Wednesday 9 October 2013

ရူပဗေဒနိုဘယ်လ်ဆုကို ဗြိတိန်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတွေရရှိ

Photo: ရူပဗေဒနိုဘယ်လ်ဆုကို ဗြိတိန်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတွေရရှိ
Wednesday, October 9, 2013 

၂၀၁၃ ခုနှစ်အတွက် ရူပဗေဒနိုဘယ်လ်ဆုကို ဗြိတိန်နိုင်ငံသား Peter Higgs နဲ့ ဘယ်လ်ဂျီယံနိုင်ငံသား Francois Englert တို့နှစ်ဦး ရရှိသွားပါတယ်။

အဲဒီ ပညာရှင်နှစ်ဦးဟာ စင်္ကြာဝဠာဖြစ်တည်မှုကို အစပျိုးပေးခဲ့တဲ့ အမှုန် particle တည်ရှိမှုကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အဲဒီ အမှုန်တည်ရှိမှုကို ၁၉၆၀ ပြည့်နှစ်ကတည်းက ဖော်ထုတ်နိုင်ခဲ့ပြီး ဒီလိုဖော်ထုတ်ရာမှာ ပညာရှင် Peter Higgs ပါဝင်တဲ့အတွက် (Higgs boson particle) Higgs အမှုန်လို့ ခေါ်ကြပါတယ်။

အဲ့ဒီအမှုန်ဟာ စင်္ကြာဝဠာ ဖြစ်တည်မှုကို အစပျိုးပေးတဲ့ အမှုန်ဖြစ်တဲ့အတွက် ဖန်ဆင်းရှင်အမှုန် God Particle အဖြစ်လည်း ခေါ်ဝေါ်ကြပါတယ်။

ဖန်ဆင်းရှင်အမှုန် တည်ရှိမှုကို ပညာရှင်တချို့ တစ်ချိန်တည်းမှာ သီးသန့်တွေ့ရှိခဲ့တဲ့အတွက် ဘယ်သူ့ကို နိုဘယ်လ်ဆုပေးမလဲဆိုတာ မသိကြပေမယ့် လူအများစုက Peter Higgs ကို ဂုဏ်ပြုဖို့ ဆန္ဒရှိနေကြပြီးနောက် Peter Higgs နဲ့အတူ မှတ်တမ်းပြုစုခဲ့သူ Francois Englert ကို ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ Francois Englert ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်သွားပြီလို့လည်း သိရပါတယ်။

ဒီရက်ပိုင်းမှာ စာပေဆိုင်ရာ နိုဘယ်လ်ဆုကိုလည်း ချီးမြင့်ဖို့ရှိပြီး ဂျပန်နိုင်ငံ Haruki Murakami ရရှိနိုင်တယ်လို့ တစ်ပေးခံနေရပါတယ်။ Haruki Murakami ဟာ Norwegian Wood နဲ့ 1Q84 လို စာအုပ်တွေရေးသား ခဲ့တာဖြစ်ပြီး သူ့စာအုပ်တွေ ရောင်းအားကောင်းခဲ့သလို ဘာသာစကားပေါင်း ၄၀ နဲ့ ဘာသာပြန်ထားတဲ့ စာပေတွေရေးသားတဲ့အတွက်လည်း တစ်ပေးခံနေရတာ ဖြစ်ပါတယ်။

ABC Radio Australia

ရူပဗေဒနိုဘယ်လ်ဆုရရှိသွားတဲ့ Francois Englert နဲ့ Peter Higgs (Credit: AFP)
ရူပဗေဒနိုဘယ်လ်ဆုရရှိသွားတဲ့ Francois Englert နဲ့ Peter Higgs (Credit: AFP)
၂၀၁၃ ခုနှစ်အတွက် ရူပဗေဒနိုဘယ်လ်ဆုကို ဗြိတိန်နိုင်ငံသား Peter Higgs နဲ့ ဘယ်လ်ဂျီယံနိုင်ငံသား Francois Englert တို့နှစ်ဦး ရရှိသွားပါတယ်။
အဲဒီ ပညာရှင်နှစ်ဦးဟာ စင်္ကြာဝဠာဖြစ်တည်မှုကို အစပျိုးပေးခဲ့တဲ့ အမှုန် particle တည်ရှိမှုကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့် ခံရတာ ဖြစ်ပါတယ်။

အဲဒီ အမှုန်တည်ရှိမှုကို ၁၉၆၀ ပြည့်နှစ်ကတည်းက ဖော်ထုတ်နိုင်ခဲ့ပြီး ဒီလိုဖော်ထုတ်ရာမှာ ပညာရှင် Peter Higgs ပါဝင်တဲ့အတွက် (Higgs boson particle) Higgs အမှုန်လို့ ခေါ်ကြပါတယ်။

အဲ့ဒီအမှုန်ဟာ စင်္ကြာဝဠာ ဖြစ်တည်မှုကို အစပျိုးပေးတဲ့ အမှုန်ဖြစ်တဲ့အတွက် ဖန်ဆင်းရှင်အမှုန် God Particle အဖြစ် လည်း ခေါ်ဝေါ် ကြ ပါတယ်။

ဖန်ဆင်းရှင်အမှုန် တည်ရှိမှုကို ပညာရှင်တချို့ တစ်ချိန်တည်းမှာ သီးသန့်တွေ့ရှိခဲ့တဲ့အတွက် ဘယ်သူ့ကို နိုဘယ်လ်ဆုပေးမလဲ ဆိုတာ မသိကြပေမယ့် လူအများစုက Peter Higgs ကို ဂုဏ်ပြုဖို့ ဆန္ဒရှိနေကြပြီးနောက် Peter Higgs နဲ့အတူ မှတ်တမ်းပြုစုခဲ့သူ Francois Englert ကို ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ Francois Englert ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်သွားပြီလို့လည်း သိရပါတယ်။

ဒီရက်ပိုင်းမှာ စာပေဆိုင်ရာ နိုဘယ်လ်ဆုကိုလည်း ချီးမြင့်ဖို့ရှိပြီး ဂျပန်နိုင်ငံ Haruki Murakami ရရှိနိုင်တယ်လို့ တစ်ပေးခံနေရ ပါတယ်။ Haruki Murakami ဟာ Norwegian Wood နဲ့ 1Q84 လို စာအုပ်တွေရေးသား ခဲ့တာဖြစ်ပြီး သူ့စာအုပ်တွေ ရောင်း အားကောင်းခဲ့သလို ဘာသာစကားပေါင်း ၄၀ နဲ့ ဘာသာပြန်ထားတဲ့ စာပေတွေရေးသားတဲ့အတွက်လည်း တစ်ပေးခံနေရ တာ ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment