ်းရည်များ၊ ကျောင်းသားများ ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အကြောင်းအရာ ကိစ္စရပ်များ၊ လူမှု ဆက်ဆံရေး နည်းပညာများ အပြင် နိုင်ငံတကာနှင့် အညီ ရင်ဘောင် တန်းနိုင်မယ့် စွမ်းရည်များ ရရှိစေနိုင်ဖို့ ပြည်တွင်းမှ ကျောင်းသား လူငယ်များ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစီအစဉ်များ ပါဝင်မှာ ဖြစ်တယ်လို့ သိပါတယ်။
 
အဆိုပါ စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ သွားရောက် လေ့လာခြင်းကို လျှောက်ထား လိုတဲ့ သူတွေ အနေနဲ့ အသက် ၉ နှစ်နဲ့ ၁၈ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဖြစ်ရမှာဖြစ်ပြီး အတူ လိုက်ပါလိုတဲ့ မိဘများအား အထူးအစီအစဉ် အနေနဲ့ စီစဉ်ပေး သွားမှာဖြစ်ပြီး အသေးစိတ် သိရှိလို ပါက MSI ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၁၃၉၁၅ သို့ စုံစမ်း မေးမြန်း နိုင်တယ်လို့ သိရပါတယ်။

Mrtv-4
မြန်မာနိုင်ငံရှိ ကျောင်းသားများ နိုင်ငံတာနှင့် အညီ ရင်ဘောင်တန်း နိုင်မယ့် စွမ်းရည်များ ရရှိစေဖို့ ရည်ရွယ်ပြီး Myanmar Search International (MSI) မှ ကြီးမှူးကာ ပြည်တွင်းရှိ ကျောင်းသား ၊ ကျောင်း သူ များကို စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ အထိ သွားရောက်ကာ လေ့လာရေး ခရီးစဉ် အဖြစ် စေလွှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ခရီးစဉ် မှာတော့ စင်္ကာပူ နိုင်ငံရဲ့ ပညာသင်ကြားမှု နည်းစနစ်များကို အသေးစိတ် လေ့လာနိုင် ပြီး နိုင်ငံတကာ ကျောင်းသားများ အတွက် ဗဟုသုတများ ရစေတဲ့ အတတ်ပညာရေး ဆိုင်ရာ ကစားနည်းများ ပါဝင်ထည့်သွင်း ထားတဲ့ အတွက် အင်္ဂလိပ်စာ တိုးတက်မှု စွမ်းရည်များ၊ တီထွင် ဖန်တီးနိုင်မှု စွမ်းရည်များ စတဲ့ အတတ်ပညာရေး ဆိုင်ရာ ကစားနည်းများကို ထည့်သွင်းထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မှု စွမ်းရည်များ၊ ကျောင်းသားများ ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အကြောင်းအရာ ကိစ္စရပ်များ၊ လူမှု ဆက်ဆံရေး နည်းပညာများ အပြင် နိုင်ငံတကာနှင့် အညီ ရင်ဘောင် တန်းနိုင်မယ့် စွမ်းရည်များ ရရှိစေနိုင်ဖို့ ပြည်တွင်းမှ ကျောင်းသား လူငယ်များ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစီအစဉ်များ ပါဝင်မှာ ဖြစ်တယ်လို့ သိပါတယ်။

အဆိုပါ စင်္ကာပူ နိုင်ငံရှိ ကျောင်းများသို့ သွားရောက် လေ့လာခြင်းကို လျှောက်ထား လိုတဲ့ သူတွေ အနေနဲ့ အသက် ၉ နှစ်နဲ့ ၁၈ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဖြစ်ရမှာဖြစ်ပြီး အတူ လိုက်ပါလိုတဲ့ မိဘများအား အထူးအစီအစဉ် အနေနဲ့ စီစဉ်ပေး သွားမှာဖြစ်ပြီး အသေးစိတ် သိရှိလို ပါက MSI ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၁၃၉၁၅ သို့ စုံစမ်း မေးမြန်း နိုင်တယ်လို့ သိရပါတယ်။

Mrtv-4

No comments:

Post a Comment