Wednesday 9 October 2013

ပခုက္ကူလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုရန် ဒေသခံများက လိုလား

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၌ ပခုက္ကူလေယာဉ် ကွင်းသစ်ကို ထပ်မံပြုပြင်၍ အပြည်ပြည်ဆိုင် ရာ လေဆိပ်အဖြစ် အသုံးပြုရန် ရည်မှန်းချက်များ ထွက်ပေါ်လာ၍ပခုက္ကူဒေသခံ အများစုမှာ စိတ်ဝင် စားနေကြောင်း သိရသည်။
ပခုက္ကူ- ယောနယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းမှ ဒေသခံအများစုသည် ပုဂံညောင်ဦး လေဆိပ်ကိုသာ အများဆုံး အသုံးပြုကြသည်ဟု သိရသည်။ ''ပခုက္ကူမှာ လေယာဉ်မဆင်းတော့ ဆင်းတဲ့ လေဆိပ်သွား ပြီးစီးရတာပေါ့'' ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် ပုဂံမြို့ဟောင်းနှင့်လည်း ပခုက္ကူမြို့သည် မိုင် ၂ဝ သာကွာဝေးပြီး မြို့ရှောင် လမ်းမကြီးအတိုင်း ဆက်သွယ်သွားလာပါက နာရီဝက် အတွင်း ရောက်နိုင်မည် ဖြစ်သည်။

ဒေသခံ အများစုမှာလည်း အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းများအဖြစ် နိုင်ငံတော်က အသုံးပြုရန် လို လားတောင့် တနေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment