Wednesday 18 December 2013

ဂျပန်နိုင်ငံမှဒေါ်လာသန်း၆ဝဝကျော် ချေးငွေပေးအပ်

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အတွက် ချေးငွေဒေါ်လာသန်း ၆ဝဝ တန်ဖိုးရှိ အကူအညီများပေးအပ် သွားမည်ဟု သိရသည်။ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့်ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးတို့ တိုကျိုမြို့၌တွေ့ဆုံ စဉ် အဆိုပါသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

¤င်းချေးငွေများကို ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင် ရန်၊ ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း သီလဝါအထူးစီးပွားရေး ဇုန်နှင့် ပဲခူးမြို့အနောက်ပိုင်းဆည်နှင့်ရေပေးဝေမှုစီမံကိန်းများအတွက် အကူအညီများပေးအပ်သွားမည်ဟု သိရသည်။

ယခုနှစ် မေလအတွင်းက ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ရောက်ရှိ စဉ် ယန်းငွေ ၉၁ဘီလီယံထောက်ပံ့ရန် သဘော တူညီခဲ့ပြီးဂျပန်နိုင်ငံ ၏ စုစုပေါင်းအကူအညီမှာ ယန်းငွေဘီလီယံ ၁၅ဝကျော် ရှိသွားပြီ ဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘော တူစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး မကြာမီ မြန် မာနိုင် ငံ ၏ ထိပ်တန်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် က တိုကျိုမြို့၌ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြား သည်။

''အများပိုင်နဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍနှစ်ရပ်စလုံးကနေပြီးတော့ အကူအညီတွေ ဆက်လက်ပေးအပ်သွားမှာ ပါ''ဟု ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကပြောသည်။

မြန်မာနိုင်ငံသည် လာမည့် ၂ဝ၁၄ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုရယူမည်ဖြစ်ပြီး ဂျပန်နှင့် မြ န် မာနိုင်ငံတို့သည်လည်း နှစ်(၆ဝ)ပြည့် သံတမန်ဆက်ဆံရေးထူထောင်သည့် အထိမ်းအမှတ်
ပွဲ ပြုလုပ်မည်ဟုသိရသည်။

ခေတ်မင်းကို
The Union Daily

No comments:

Post a Comment