Wednesday 9 October 2013

ထိုင်းနိုင်ငံ ရနောင်းတွင် ငါးသယ်စက်လှေပေါ် ဂက်(စ်)အိုးပေါက်ကွဲ မြန်မာတစ်ဦး သေဆုံး

Photo: ထိုင်းနိုင်ငံ ရနောင်းတွင် ငါးသယ်စက်လှေပေါ် ဂက်(စ်)အိုးပေါက်ကွဲ မြန်မာတစ်ဦး သေဆုံး
Wednesday, October 9, 2013

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်၊ ရနောင်းမြို့နယ်၊ ပါနံဆိပ်ကမ်းအနီးတွင် ဆိုက်ကပ်ထားသည့် မြိတ်မြို့နယ် မှ မြတ်ဝင်းသိန်း ၁ (လှိုင်းဖြူ)အမည်ရှိ မြန်မာငါးကဲ့စက်လှေ (ငါးဖမ်းလှေများမှငါးများကို သယ်ယူပြီး ဈေးကွက် ပို့သည့်လှေ) ပေါ်တွင် အောက်တိုဘာလ ၆ ရက်က မီးဖိုခန်းမှ ဂက်(စ်)အိုးတစ်လုံး ပေါက်ကွဲမှုဖြစ်သည့်အတွက် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရနောင်းမြို့နယ်ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဂက်(စ်)အိုးပေါက်ကွဲမှုသည် နေ့လယ် ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ကိုကျော် အသက် ၂၅ နှစ်ဖြစ်ပြီး၊ အသက် ၁၉နှစ်မှ ၃၅ နှစ်အထိရှိသူ ကျန်မြန်မာအလုပ်သမားခြောက်ဦးမှာ အပြင်းအထန် ဒဏ်ရာ များ ရရှိသဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသ ခံယူလျက်ရှိကြောင်း၊ ရနောင်းမြို့အခြေစိုက် မိတ်သဟာယ နာရေးကူညီမှုအသင်းမှ ဦးဝတုတ်က ပြောသည်။

“အလုပ်သမားတွေ ထမင်းစားနားချိန်မှာ စက်လှေရဲ့ပဲ့ပိုင်းက ဂက်စ်အိုး ပေါက်ကွဲရာက မီးစလောင်တာ” ဟု ဦးဝတုတ်က ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည်ကို ပြည့်ဖြိုးထွန်း ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ
မြတ်ဝင်းသိန်း(၁) ငါးကဲ့လှေမှာ ၎င်းတို့ကုမ္ပဏီပိုင်လှေဖြစ်သည်ကို အတည်ပြုပြီး အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်မှ မရသေးဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
ငါးကဲ့စက်လှေပေါ်တွင်ပါသည့် မြန်မာအလုပ်သမားများသည်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ အလုပ် သမားများ ဖြစ်ကြသည်ဟုသာ သိရပြီး မည်သည့်မြို့နယ်က ဒေသခံများဖြစ်ကြသည်ကို အတိအကျ မသိ ရှိသေးကြောင်း လက်ရှိတွင် ယင်းသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မိတ်သဟာယ နာရေးကူညီမှု အသင်းမှ ကူညီဆောင်ပေးလျက်ရှိသည်။

မဇ္ဈိမသတင်းဌာန
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်၊ ရနောင်းမြို့နယ်၊ ပါနံဆိပ်ကမ်းအနီးတွင် ဆိုက်ကပ်ထားသည့် မြိတ်မြို့နယ် မှ မြတ်ဝင်းသိန်း ၁ (လှိုင်းဖြူ)အမည်ရှိ မြန်မာငါးကဲ့စက်လှေ (ငါးဖမ်းလှေများမှငါးများကို သယ်ယူပြီး ဈေးကွက် ပို့သည့်လှေ) ပေါ်တွင် အောက်တိုဘာလ ၆ ရက်က မီးဖိုခန်းမှ ဂက်(စ်)အိုး တစ်လုံး ပေါက်ကွဲမှုဖြစ်သည့်အတွက် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရနောင်းမြို့နယ် ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဂက်(စ်)အိုးပေါက်ကွဲမှုသည် နေ့လယ် ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ကိုကျော် အသက် ၂၅ နှစ်ဖြစ်ပြီး၊ အသက် ၁၉နှစ်မှ ၃၅ နှစ်အထိရှိသူ ကျန်မြန်မာအလုပ်သမားခြောက်ဦးမှာ အပြင်း အထန် ဒဏ်ရာများရရှိသဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသ ခံယူလျက်ရှိကြောင်း၊ ရနောင်းမြို့အခြေစိုက် မိတ်သဟာယ နာရေးကူညီမှုအသင်းမှ ဦးဝတုတ်က ပြော သည်။

“အလုပ်သမားတွေ ထမင်းစားနားချိန်မှာ စက်လှေရဲ့ပဲ့ပိုင်းက ဂက်စ်အိုး ပေါက်ကွဲရာက မီးစလောင်တာ” ဟု ဦးဝတုတ်က ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည်ကို ပြည့်ဖြိုးထွန်း ကုမ္ပဏီ ကို ဆက်သွယ်မေးမြန်းရာ မြတ်ဝင်းသိန်း(၁) ငါးကဲ့လှေမှာ ၎င်းတို့ကုမ္ပဏီပိုင်လှေဖြစ် သည်ကို အတည်ပြုပြီး အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်မှ မရသေးဟု ယင်းကုမ္ပဏီမှ တာဝန်ရှိ သူ တစ်ဦးက ဖြေကြားသည်။

ငါးကဲ့စက်လှေပေါ်တွင်ပါသည့် မြန်မာအလုပ်သမားများသည်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ အလုပ်သမားများ ဖြစ်ကြသည်ဟုသာ သိရပြီး မည်သည့်မြို့နယ်က ဒေသခံများဖြစ်ကြသည်ကို အတိအကျ မသိ ရှိသေးကြောင်း လက်ရှိတွင် ယင်းသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မိတ်သဟာယ နာရေး ကူညီမှု အသင်းမှ ကူညီဆောင်ပေးလျက်ရှိသည်။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment