Wednesday 9 October 2013

မလေးမှ မြန်မာလုပ်သား ၁၇၅ ဦး ပြန်ရောက်

အချို့မှာ မိသားစုနှင့် အဆက်အသွယ်မရ၍ ဒုက္ခရောက်နေ
မလေးရှားမှ ပြန်လာလိုသော မြန်မာ လုပ်သားများကို လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI လေကြောင်းလိုင်းကအောက်တိုဘာ ၈ ရက်က ပြန်လည် ခေါ်ဆောင်လာရာ ၁၇၅ ဦး ပြန်လည် ရောက်ရှိလာပြီး ၄င်းတို့ အနက် အချို့မှာ မိသားစုနှင့် အဆက်အသွယ် မရ၍ ရန်ကုန်တွင် အဆင်မပြေ ဖြစ်နေသောကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ယူ ခေါ်ဆောင်သွားသည်။
ပြန်ရောက်လာသူ အလုပ်သမားများအနက် ၈၄ ဦးမှာ ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းခံရသော ရွှေ့ပြောင်း အလုပ်သမား များဖြစ်ပြီး ၄၆ ဦးမှာ မိသားစုနှင့် ဆက်သွယ်မှု မရရှိသေးသောကြောင့် ၈၈ မျိုးဆက်မှ တာဝန်ယူထား ခြင်းဖြစ်ကာ အဆိုပါ ၄၆ ဦးကို အလုပ်သမားဝန်ကြီးဌာနမှ တစ်ဦးလျှင် ငါးထောင်ကျပ်စီ ကူညီပေးခဲ့သည်ဟုလည်း အလုပ်သမားများ ထံမှ သိရသည်။

အဆိုပါ အလုပ်သမားများကို MAI နှင့် သီတဂူဆရာတော် ဦးဥာဏိဿရ ဦးဆောင်သာ သီတဂူသာသနာပြု လူမှုအထောက် အကူပြုအဖွဲ့ (မလေးရှား)တို့ ပူးပေါင်း၍ အခမဲ့ ပြန်လည် ခေါ်ဆိုခြင်းဖြစ်သည်။

ပြန်ရောက်လာသူ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ကိုအောင်မျိုးက “ဒုက္ခသည် စခန်းကို ရောက်တာ ရှစ်လ ရှိပါပြီ။ အဲဒီကို မရောက်ခင် အဖမ်းခံရပြီး ထောင် ရှစ်လ ကျတယ်။ လျော့ရက်နဲ့ ဆိုတော့ ထောင်ထဲမှာ ၅လလောက် နေခဲ့ရပါတယ်။ အိမ်ကို အရောက် တာဝန်ယူမယ်လို့ ပြောခဲ့တာပါ။ အခုမှတစ်မျိုး ဖြစ်သွားတာပါ ” ပာု
ပြောသည်။

အလုပ်သမားများဘက်မှ သိရှိသည်က အိမ်အရောက် ပြန်ပို့ပေးမည်ဖြစ်ပြီး ပြန်ရောက်ရှိလာချိန်တွင် မပို့ပေးသောကြောင့် အဆင် မပြေ ဖြစ် သည် ဟု လည်း အလုပ်သမားများက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး သီတဂူသာသနာပြု လူမှုအထောက်ကူပြုအဖွဲ့သို့ ဆက်သွယ်စုံစမ်းရာ ”ကျွန်တော်တို့ကမြန်မာနိုင်ငံ အရောက်အထိပဲ တာဝန်ယူတာပါ။ ကျန်တာကတော့ ကျွန်တော်တို့ကို ဘာမှ ပြောမထားပါဘူး ” ပာုပြောသည်။

၎င်းတို့ကို တာဝန်ယူ ခေါ်ဆောင်သွားသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားအရေးကိစ္စများ ဆောင်ရွက်နေသူ ဒေါ်မာမာဦးက ”ဒီတစ်ညတော့ အန်တီ တာဝန်ယူခေါ်ဆောင်သွားမှာပါ။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာကတော့ ရုံးကိုလည်း တင်ပြပေးမယ်။ ညွန်ကြားရေးမှုးချုပ်ကိုလည်း ဆက်သွယ်အကြောင်းကြားထားပါတယ်” ပာု ပြောသည်။

MAI လေကြောင်းမှ မလေးရှားမှ ပြန်လိုသော မြန်မာအလုပ်သမားများကို အခမဲ့ပြန်လည်ခေါ်ဆိုမှုမှာ ယခုအကြိမ်ထိ ငါးကြိမ်မြော က်ရှိပြီဖြစ်ပြီး လေးကြိမ်မြောက်အထိ အလုပ်သမားဦးရေ ၇၀၀ နီးပါး ခေါ်ဆောင်လာပြီးဖြစ်သည်ဟုလည်း ဒေါ်အေးမရသာက ဆိုသည်။

ယင်းအပြင် ဇွန်လအတွင်းကလည်း MAI လေကြောင်းလိုင်းမှ မြန်မာအလုပ်သမားများကို လေယာဉ် လက်မှတ်ခ ထက်ဝက်လျှော့ချပြီး ပြန်လည်ခေါ်ယူခဲ့ရာတွင်လည်း အလုပ်သမားပေါင်း ၃၀၀၀ ကျော် ပြန်လာသည်ဟုလည်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၁ ရက်မှ စတင်ပြီး မလေးရှား အစိုးရက တရားမ၀င် နိုင်ငံခြားအလုပ်သမားများကို ဖမ်းဆီးခဲ့ပြီးနောက် မြန်မာ အလုပ်သမားများ ပြန်လာကြခြင်းဖြစ်သည်။

မလေးအစိုးရမှ စီမံချက်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမ၀င် အလုပ်သမားများထဲတွင် မြန်မာနိုင်ငံမှ တတိယ အများဆုံး ထိန်းသိမ်းခံထားရ နေရာ၌ရှိပြီး မြန်မာအလုပ်သမား ၅၅၅ ဦးဖမ်းဆီးခံရသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

မလေးရှာနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်သိန်းခွဲကျော်ရှိပြီး တရားဝင်အထောက်အထားရှိသည့် မြန်မာအလုပ်သမား ၁၄,၀၀၀ ကျော်၊ တရားမ၀င်အလုပ်သမား ၁၁၀,၀၀၀ နှင့် UNHCR လက်မှတ် ကိုင်ဆောင်ထားသူမြန်မာအလုပ်သမား ရှစ်ထောင်ခန့် ရှိသည်။ 

No comments:

Post a Comment