Wednesday 18 December 2013

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်းထပ်မံရောက်ရှိမည်

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ယခုလ ၂၇ရက်တွင် ရန်ကုန်မြို့သို့ ထပ်မံ ရောက်ရှိ လာမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါကမ္ဘာလှည့်ခရီးသည် တင် အပျော်စီးသင်္ဘောများထဲမှ ဗြိတိန်နိုင်ငံအခြေစိုက် All Leisure Group Plc လက်အောက်ရှိ Voyages of Discovery မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Voyager သည် ခရီးသည် ၅ဝဝ ခန့်ပါဝင်ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်ဆိပ်ကမ်းမှတစ်ဆင့် ဗိုလ် အောင်ကျော်ဆိပ်ကမ်းသို့ ယခုလ ၂၇ရက်တွင်ရောက်ရှိမည်ဖြစ်သည်။

အလားတူ အမေရိကန်နိုင်ငံအခြေ စိုက် Royal Carribean Cruises Ltd. လက်အောက်ရှိ Azamara Club Cruises မှ ကမ္ဘာလှည့်ခရီး သည်တင်အပျော်စီးသင်္ဘော M.V.Azamora Journey အမည်ရှိ သင်္ဘောတွင် ကမ္ဘာလှည့်ခရီးသည် ၅၈ဝ ခန့် ပါဝင်လာမည်ဖြစ်ပြီး သီလဝါဆိပ်ကမ်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရ သည်။

အဆိုပါသင်္ဘောနှစ်စင်းသည် ယခုလ ၂၇ရက်မှ ၂၉ရက်အထိ ရန်ကုန်၊ ပဲခူး၊ သန်လျင်၊ ပုဂံခရီး စဉ်များကို သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။ ယခုလအတွင်း ကမ္ဘာလှည့် အပျော်စီးသင်္ဘောများ လာရောက် မှုများကြောင်း သိရသည်။

ယခုလ ၁၅ ရက်တွင်လည်း အမေရိကန်နိုင်ငံအခြေစိုက် Regent Seven Sea Cruises မှ ကမ္ဘာ လှည့်ခရီးသည်တင် အပျော်စီး သင်္ဘော M.V Seven Sea Voyager သင်္ဘောသည် သီရိလင်္ကာ နိုင်ငံမှ သီလဝါဆိပ်ကမ်းသို့ ဆိုက် ရောက်ကာ ရန်ကုန်မြို့တွင်းခရီးစဉ် များကို လေ့လာလည်ပတ်ပြီး ယခု လ ၁၉ရက်တွင် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းသို့ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
The Union Daily

No comments:

Post a Comment