Wednesday 9 October 2013

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမည်

Photo: ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမည်
Wednesday, October 9, 2013

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
...
အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သနပ်ပင် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးမေးမြန်းသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာနှင့် သတ်မှတ်နှုန်းထားအတိုင်းဖြစ်အောင် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်ကျော်ဝင်းက "၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ အဆင်သင့်ဖြစ်အောင် ဒါတွေအားလုံး ထုတ်ပေးဖို့ အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က လူတွေက မွေးလာတယ်။ ကြီးလာတယ်။ အသက်ပြည့်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တောက်လျှောက်လုပ်ပေးနေတာ ရှိပါတယ်။ အတတ်နိုင်ဆုံး အပြည့်အ၀ဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်လျက် ရှိပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ လာမယ့်ရွေးကောက်ပွဲ အတွက်ကို အတတ်နိုင်ဆုံး အပြည့်အ၀ ရရှိအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားဖြေကြား အပ်ပါတယ်" ဟု ပြောကြားသည်။

မိုးပွင့်စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားခြင်းအတွက် လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံစွာ ရှိပါက အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားလျှောက်ထားခြင်းအတွက် နိုင်ငံတော်မှ သတ်မှတ်သည့် အခနှုန်းထားအတိုင်း အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လျှောက်ထားခြင်းအတွက် ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်လျှောက်ထားခြင်းအတွက် ၃ ကျပ်၊ ပျောက်ဆုံး၊ ပျက်စီး မိတ္တူလျှောက်ထားခြင်းအတွက် ၁၀ ကျပ်သာ ကောက်ခံပြီး ၂၈ ရက်အတွင်း အပြီးဆောင်ရွက်ပေးရန်ရှိကြောင်း ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုးပွင့်စီမံချက် အဆင့် ၁ မှ အဆင့် ၅ အထိ ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်း လုပ်ငန်းပေါင်း ၄၈၆၇၀၇ ခုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း ၃၄၃၁၈၂၃ ခုရှိကြောင်း သိရသည်။

Eleven Media Group
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သနပ်ပင် မဲဆန္ဒ နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးမေးမြန်းသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်း ပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာနှင့် သတ်မှတ်နှုန်းထား အတိုင်းဖြစ်အောင် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ပြန် လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်ကျော်ဝင်းက "၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ အဆင်သင့်ဖြစ်အောင် ဒါတွေအားလုံး ထုတ်ပေးဖို့ အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က လူတွေက မွေးလာတယ်။ ကြီးလာတယ်။ အသက်ပြည့်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တောက်လျှောက်လုပ်ပေးနေတာ ရှိပါတယ်။ အတတ်နိုင်ဆုံး အပြည့်အ၀ဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်လျက် ရှိပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ လာမယ့်ရွေးကောက်ပွဲ အတွက်ကို အတတ်နိုင်ဆုံး အပြည့်အ၀ ရရှိအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားဖြေကြား အပ်ပါတယ်" ဟု ပြောကြားသည်။

မိုးပွင့်စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားခြင်းအတွက် လိုအပ်သော အထောက် အထားများ မှန်ကန်ပြည့်စုံစွာ ရှိပါက အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားလျှောက် ထားခြင်းအတွက် နိုင်ငံတော်မှ သတ်မှတ်သည့် အခနှုန်းထားအတိုင်း အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လျှောက်ထားခြင်းအတွက် ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်လျှောက်ထားခြင်းအတွက် ၃ ကျပ်၊ ပျောက်ဆုံး၊ ပျက်စီး မိတ္တူလျှောက်ထားခြင်းအတွက် ၁၀ ကျပ်သာ ကောက်ခံပြီး ၂၈ ရက်အတွင်း အပြီးဆောင်ရွက်ပေးရန်ရှိကြောင်း ဦးကျော်ကျော်ဝင်း က ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုးပွင့်စီမံချက် အဆင့် ၁ မှ အဆင့် ၅ အထိ ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်း လုပ်ငန်းပေါင်း ၄၈၆၇၀၇ ခုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း ၃၄၃၁၈၂၃ ခုရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment