Wednesday 18 December 2013

ဂျာမန်ဆေးကုမ္ပဏီ မြန်မာနိုင်ငံ၌ ဆေးဝါးစက်ရုံ တည်မည်

ဂျာမန်ဆေးကုမ္ပဏီတစ်ခုဖြစ်သည့် stadaသည် ရန်ကုန်မြို့၌ စက်ရုံတစ်ခုတည်ဆောက်ကာ၂၀၁၅နောက် ပိုင်းမှစတင်ပြီး ဆေးဝါးများ ထုတ်လုပ်သွားမည်ဟု ကုမ္ပဏီအမှုဆောင်ချုပ်ဖြစ်သူ Hartmut Retzlaff ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၅ ရက်က ဖော်ပြထားသည်။
မိမိတို့ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်လုပ်သည့် ပထမဆုံးသော ကုမ္ပဏီတစ်ခု ဖြစ်လာ မည်ဖြစ်ကြောင်း၊ Stada Myanmar Joint Venture Co. Ltd ကိုလည်း တည်ထောင်ပြီးဖြစ်ကြောင်း ယင်း ၏ကြေညာချက်တွင် ဖော်ပြထားသည်။

လိုင်စင်သဘောတူညီချက်အရ stada အနေဖြင့် နောက်ပိုင်း၌ Stada Myanmar Joint Venture Co. Ltd အား တစ်ဦးတည်းပိုင်ခွင့် ရရှိနိုင်မည့် အခွင့်အရေးရှိသည်။ ထိုအချိန်မတိုင်မီတွင် မြန်မာနိုင်ငံ တွင် ရောင်းချ မည့် ဆေးဝါးများအား ဗီယက်နမ်ရှိ စက်ရုံများမှ တင်သွင်းသွားမည်ဟုလည်း ကုမ္ပဏီကြေညာချက်တွင် ပါ ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment