Wednesday 18 December 2013

KIA ၏ လူသစ်စုဆောင်းမှု ဒီဇင်ဘာဒုတိယပတ်အတွင်း အယောက်(၁၂၀)ကျော် အထိ ရှိလာ

Photo: KIA ၏ လူသစ်စုဆောင်းမှု ဒီဇင်ဘာဒုတိယပတ်အတွင်း အယောက်(၁၂၀)ကျော် အထိ ရှိလာ
Wednesday, December 18, 2013

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်က ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဒေသခံရှမ်းလူငယ်(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြန်ရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း KIA ၏ လူသစ်စုဆောင်းခံရသော ဒေသခံရွာသားအ ယောက်(၁၂၀)ကျော်ရှိလာပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သရှိရသည်။

``မန်ဝိန်းကြီးနဲ့ မန်ဟွေရွာကြားက လမ်းဆုံမှာ ဖမ်းသွားတာတွေ့ပါတယ်။ 
ဆိုင်ကယ်ပေါ်မှာ မီးသွေးအိတ်တွေ တင်လာတဲ့ လူငယ်(၂)ဦးကို KIA က တားပြီး ဖမ်းတယ်။ ရှေ့ဆင့်နောက်ဆင့် ကျွန်တော်နဲ့အတူ ကြံခုတ် ပြန်လာတဲ့ ရှမ်းလူငယ်(၃)ဦးကို ထပ်ပြီး ဖမ်းပြန်တယ်။ ကျွန်တော်က တောတိုးနေလို့ လွတ်ခဲ့တာ´´ဟု ကြံခုတ် ပြန်လာစဉ် မျက်မြင်ကြုံတွေ့ခဲ့သော မန်ဝိန်းကြီးရွာသားတစ်ဦးက ပြောပြသည်။

တနိုင်းမြို့နယ် ပယင်းမှော်တွင်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့က KIA တပ်မဟာ(၂)၊ ရင်း(၁၄)မှ မှော်လုပ်သား (၁၀)ဦးခန့်အားလည်းကောင်း၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် နန်ဗျူတစ်ဝိုက်ရှိ ရွှေမှော်များမှ ဒေသခံ(၂၅)ဦးခန့် အားလည်းကောင်း လူသစ်အဖြစ် KIA တပ်ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တနိုင်းမြို့ခံဈေးသည် တစ်ဦးဆီမှ သိရသည်။ 

``မန်စီတင်မကပါဘူး။ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးညှင်းဘက်တွေမှာလည်း KIA က လူသစ်တောက်လျှောက် စုနေ လို့ တရုတ်ဘက်ကို ထွက်ပြေးကုန်ကြပြီ၊ တစ်ချို့ကတော့ ရှမ်းပြည် နမ့်ခမ်းဘက်ကို သွားကြတယ်။ ပေးပို့လာ တဲ့စာရင်းအရဆိုရင် လူသစ်စုခံရတဲ့ ဒေသခံရွာသား(၁၂၀)ကျော်ရှိပါပြီ´´ဟု မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင်တွင် စပါးရိတ်သိမ်းနေသော ရွာသား(၂၁)ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား
(၂)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်းကျေးရွာများမှ သစ်ကယ်ရီသမား များနှင့် ဒေသခံတောင်သူ(၁၇)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင် စပါးရိတ်နေသော ရွာသား(၄)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ(၁၃) ရက်နေ့တွင် မန်စီမြို့နယ် ဟန်ထက်ကျေးရွာနှင့် မိုင်းခေါင်၊ ပန်ဆက်၊ တုံပလွေရွာများမှ ဒေသခံရွာသား(၃၀)ဦး အား လက်ပြန်ကြိုးတုပ်၍လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မိုးမောက်မြို့နယ် နန့်ဆိုင်းကျေးရွာမှ မောင်လရှီးနော်အပါအ၀င်(၈)ဦး၊ မန်စီမြို့နယ်နားလုံးနှင့် ကုန်ခမ်းရွာကြား ကြံခုတ်နေသော ရှမ်းလူငယ်(၄)ဦး အားလည်းကောင်း၊ ဖမ်းဆီးမှုအပါအ၀င် ဒီဇင်ဘာ(၁၅)ရက်နေ့အထိ KIA မှ လူသစ်စုဆောင်းသွားသော ဒေသခံရှမ်း၊ ဗမာ၊ ကချင်လူမျိုးရွာသားများမှာ စုစုပေါင်းဦးရေ(၁၂၀)ကျော်ရှိပြီဖြစ်ကြောင်း ယင်းအစိုးရရုံးမှ သိရှိ ရပါသည်။

ခွန်နော်
ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်က ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဒေသခံရှမ်းလူငယ်(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြန်ရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း KIA ၏ လူသစ်စုဆောင်းခံရသော ဒေသခံ ရွာသားအ ယောက်(၁၂၀)ကျော်ရှိလာပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သရှိရသည်။
``မန်ဝိန်းကြီးနဲ့ မန်ဟွေရွာကြားက လမ်းဆုံမှာ ဖမ်းသွားတာတွေ့ပါတယ်။ ဆိုင်ကယ်ပေါ်မှာ မီးသွေး အိတ်တွေ တင်လာတဲ့ လူငယ်(၂)ဦးကို KIA က တားပြီး ဖမ်းတယ်။ ရှေ့ဆင့်နောက်ဆင့် ကျွန်တော်နဲ့အတူ ကြံခုတ် ပြန်လာတဲ့ ရှမ်းလူငယ်(၃)ဦးကို ထပ်ပြီး ဖမ်းပြန်တယ်။ ကျွန်တော်က တောတိုးနေလို့ လွတ်ခဲ့ တာ´´ဟု ကြံခုတ် ပြန်လာစဉ် မျက်မြင်ကြုံတွေ့ခဲ့သော မန်ဝိန်းကြီးရွာသားတစ်ဦးက ပြောပြသည်။

တနိုင်းမြို့နယ် ပယင်းမှော်တွင်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့က KIA တပ်မဟာ(၂)၊ ရင်း(၁၄)မှ မှော် လုပ်သား (၁၀)ဦးခန့်အားလည်းကောင်း၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် နန်ဗျူတစ်ဝိုက်ရှိ ရွှေမှော် များမှ ဒေသခံ(၂၅)ဦးခန့် အားလည်းကောင်း လူသစ်အဖြစ် KIA တပ်ရင်း(၁၄)ဌာန ချုပ်ဟောင်း ကောင် ဂျာဘက် သို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တနိုင်းမြို့ခံဈေးသည် တစ်ဦးဆီမှ သိရသည်။

``မန်စီတင်မကပါဘူး။ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးညှင်းဘက်တွေမှာလည်း KIA က လူသစ်တောက်လျှောက် စုနေ လို့ တရုတ်ဘက်ကို ထွက်ပြေးကုန်ကြပြီ၊ တစ်ချို့ကတော့ ရှမ်းပြည် နမ့်ခမ်းဘက်ကို သွားကြတယ်။ ပေးပို့လာ တဲ့စာရင်းအရဆိုရင် လူသစ်စုခံရတဲ့ ဒေသခံရွာသား(၁၂၀)ကျော် ရှိပါပြီ´´ ဟု မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် မန်စီမြို့ နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင်တွင် စပါးရိတ်သိမ်းနေသော ရွာသား(၂၁)ဦး အား လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂)ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ် ကုန်းကျေးရွာများမှ သစ်ကယ်ရီသမား များနှင့် ဒေသခံတောင်သူ(၁၇)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင် စပါးရိတ်နေသော ရွာသား(၄)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ(၁၃) ရက်နေ့တွင် မန်စီမြို့နယ် ဟန်ထက်ကျေးရွာနှင့် မိုင်းခေါင်၊ ပန်ဆက်၊ တုံပလွေရွာများမှ ဒေသခံရွာသား(၃၀)ဦး အား လက်ပြန်ကြိုးတုပ်၍လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မိုးမောက်မြို့နယ် နန့်ဆိုင်းကျေးရွာမှ မောင်လရှီးနော်အပါအ၀င်(၈)ဦး၊ မန်စီမြို့နယ်နားလုံးနှင့် ကုန်ခမ်းရွာကြား ကြံခုတ်နေသော ရှမ်းလူငယ်(၄)ဦး အားလည်းကောင်း၊ ဖမ်းဆီးမှုအပါအ၀င် ဒီဇင်ဘာ(၁၅)ရက်နေ့အထိ KIA မှ လူသစ်စုဆောင်းသွားသော ဒေသခံရှမ်း၊ ဗမာ၊ ကချင်လူမျိုးရွာသား များမှာ စုစုပေါင်းဦးရေ(၁၂၀)ကျော်ရှိပြီဖြစ်ကြောင်း ယင်းအစိုးရရုံးမှ သိရှိ ရပါသည်။

ခွန်နော်

No comments:

Post a Comment