Wednesday 9 October 2013

လက်ဗွေဖတ်စနစ်ပါဝင်သည့် HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

Photo: လက်ဗွေဖတ်စနစ်ပါဝင်သည့် HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် 
Wednesday, October 9, 2013 

အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများအရ ၅.၉ လက်မအရွယ် HTC One Max တွင် လက်ဗွေဖတ်စနစ် (fingerprint scanner) ပါဝင်လာပြီး ၎င်းကို အောက်တိုဘာလ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။ - 

ဇူလိုင်လကတည်းက ကောလာဟလ သတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် HTC One Max သည် သတင်းဖော်ပြပါ ၄.၇ လက်မ HTC One ၏ဒီဇိုင်းနှင့် တူညီပြီး ၎င်းကို စက်တင်ဘာလတွင် မိတ်ဆက်ရန် မူလက သတ်မှတ် ခဲ့သော် လည်း ပွဲထုတ်မိတ်ဆက်မည့် အစီအစဉ်ကို အောက်တိုဘာ လသို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း HTC One Max အား မိတ်ဆက်မည့်နေ့ကို Phone Arena နှင့် WSJ ၏ ရင်းမြစ်နှစ်ခုက အတည်ပြုခဲ့သည်။ ယခင်က ထွက်ပေါ်ခဲ့သည့် သတင်းများအရ HTC One Max တွင် ၅.၇ လက်မ Galaxy Note 3 ထက် အရွယ်ကြီးမားသည့် 1080p display ပါဝင်ပြီး ဘက်ထရီမှာ 3,300 mAh ဖြစ်ကြောင်း သိရသည်။ 

အသုံးပြုထားသည့် ပရိုဆက်ဆာနှင့် ပတ်သက်၍ သတင်းဖော်ပြမှုများ ကွဲပြားနေပြီး အချို့က 2.3GHz Snapdragon 800 ကို အသုံးပြုထား သည်ဟု ဖော်ပြထားသလို အချို့ကလည်း HTC One တွင် အသုံးပြုထား သည့် 1.7GHz 600 ကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။ ကိုယ်ထည်တည်ဆောက်ပုံမှာ ကျစ်လစ်မာကျောသည့် HTC One ကဲ့သို့ မဟုတ်ဘဲ ဈေးသက်သာသည့် အလူမီနီယံနှင့် ပလတ်စတစ် ဒီဇိုင်းဖြင့် တည်ဆောက်ထားသောကြောင့် HTC One Max မှာ ယခုနှစ် အစောပိုင်းက မိတ်ဆက်ကြေညာပေးခဲ့သည့် One mini နှင့် ပိုမိုဆင်တူကြောင်း သိရသည်။ 

နောင်နောင် 
Internet Journal
အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများအရ ၅.၉ လက်မအရွယ် HTC One Max တွင် လက်ဗွေ ဖတ်စနစ် (fingerprint scanner) ပါဝင်လာပြီး ၎င်းကို အောက်တိုဘာလ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။
ဇူလိုင်လကတည်းက ကောလာဟလ သတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် HTC One Max သည် သတင်းဖော်ပြပါ ၄.၇ လက်မ HTC One ၏ဒီဇိုင်းနှင့် တူညီပြီး ၎င်းကို စက်တင်ဘာလတွင် မိတ်ဆက်ရန် မူလက သတ်မှတ် ခဲ့သော်လည်း ပွဲထုတ်မိတ်ဆက်မည့် အစီအစဉ်ကို အောက်တိုဘာ လသို့ ရွှေ့ ဆိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း HTC One Max အား မိတ်ဆက်မည့်နေ့ကို Phone Arena နှင့် WSJ ၏ ရင်းမြစ်နှစ်ခုက အတည်ပြုခဲ့သည်။ ယခင်က ထွက်ပေါ်ခဲ့သည့် သတင်းများအရ HTC One Max တွင် ၅.၇ လက်မ Galaxy Note 3 ထက် အရွယ်ကြီးမားသည့် 1080p display ပါဝင်ပြီး ဘက်ထရီမှာ 3,300 mAh ဖြစ်ကြောင်း သိရသည်။

အသုံးပြုထားသည့် ပရိုဆက်ဆာနှင့် ပတ်သက်၍ သတင်းဖော်ပြမှုများ ကွဲပြားနေပြီး အချို့က 2.3GHz Snapdragon 800 ကို အသုံးပြုထား သည်ဟု ဖော်ပြထားသလို အချို့ကလည်း HTC One တွင် အသုံးပြုထား သည့် 1.7GHz 600 ကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။ ကိုယ်ထည်တည်ဆောက် ပုံမှာ ကျစ်လစ်မာကျောသည့် HTC One ကဲ့သို့ မဟုတ်ဘဲ ဈေးသက်သာသည့် အလူမီနီယံနှင့် ပလတ်စတစ် ဒီဇိုင်းဖြင့် တည်ဆောက်ထားသောကြောင့် HTC One Max မှာ ယခုနှစ် အစောပိုင်းက မိတ်ဆက်ကြေညာပေးခဲ့သည့် One mini နှင့် ပိုမိုဆင်တူကြောင်း သိရသည်။

နောင်နောင်
Internet Journal

No comments:

Post a Comment