Wednesday 9 October 2013

မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ထားသော်လည်း အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီ ရောက်ရှိရေးအတွက် ရန်ပုံငွေများ လိုအပ်နေသေး

Photo: မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ထားသော်လည်း အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီ ရောက်ရှိရေးအတွက် ရန်ပုံငွေများ လိုအပ်နေသေး
Wednesday, October 9, 2013

မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ထားသော်လည်း အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီ ရောက်ရှိရေး အတွက်ကိုမူ ရန်ပုံငွေများ လိုအပ်နေသေးကြောင်း သိရသည်။

"၂၀၁၁ ခုနှစ်ကတည်းကစပြီး ပညာရေး အသုံးစရိတ်တွေကို သုံးဆတိုးမြှင့် နေသလို ကျွန်တော်တို့ အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီအဆင့် ရောက်ရှိဖို့အတွက် ရန်ပုံငွေ ထပ်မံလိုနေ သေးပါတယ်" ဟု ပညာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေး၏ အစိတ်အပိုင်းအဖြစ် "အားလုံးအတွက် ပညာရေးဝန်ကြီးအဆင့် အစည်းအဝေး" တွင် ပြောကြားခဲ့သည်။

ပညာရေးအတွက် ငွေကြေးပိုမို ထည့်ဝင်မှု၊ အားလုံးပါဝင်သော ပညာရေးဆိုင်ရာ မူဝါဒများနှင့် ဥပဒေပြဋ္ဌာန်း ရေးဆွဲချမှတ်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် အဖွဲ့အစည်းများ ပြုစုပျိုးထောင်ရေး စသည့်အဓိက စိန်ခေါ်မှု ပြဿနာ သုံးရပ်ကိုလည်း အဆိုပါ ဆွေးနွေးပွဲ၌ ချပြဆွေးနွေး ခဲ့သည်။

AusAid မြန်မာမှ ကောင်စစ်ဝန် Mr.Michael Hassett ကလည်း "ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု မရှိဘဲနဲ့ ဘယ်နိုင်ငံကမှ ၎င်းတို့ရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်အောင် မဆောင်ရွက်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာတော့ ပညာရေးဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ သာယာဝပြောဖို့အတွက် အုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်" ဟု အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဘက်စုံလွှမ်းခြုံ ပညာနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (CESR) ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် ယူနီဆက်ဖ်နှင့် အခြားအလှူရှင်များဖြစ်သည့် သြစတြေးလျ၊ ယူကေ၊ နော်ဝေ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ အလှူရှင် နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ယူနီဆက်ဖ်နှင့် အလှူရှင်နိုင်ငံ ပေါင်းစုံတို့မှ မြို့နယ်ပညာရေးစနစ် စီမံခန့်ခွဲမှုစနစ် တိုးချဲ့ရေး၊ အထောက်အထား အခြေပြု စီမံကိန်း ရေးဆွဲမှုအတွက် အရေးပါသည့် စီမံခန့်ခွဲမှုစနစ် ကျင့်သုံးရေး၊ ဆင်းရဲမွဲတေမှုနှင့် အခြားမိသားစု အခြေအနေများကြောင့် မူလတန်းပညာ မသင်ကြားနိုင်သည့် ကျောင်းပြင်ပရောက် ကလေးများအတွက် ကျောင်းပြင်ပရောက် မူလတန်း ပညာရေး အစီအစဉ်များ အကောင်အထည် ဖော်ရေးတို့အား ထည့်သွင်းအကြံပြုခဲ့ ကြသည်။ 

Eleven Media Group

ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆင်းချိန် မြင်ကွင်း

http://www.myanmaronlinenews.net/2013/10/blog-post_4434.html

မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ထားသော်လည်း အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီ ရောက် ရှိရေး အတွက်ကိုမူ ရန်ပုံငွေများ လိုအပ်နေသေးကြောင်း သိရသည်။

"၂၀၁၁ ခုနှစ်ကတည်းကစပြီး ပညာရေး အသုံးစရိတ်တွေကို သုံးဆတိုးမြှင့် နေသလို ကျွန်တော်တို့ အာဆီယံ ဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီအဆင့် ရောက်ရှိဖို့အတွက် ရန်ပုံငွေ ထပ်မံလိုနေ သေးပါတယ်" ဟု ပညာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေး၏ အစိတ်အပိုင်းအဖြစ် "အားလုံးအတွက် ပညာရေးဝန်ကြီးအဆင့် အစည်းအဝေး" တွင် ပြောကြားခဲ့သည်။

ပညာရေးအတွက် ငွေကြေးပိုမို ထည့်ဝင်မှု၊ အားလုံးပါဝင်သော ပညာရေးဆိုင်ရာ မူဝါဒများနှင့် ဥပဒေပြဋ္ဌာန်း ရေးဆွဲချမှတ်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် အဖွဲ့အစည်းများ ပြုစုပျိုးထောင်ရေး စသည့်အဓိက စိန်ခေါ်မှု ပြဿနာ သုံးရပ်ကိုလည်း အဆိုပါ ဆွေးနွေးပွဲ၌ ချပြဆွေးနွေး ခဲ့သည်။

AusAid မြန်မာမှ ကောင်စစ်ဝန် Mr.Michael Hassett ကလည်း "ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု မရှိဘဲနဲ့ ဘယ်နိုင်ငံကမှ ၎င်းတို့ရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်အောင် မဆောင်ရွက်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာတော့ ပညာရေးဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ သာယာဝပြောဖို့အတွက် အုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်" ဟု အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဘက်စုံလွှမ်းခြုံ ပညာနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (CESR) ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် ယူနီဆက်ဖ်နှင့် အခြားအလှူရှင်များဖြစ်သည့် သြစတြေးလျ၊ ယူကေ၊ နော်ဝေ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ အလှူရှင် နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ယူနီဆက်ဖ်နှင့် အလှူရှင်နိုင်ငံ ပေါင်းစုံတို့မှ မြို့နယ်ပညာရေးစနစ် စီမံခန့်ခွဲမှုစနစ် တိုးချဲ့ရေး၊ အထောက်အထား အခြေပြု စီမံကိန်း ရေးဆွဲမှုအတွက် အရေးပါသည့် စီမံခန့်ခွဲမှုစနစ် ကျင့်သုံးရေး၊ ဆင်းရဲမွဲတေမှုနှင့် အခြားမိသားစု အခြေအနေများကြောင့် မူလတန်းပညာ မသင်ကြားနိုင်သည့် ကျောင်းပြင်ပရောက် ကလေးများအတွက် ကျောင်းပြင်ပရောက် မူလတန်း ပညာရေး အစီအစဉ်များ အကောင်အထည် ဖော်ရေးတို့အား ထည့်သွင်းအကြံပြုခဲ့ ကြသည်။ 

Eleven Media Group

No comments:

Post a Comment