Wednesday 18 December 2013

ဂျပန်နိုင်ငံ ခရီးစဉ်မှ သမ္မတဦးသိန်းစိန် ပြန်လည်ရောက်ရှိ

S-18-12
ဂျပန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်
ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ်(၄၀)ပြည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက် ပြီးနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံမှ ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန် လည်ရောက် ရှိ လာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရှိ မြို့များသို့လည်း သွားရောက်လည်ပတ်ခဲ့ပြီး ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ပြုလုပ်ရန် တိုက် တွန်းပြော ကြားသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ပြန် လည်ရောက် ရှိ ချိန်တွင် "အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ လူသားအရင်းအမြစ်တွေ ရှိတယ်။ သဘာဝ သယံဇာတတွေ ရှိတယ်။ ဂျပန်မှာ နည်းပညာ ရှိတယ်။ သဘာဝ ပတ်ဝန်းကျင် အနည်းဆုံးနဲ့ စက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိတယ်။ ဒါတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် စက်မှုထုတ်ကုန် ကဏ္ဍတွေမှာ လုပ်မယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ၊ နောက်တစ်ခါ လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှု ဂျပန်မှကျတော့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ထိခိုက်မှု လုံးဝမရှိဘူး။ အဲဒီနည်းတွေနဲ့ ဒီမှာလျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတွေ လုပ်နိုင်တယ်" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများ၏ မေးမြန်းမှု ကို ပြန် လည်ဖြေကြားခဲ့သည်။

ထို့အပြင် သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေချိန်တွင် ဆူဇူကီး ကားပြခန်းနှင့် ကားထုတ်လုပ်မှု စက်ရုံနှင့် တိုယိုတာ ကားထုတ်လုပ်မှု စက်ရုံသို့လည်း သွားရောက်ကြည့်ရှု လေ့လာ ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment